HomeTechစမတ်ဖုန်းအသုံးပြုတာကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းများ။

စမတ်ဖုန်းအသုံးပြုတာကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းများ။

- Advertisement -

လေ့လာမှုတွေအရ ကျွန်တော်တို့တွေဟာ ပျမ်းမျှ တစ်ရက်ကို အကြိမ်ပေါင်း ၈၀ ကနေ ၁၅၀ လောက်အထိ ဖုန်းဖွင့်ကြည့်နေမိတတ်တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းတွေဟာ ဒီနေ့ခေတ်ရဲ့ အသုံးအများဆုံး လူသုံးကုန်ပစ္စည်းဆိုတာ ငြင်းစရာမရှိပါဘူး။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝလုပ်ငန်းတွေ အတော်များများကို လုပ်နိုင်တယ်ဆိုပေမယ့် ဖုန်းစွဲလန်းမှုဖြစ်တာကတော့ ဘဝရဲ့ဟန်ချက်ညီတဲ့စည်းမျဉ်းတွေ ပျက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

စမတ်ဖုန်း အသုံးလွန်ကဲတာဟာ လူမှုဘဝရော ကိုယ်စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်လို့ အခုပြောမယ့်နည်းလမ်းလေးတွေက ဖုန်းစွဲလန်းမှုကို လျှော့ချပေးပါတယ်။

 

- Advertisement -

(၁) ဖုန်းအသုံးပြုမှုကို ပြန်လည်ဆန်းစစ်ပါ။

- Advertisement -

အခုနောက်ပိုင်း ဖုန်းတွေမှာ ဘယ်လောက်ကြာအောင် ဖုန်းသုံးနေမိပြီလဲဆိုတာကို ခြေရာခံနိုင်တဲ့ Tracking စနစ် ပါလာပါတယ်။ ကိုယ့်ရဲ့ Screen Time ဘယ်လောက်ရှိသလဲဆိုတာကို ဖုန်း Settings တွေထဲကနေ သွားကြည့်နိုင်ပါတယ်။ ဘယ် App တွေကို အများဆုံး သုံးနေမိပြီလဲဆိုတာပါ ကြည့်ရှုလို့ရတာကြောင့် မိမိကို ဖုန်းပိုသုံးဖြစ်အောင် တွန်းပို့နေတဲ့ App တွေကို သိပ်မသုံးမိအောင် သတိထားနိုင်မှာဖြစ်ပါတယ်။

 

(၂) ဖုန်းမသုံးဖို့ အချိန်သီးသန့်ထားပါ။

မိမိဖုန်းမှာ Do Not Disturb ဖွင့်ထားဖို့ အချိန်တစ်ခု သတ်မှတ်ထားပေးပါ။ အဲ့ဒီအချိန်ဟာ တစ်နာရီလည်း ဖြစ်ချင်ဖြစ်မယ် နှစ်နာရီလည်း ဖြစ်ချင်ဖြစ်ပါမယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းကို လက်ကမချတမ်း မသုံးမိအောင် အကျင့်လုပ်ပေးဖို့ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက အခုနောက်ပိုင်းထွက် Android နဲ့ iOS ထုတ်ကုန်တွေမှာ ဖုန်းကိုအချိန်တစ်ခု သတ်မှတ်ပြီး သုံးမရအောင် Limit ပေးထားနိုင်တဲ့ Digital wellbeing features တွေ ပါရှိလာပါတယ်။ အဆိုပါ feature တွေ အသုံးပြုပြီးတော့ ဖုန်းစွဲလန်းမှုကို လျှော့ချနိုင်ပါတယ်။

 

(၃) နှစ်သက်တဲ့ ဝါသနာတစ်ခုခု လုပ်ဆောင်နေပါ။

ဝါသနာကောင်းတစ်ခုရှိတာကလည်း စမတ်ဖုန်းစွဲလန်းခြင်းကို အဖြစ်နည်းစေပါတယ်။ စာဖတ်တာ ၊ ဂစ်တာတီးတာ ၊ ခွေးကလေးနဲ့လမ်းလျှောက်တာ ၊ အားကစားလုပ်တာ အစရှိတဲ့ ဝါသနာတွေက စမတ်ဖုန်းသုံးစွဲမှုကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့ဝါသနာက Screen Time Zero ဖြစ်တဲ့ ဝါသနာဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

 

- Advertisement -

(၄) ဖုန်းကို Grayscale ထားပါ။

လေ့လာမှုတွေအရ တောက်ပတဲ့အရောင်တွေဟာ လူတွေရဲ့ခံစားချက်ကို နှိုးဆွနိုင်တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းမှာလည်း UI ကို အဖြူအမည်းထားထားရင် ဖုန်း Noti နဲ့ App တွေ ဝင်ကြည့်ချင်တဲ့စိတ် လျော့ပါးလာတယ်လို့ သိရပါတယ်။ တချို့ဖုန်းတွေမှာ ဖုန်းကို အရောင်တွေ ဖျောက်နိုင်မယ့် Grayscale ကို အချိန်တစ်ခုခု Auto setup ထားနိုင်ပါတယ်။ Reading Mode တို့မှာလည်း Monochrome effects တွေ ပါတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Sleeping Mode ထားနိုင်ပါတယ်။

 

(၅) အရေးမကြီးတဲ့ App က Noti တွေကို ပိတ်ထားပါ။

ဖုန်းထဲမှာရှိတဲ့ App တွေရဲ့ Noti တွေကြောင့်လည်း မရည်ရွယ်ဘဲ ဖုန်းသုံးဖြစ်သွားတတ်ပါတယ်။ App တိုင်းမှာ Noti တွေ On ထားတာမျိုး မလုပ်ပါနဲ့။ မသိမဖြစ်သိရမယ့် App တွေရဲ့ Noti မက်ဆေ့တွေပဲ ဖွင့်ထားပြီး အသံကိုလည်း Silent လုပ်ထားသင့်ပါတယ်။

<Unicode Version>

 

 

စမတ္ဖုန္းအသုံးျပဳတာကို ေလွ်ာ႕ခ်ေပးႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား။

ေလ့လာမႈေတြအရ ကြၽန္ေတာ္တို႔ေတြဟာ ပ်မ္းမွ် တစ္ရက္ကို အႀကိမ္ေပါင္း ၈၀ ကေန ၁၅၀ ေလာက္အထိ ဖုန္းဖြင့္ၾကည့္ေနမိတတ္တယ္လို႔ ဆိုပါတယ္။ စမတ္ဖုန္းေတြဟာ ဒီေန႔ေခတ္ရဲ႕ အသုံးအမ်ားဆုံး လူသုံးကုန္ပစၥည္းဆိုတာ ျငင္းစရာမရွိပါဘူး။ စမတ္ဖုန္းတစ္လုံးရွိ႐ုံနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝလုပ္ငန္းေတြ အေတာ္မ်ားမ်ားကို လုပ္ႏိုင္တယ္ဆိုေပမယ့္ ဖုန္းစြဲလန္းမႈျဖစ္တာကေတာ့ ဘဝရဲ႕ဟန္ခ်က္ညီတ့ဲစည္းမ်ဥ္းေတြ ပ်က္သြားတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

စမတ္ဖုန္း အသုံးလြန္ကဲတာဟာ လူမႈဘဝေရာ ကိုယ္စိတ္က်န္းမာေရးကိုပါ ထိခိုက္ႏိုင္လို႔ အခုေျပာမယ့္နည္းလမ္းေလးေတြက ဖုန္းစြဲလန္းမႈကို ေလွ်ာ့ခ်ေပးပါတယ္။

 

(၁) ဖုန္းအသုံးျပဳမႈကို ျပန္လည္ဆန္းစစ္ပါ။

အခုေနာက္ပိုင္း ဖုန္းေတြမွာ ဘယ္ေလာက္ၾကာေအာင္ ဖုန္းသုံးေနမိၿပီလဲဆိုတာကို ေျခရာခံႏိုင္တဲ့ Tracking စနစ္ ပါလာပါတယ္။ ကိုယ့္ရဲ႕ Screen Time ဘယ္ေလာက္ရွိသလဲဆိုတာကို ဖုန္း Settings ေတြထဲကေန သြားၾကည့္ႏိုင္ပါတယ္။ ဘယ္ App ေတြကို အမ်ားဆုံး သုံးေနမိၿပီလဲဆိုတာပါ ၾကည့္ရႈလို႕ရတာေၾကာင့္ မိမိကို ဖုန္းပိုသုံးျဖစ္ေအာင္ တြန္းပို႕ေနတ့ဲ App ေတြကို သိပ္မသုံးမိေအာင္ သတိထားႏိုင္မွာျဖစ္ပါတယ္။

 

(၂) ဖုန္းမသုံးဖို႔ အခ်ိန္သီးသန္႕ထားပါ။

မိမိဖုန္းမွာ Do Not Disturb ဖြင့္ထားဖို႔ အခ်ိန္တစ္ခု သတ္မွတ္ထားေပးပါ။ အဲ့ဒီအခ်ိန္ဟာ တစ္နာရီလည္း ျဖစ္ခ်င္ျဖစ္မယ္ ႏွစ္နာရီလည္း ျဖစ္ခ်င္ျဖစ္ပါမယ္။ ဘာပဲျဖစ္ျဖစ္ ဖုန္းကို လက္ကမခ်တမ္း မသုံးမိေအာင္ အက်င့္လုပ္ေပးဖို႔ ျဖစ္ပါတယ္။ သတင္းေကာင္းတစ္ခုက အခုေနာက္ပိုင္းထြက္ Android နဲ႔ iOS ထုတ္ကုန္ေတြမွာ ဖုန္းကိုအခ်ိန္တစ္ခု သတ္မွတ္ၿပီး သုံးမရေအာင္ Limit ေပးထားႏိုင္တဲ့ Digital wellbeing features ေတြ ပါရွိလာပါတယ္။ အဆိုပါ feature ေတြ အသုံးျပဳၿပီးေတာ့ ဖုန္းစြဲလန္းမႈကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

 

(၃) ႏွစ္သက္တဲ့ ဝါသနာတစ္ခုခု လုပ္ေဆာင္ေနပါ။

ဝါသနာေကာင္းတစ္ခုရွိတာကလည္း စမတ္ဖုန္းစြဲလန္းျခင္းကို အျဖစ္နည္းေစပါတယ္။ စာဖတ္တာ ၊ ဂစ္တာတီးတာ ၊ ေခြးကေလးနဲ႔လမ္းေလွ်ာက္တာ ၊ အားကစားလုပ္တာ အစရွိတ့ဲ ဝါသနာေတြက စမတ္ဖုန္းသုံးစြဲမႈကို ေလွ်ာ့ခ်ေပးႏိုင္စြမ္း ရွိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ဝါသနာက Screen Time Zero ျဖစ္တဲ့ ဝါသနာျဖစ္ဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

 

(၄) ဖုန္းကို Grayscale ထားပါ။

ေလ့လာမႈေတြအရ ေတာက္ပတဲ့အေရာင္ေတြဟာ လူေတြရဲ႕ခံစားခ်က္ကို ႏႈိးဆြႏိုင္တယ္လို႔ ဆိုပါတယ္။ စမတ္ဖုန္းမွာလည္း UI ကို အျဖဴအမည္းထားထားရင္ ဖုန္း Noti နဲ႔ App ေတြ ဝင္ၾကည့္ခ်င္တဲ့စိတ္ ေလ်ာ့ပါးလာတယ္လို႕ သိရပါတယ္။ တခ်ိဳ႕ဖုန္းေတြမွာ ဖုန္းကို အေရာင္ေတြ ေဖ်ာက္ႏိုင္မယ့္ Grayscale ကို အခ်ိန္တစ္ခုခု Auto setup ထားႏိုင္ပါတယ္။ Reading Mode တို႔မွာလည္း Monochrome effects ေတြ ပါတတ္ပါတယ္။ ဒါမွမဟုတ္ရင္လည္း Sleeping Mode ထားႏိုင္ပါတယ္။

 

(၅) အေရးမႀကီးတဲ့ App က Noti ေတြကို ပိတ္ထားပါ။

ဖုန္းထဲမွာရွိတ့ဲ App ေတြရဲ႕ Noti ေတြေၾကာင့္လည္း မရည္႐ြယ္ဘဲ ဖုန္းသုံးျဖစ္သြားတတ္ပါတယ္။ App တိုင္းမွာ Noti ေတြ On ထားတာမ်ိဳး မလုပ္ပါနဲ႔။ မသိမျဖစ္သိရမယ့္ App ေတြရဲ႕ Noti မက္ေဆ့ေတြပဲ ဖြင့္ထားၿပီး အသံကိုလည္း Silent လုပ္ထားသင့္ပါတယ္။

<Zawgyi Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − six =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...