HomeSportကွင်းအတွင်းမှာသာမက ကွင်းပြင်ပမှာပါ တဟုန်ထိုးအောင်မြင်မှုတွေ ရရှိနေတဲ့ တောင်ကိုရီးယားကြယ်ပွင့်။

ကွင်းအတွင်းမှာသာမက ကွင်းပြင်ပမှာပါ တဟုန်ထိုးအောင်မြင်မှုတွေ ရရှိနေတဲ့ တောင်ကိုရီးယားကြယ်ပွင့်။

- Advertisement -

တော့တင်ဟမ်ဟော့စပါးရဲ့ ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်ကတော့ ကွင်းတွင်းအောင်မြင်မှုတွေအပြင် ကွင်းပြင်ပမှာလည်း အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စပါးအတွက် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်တယောက် အခုအချိန်မှာတော့ နာမည်ကျော် အမှတ်တံဆိပ်တခုဖြစ်တဲ့ Calvin Klein ရဲ့ ကုန်အမှတ်တံဆိပ်သံတမန် ဖြစ်လာခဲ့ပါတယ်။

ဒီမတိုင်ခင်ကလည်း ဆွန်ဟောင်မင်ဟာ ဗြိတိန်နာမည်ကျော် အဝတ်အစားအမှတ်တံဆိပ် Burberry ရဲ့ သံတမန်အဖြစ် ပူးပေါင်းခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ နောက်ထပ်နာမည်ကျော်အမှတ်တံဆိပ်တခုနဲ့ လက်တွဲတာဖြစ်ပြီး ဆွန်ဟောင်မင်ကို မော်ဒယ်လ်တဦးအလား ထင်မှတ်မှားနေခဲ့ရပြီး တောင်ကိုရီးယားကြယ်ပွင့်ဟာ ကွင်းပြင်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

“Calvin Klein underwear ရဲ့ ကာလရှည်ပရိသတ်တဦးအဖြစ်နဲ့ ကျနော်ရှိနေခဲ့တာပါ၊ တောင်ကိုရီးယားက အမှတ်တံဆိပ်သံတမန်တဦးအဖြစ်နဲ့ ပူးပေါင်းခွင့်ရပြီး သူတို့နဲ့အတူရှိခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ CK အတွင်းခံတွေက ကျနော့်ရဲ့ နေ့စဉ်ဘဝမှာ အတူရှိနေတာဖြစ်ပြီး ဒီအမှတ်တံဆိပ်နဲ့ လက်တွဲမှုက အရမ်းသဘာဝကျတယ်လို့ ထင်ပါတယ်”

- Advertisement -

“ကမ္ဘာတဝှမ်းက လူပေါင်းများစွာလိုပါပဲ၊ ဒီအမှတ်တံဆိပ်ရဲ့ အထင်ကရလှုပ်ရှားမှုတွေက လှုံ့ဆော်မှုကို ရရှိခဲ့ပါတယ်” လို့ ဆွန်ဟောင်မင်က ဆိုပါတယ်။ CK ရဲ့ ပြောဆိုချက်အရ ဆွန်ဟောင်မင်ဟာ Embossed Icon Collection နဲ့ Modern Cotton collection နှစ်ခုစလုံးအတွက်လည်း မော်ဒယ်လ်လုပ်သွားမယ်လို့သိရပြီး တောင်ကိုရီးယားသားကို ဆွဲဆောင်မှုအပြည့်ရှိတဲ့ပုံစံတွေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

- Advertisement -

ဆွန်ဟောင်မင်ဟာ ရွှေဖိနပ်ဆုရအပြီး တောင်ကိုရီးယားမှာ ပရိသတ်တခဲနက် တိုးပွားလာခဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့အဖွဲ့တွေနဲ့အပြိုင် ဆွန်ဟောင်မင်က ကျော်ကြားလာခဲ့ပြီး လက်ရှိမှာ ကလေးကစပြီး အဖိုး၊ အဖွားအရွယ်တွေအထိ ဆွန်ဟောင်မင်ရဲ့ စပါးအသင်းပွဲစဉ်တွေကို စိတ်ဝင်တစား ကြည့်ရှုနေကြပြီလည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...