HomeSportအနာဂတ်ယူနိုက်တက်နည်းပြနေရာအတွက် စဉ်းစားသင့်တဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး။

အနာဂတ်ယူနိုက်တက်နည်းပြနေရာအတွက် စဉ်းစားသင့်တဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး။

- Advertisement -

နယ်သာလန်ကလပ် ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းဟာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာပဲ နာမည်ကြီး အေဂျက်စ်ကို အနိုင်ယူကာ နယ်သာလန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီအရံအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး အသင်းကြီးနည်းပြအဖြစ် အခုမှ ပထမဆုံးကိုင်တွယ်ဖူးတာ ဖြစ်ပါတယ်။

ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ပီအက်စ်ဗွီက အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဂက်စ်တေးလ်ရဲ့ ဟက်ထရစ်၊ ဂတ်ပို၊ ဇာဗီဆိုင်မွန်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ အေဂျက်စ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အတွက် ဂိုးတွေကိုတော့ ဘာ့ချ်ဝင်း၊ ကူဒက်စ်နဲ့ အန်တိုနီတို့က သွင်းယူပေးခဲ့ပါတယ်။

နစ္စတယ်ရွိုင်းအတွက်ကတော့ တကယ်ကို အဖွင့်လှခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး သူ့အနေနဲ့ ဒီမတိုင်ခင် နယ်သာလန်လက်ရွေးစင်ရဲ့ လက်ထောက်၊ ပီအက်စ်ဗွီအရံအသင်းနည်းပြအဖြစ်သာ ကိုင်တွယ်ခဲ့ဖူးပါတယ်။ တဖက်က အေဂျက်စ်ဘက်ကလည်း နည်းပြသစ်ရှရက်ဒါအတွက် ပထမဆုံးပွဲဦးထွက်မှာ မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။ ရှရက်ဒါဟာ တန်ဟက်ခ် ယူနိုက်တက်ကို ပြောင်းရွှေ့သွားတာကြောင့် အစားထိုးဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်ကစားသမားဟောင်းတယောက်ဖြစ်တဲ့ ရွန်းနီကလည်း လက်ရှိအချိန်မှာ နည်းပြလောကထဲ ကျင်လည်နေပါတယ်။ ရွန်းနီဟာ ဒါဘီကိုကိုင်တွယ်ခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်လျက်ရှိပြီး တနေ့နေ့မှာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အိပ်မက်မက်ထားတယ်လို့ သိရပါတယ်။

- Advertisement -

အခု နစ္စတယ်ရွိုင်းကလည်း နည်းပြဘဝအဖွင့်ပွဲမှာတင် အေဂျက်စ်ကို အနိုင်ယူကာ ဆုဖလားပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အနာဂတ်မှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ သူ့ရဲ့ စန်းနဲ့လုပ်ရည်ကိုင်ရည်တို့ကို စောင့်ကြည့်ရတော့မယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

<Zawgyi Version>

 

 

အနာဂတ္ယူႏိုက္တက္နည္းျပေနရာအတြက္ စဥ္းစားသင့္တဲ့ ဂႏၱဝင္ကစားသမားေဟာင္းႀကီး။

နယ္သာလန္ကလပ္ ပီအက္စ္ဗြီနည္းျပ နစၥတယ္႐ြိဳင္းဟာ အသင္းကို ကိုင္တြယ္ခဲ့တဲ့ ပထမဆုံးပြဲမွာပဲ နာမည္ႀကီး ေအဂ်က္စ္ကို အႏိုင္ယူကာ နယ္သာလန္စူပါဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ နစၥတယ္႐ြိဳင္းဟာ ပီအက္စ္ဗြီအရံအသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ခဲ့ဖူးၿပီး အသင္းႀကီးနည္းျပအျဖစ္ အခုမွ ပထမဆုံးကိုင္တြယ္ဖူးတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အံ့အားသင့္ဖို႔ေကာင္းစြာနဲ႔ပဲ ပီအက္စ္ဗြီက အေကာင္းဆုံး ေျခစြမ္းျပခဲ့ၿပီး ဂက္စ္ေတးလ္ရဲ႕ ဟက္ထရစ္၊ ဂတ္ပို၊ ဇာဗီဆိုင္မြန္စ္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ ေအဂ်က္စ္ကို ၅-၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ေအဂ်က္စ္အတြက္ ဂိုးေတြကိုေတာ့ ဘာ့ခ်္ဝင္း၊ ကူဒက္စ္နဲ႔ အန္တိုနီတို႔က သြင္းယူေပးခဲ့ပါတယ္။

နစၥတယ္႐ြိဳင္းအတြက္ကေတာ့ တကယ္ကို အဖြင့္လွခဲ့တဲ့ပြဲတပြဲျဖစ္ခဲ့ၿပီး သူ႕အေနနဲ႕ ဒီမတိုင္ခင္ နယ္သာလန္လက္ေ႐ြးစင္ရဲ႕ လက္ေထာက္၊ ပီအက္စ္ဗြီအရံအသင္းနည္းျပအျဖစ္သာ ကိုင္တြယ္ခဲ့ဖူးပါတယ္။ တဖက္က ေအဂ်က္စ္ဘက္ကလည္း နည္းျပသစ္ရွရက္ဒါအတြက္ ပထမဆုံးပြဲဦးထြက္မွာ မ်က္ႏွာပ်က္စရာ ျဖစ္ခဲ့ပါတယ္။ ရွရက္ဒါဟာ တန္ဟက္ခ္ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားတာေၾကာင့္ အစားထိုးဝင္ေရာက္ခဲ့သူလည္း ျဖစ္ပါတယ္။

- Advertisement -

ယူႏိုက္တက္ကစားသမားေဟာင္းတေယာက္ျဖစ္တဲ့ ႐ြန္းနီကလည္း လက္ရွိအခ်ိန္မွာ နည္းျပေလာကထဲ က်င္လည္ေနပါတယ္။ ႐ြန္းနီဟာ ဒါဘီကိုကိုင္တြယ္ခဲ့ၿပီးေနာက္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ကို ကိုင္တြယ္လ်က္ရွိၿပီး တေန႔ေန႔မွာ ယူႏိုက္တက္ကို ကိုင္တြယ္ဖို႔ အိပ္မက္မက္ထားတယ္လို႔ သိရပါတယ္။

အခု နစၥတယ္႐ြိဳင္းကလည္း နည္းျပဘဝအဖြင့္ပြဲမွာတင္ ေအဂ်က္စ္ကို အႏိုင္ယူကာ ဆုဖလားပါ သိမ္းပိုက္ႏိုင္ခဲ့တာေၾကာင့္ အနာဂတ္မွာ ယူႏိုက္တက္နည္းျပျဖစ္လာဖို႔ သူ႕ရဲ႕ စန္းနဲ႔လုပ္ရည္ကိုင္ရည္တို႔ကို ေစာင့္ၾကည့္ရေတာ့မယ္လို႔လည္း ပရိသတ္အခ်ိဳ႕က မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

<Zawgyi Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...