HomeTechဂျာမနီမှာရောင်းချဖို့ ပိတ်ပင်လိုက်တဲ့ ကမ္ဘာကျော် ဖုန်းကုမ္ပဏီကြီး (၂) ခု။

ဂျာမနီမှာရောင်းချဖို့ ပိတ်ပင်လိုက်တဲ့ ကမ္ဘာကျော် ဖုန်းကုမ္ပဏီကြီး (၂) ခု။

- Advertisement -

ဖင်လန်တယ်လီကွန်း Supplier တစ်ခုဖြစ်တဲ့ Nokia နဲ့ မူပိုင်ခွင့်အမှုဖြစ်ပြီးနောက်မှာတော့ ဂျာမနီနိုင်ငံအတွင်း OPPO နဲ့ OnePlus ဖုန်းရောင်းချခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဖုန်းအမှတ်တံဆိပ် ၂ ခုလုံးကလည်း ဂျာမနီမှာ ဖုန်းရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း 9to5Google သတင်းက ဖော်ပြခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာရှိတဲ့ OPPO နဲ့ OnePlus တို့ရဲ့ ဂျာမနီဝက်ဘ်ဆိုက်တွေမှာလည်း ဖုန်းသစ်ဝယ်မရတော့ဘဲ အရောင်းအားလုံးကို ရုပ်သိမ်းထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ပထမလဝက်ကစပြီး တရုတ်ဖုန်းထုတ်လုပ်တဲ့ OPPO နဲ့ Nokia တို့အကြား ဖြစ်ပွားခဲ့တဲ့အမှုကိစ္စ ပြီးဆုံးခဲ့ပါတယ်။ 5G နည်းပညာ အစိတ်အပိုင်းတွေနဲ့ အခြားဆက်သွယ်ရေးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ Nokia နဲ့ OPPO ၊ OnePlus တို့အမှုမှာ စမတ်ဖုန်းကုမ္ပဏီနှစ်ခုအနေနဲ့ ၎င်းတို့ရဲ့ဖုန်းမှာ အသုံးပြုနေတဲ့ 5G နည်းပညာအတွက် Nokia ကို သင့်တော်တဲ့ နည်းပညာမူပိုင်ကြေးမပေးဘဲ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

မူပိုင်ကြေးမပေးဘဲ နည်းပညာသုံးစွဲနေတဲ့အတွက် Nokia ဟာ တရားရုံးမှာ အမှုမှန်မပေါ်ပေါက်မချင်း ဈေးကွက်အတွင်း ဖုန်းရောင်းချခွင့် ဟန့်တားပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဂျာမန်တရားရုံးဟာ Nokia ရဲ့ လျှောက်ထားချက်အတိုင်း စိစစ်ခဲ့ပြီး ဖုန်းရောင်းချမှုပိတ်ပင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ထွက်လာပြီးနောက်မှာ OPPO အနေနဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး ရောင်းနေတဲ့ဖုန်းတွေ ဈေးကွက်ထဲကနေ အပိတ်မခံရအောင် ကြိုးစားခဲ့ပေမယ့်လည်း ဂျာမနီတရားရုံးက ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

- Advertisement -

Nokia ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ကို အိန္ဒိယ ၊ ပြင်သစ် ၊ ဂျာမနီနဲ့ ယူကေ အစရှိတဲ့ အာရှနဲ့ ဥရောပ (၄) နိုင်ငံမှာ နည်းပညာမူပိုင်ခွင့်မှုချိုးဖောက်မှုတွေနဲ့ Nokia က တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။ တင်ထားတဲ့ စွဲချက်တွေထဲမှာ User Interface နဲ့ Security Features တွေလိုမျိုး စံမရှိမဖြစ်မူပိုင်နည်းပညာ SEPs နဲ့ Non-SEPs တွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ သတင်းအရ ဂျာမနီတစ်နိုင်ငံတည်းမှာ OPPO ကို တရားစွဲမှုပေါင်း ၂၃ ခု လုပ်ထားတယ်လို့ Nokiamob သတင်းက ဆိုပါတယ်။

- Advertisement -

Nokia ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ OPPO ဟာ စာချုပ်ကို အသစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ပေမယ့် ဒီမူပိုင်ခွင့်တွေကို ဆက်လက်သုံးစွဲနေတာကြောင့် ဥပဒေအရ ရင်ဆိုင်ဖို့ ဖြစ်လာတယ်ဆိုပြီး ဖော်ပြထားပါတယ်။ FOSS Patents ရဲ့ အစီရင်ခံစာအရ Nokia ဟာ Lenovo နဲ့ Daimler တို့နဲ့အမှုမှာ အနိုင်ရအောင် လုပ်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကိုပဲ OPPO နဲ့အမှုမှာ ပြန်သုံးသွားမယ်လို့ ဆိုပါတယ်။

Nokia အနေနဲ့ OnePlus နဲ့ OPPO ဈေးကွက်ဝင်ရောက်ရာ ဥရောပနိုင်ငံတွေမှာလည်း အမှုရင်ဆိုင်သွားမယ်လို့ ယူဆရပါတယ်။ ဥရောပဈေးကွက်တွေမှာသာ အခုလို OPPO နဲ့ OnePlus ဖုန်းရောင်းချမှု ပိတ်ခံရမယ်ဆိုရင် ဈေးကွက်အထိနာဖို့ ရှိနေပါတယ်။ ဂျာမနီအမှုမှာတော့ နိုင်ငံအတွင်း တရားဝင်ဖုန်းရောင်းချခွင့်ရဖို့ OnePlus နဲ့ OPPO တို့ဟာ Nokia ကို မူပိုင်ခွင့်အသုံးပြုကြေး ဖုန်းတစ်လုံးကို ၂.၅၀ ယူရိုနှုန်း ပေးရဖို့လည်း ရှိပါတယ်။

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

18 − 17 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...