HomeBanking & Financeငွေရေးကြေးရေးအခက်အခဲမရှိစေဖို့ လုပ်ဆောင်သင့်တဲ့အချက်များ။
ငွေရေးကြေးရေးအခက်အခဲမရှိစေဖို့ လုပ်ဆောင်သင့်တဲ့အချက်များ။
- Advertisement -
အသက်ငယ်ရွယ်တုန်းမှာ ငွေကြေးစီမံခန့်ခွဲတတ်ဖို့က အရမ်းကိုအရေးကြီးပြီး ဒါက နောင်အသက်ကြီးလာတဲ့အချိန် ငွေကြေးအခက်အခဲမဖြစ်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ လူအများစုဟာ ငွေကြေးစီမံခန့််ခွဲမှုအားနည်းတာကြောင့် ငွေကြေးပြသနာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အချိန်တိုင်း ငွေရေးကြေးရေးအခက်အခဲမရှိစေဖို့ ကူညီပေးနိုင်မယ့်နည်းလမ်းတွေကို Soshwe စာဖတ်ပရိသတ်အတွက် ရေးသားဖော်ပြလိုက်ပါတယ်။
၁။ အရေးပေါ်ငွေကြေး စုဆောင်းထားပါ။
ဖြစ်နိုင်မယ်ဆိုရင် သင်ရဲ့ဝင်ငွေထဲကနေ နည်းနည်းစီချွေတာပြီး အရေးပေါ်ငွေကြေး စုဆောင်းထားပါ။ အနာဂတ်မှာ ဘယ်လိုကိစ္စတွေဖြစ်လာမလဲဆိုတာ မသိနိုင်တာဖြစ်လို့ ဒီအရေးပေါ်ငွေက ငွေကြေးအခက်အခဲဖြစ်နေချိန်မှာ သင့်အတွက် အထောက်အကူဖြစ်လာနိုင်ပါတယ်။
- Advertisement -
၂။ ဘောနပ်စ်တွေကို မသုံးပစ်ပါနဲ့။
- Advertisement -
ဘောနပ်စ်တွေ ဒါမှမဟုတ် တစ်ခုခုကနေ အမြတ်အစွန်းတွေရတဲ့အခါတိုင်း ဒီငွေတွေကို လွယ်လွယ်မသုံးပစ်ပါနဲ့။ ဒါတွေကို စုဆောင်းထားပြီး နောင်တချိန်မှာ ငွေကြေးကိစ္စ မပူပန်ရစေဖို့ ထိန်းသိမ်းထားပါ။
၃။ ရင်းနှီးမြုပ်နှံပါ။
စုဆောင်းထားတဲ့ ငွေကြေးအမြောက်အမြားရှိတဲ့အခါ ရင်းနှီးမြုပ်နှံမှုက သေချာတဲ့ငွေကြေး တိုးပွားနည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ရင်းနှီးမြုပ်နှံမယ့် အလုပ်အကြောင်းကို သေချာနားလည်အောင်လုပ်ဆောင်ပြီး သေချာမှရင်းနှီးမြုပ်နှံဖို့ လိုအပ်ပါတယ်။
၄။ ဝင်ငွေရဲ့ ၃၀% ကိုစုဆောင်းပါ။
သင့်လစဉ်ဝင်ငွေရဲ့ ၃၀% ခန့်ကို ပုံမှန်စုဆောင်းတတ်တဲ့အကျင့် မွေးမြူပါ။ ဒါဟာ ငွေစုရခက်သူတွေအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်သလို ငွေကြေးပြသနာတွေကိုလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
<Unicode Version>
- Advertisement -
၃။ ရင်းနှီးမြုပ်နှံပါ။
<Zawgyi Version>
#soshwe
#soshwebankingandfinance
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
ten + fourteen =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...