HomeHome & Property၇၅ မိုင်ရှည်လျားတဲ့ မိုးမျှော်တိုက်ကို ဒေါ်လာ ၁ ထရီလီယံ အကုန်အကျခံကာ တည်ဆောက်တော့မယ့် ဆော်ဒီအာရေးဗီးယား။

၇၅ မိုင်ရှည်လျားတဲ့ မိုးမျှော်တိုက်ကို ဒေါ်လာ ၁ ထရီလီယံ အကုန်အကျခံကာ တည်ဆောက်တော့မယ့် ဆော်ဒီအာရေးဗီးယား။

- Advertisement -

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman Al Saud ဟာ Neom လို့အမည်ပေးထားတဲ့ ကြည့်မှန်များဖြင့် ပြုလုပ်ထားတဲ့ မိုးမျှော်တိုက်ကို သဲကန္တာရမြို့သစ်တခွင်မှာ တည်ဆောက်တော့မယ်လို့ သိရပါတယ်။ အဆိုပါအဆောက်အဦးသစ်ဟာ Empire State အဆောက်အအုံထက်မြင့်ပြီး ဆောက်လုပ်ရေးအစီအစဉ်အတိုင်းသာ တည်ဆောက်ပါက ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်လာမည့်  အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည့် စီမံကိန်းစာရွက်စာတန်းတွေဟာ The Wall Street Journal ကနေ ပေါက်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။

အသစ်တည်ဆောက်မယ့် ကာဗွန်ကင်းစင်တဲ့မြို့တော်ကို ၁၇၀ ကီလိုမီတာ အကွာအဝေးမျဉ်းကြားမှာ တည်ဆောက်မှာဖြစ်ပြီး အဆိုပါအဆောက်အအုံဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ အရွယ်အစားလောက် ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဆောက်အအုံနှစ်ခုကို လူသွားလမ်းများမှတစ်ဆင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး အမြန်ရထားကဲ့သို့သော သယ်ယူပို့ဆောင်ရေးစနစ်ကို သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံသားများ ထိခိုက်မှုမရှိစေရန် လူသွားလမ်းအောက်အလွှာများမှာ ပြေးဆွဲမယ်လို့ သိရပါတယ်။

- Advertisement -

အရပ်ရှစ်မျက်နှာရှိ မိုးမျှော်တိုက်ကြီးဟာ Aqaba ပင်လယ်ကွေ့ကိုဖြတ်၍ တောင်ပေါ်ဒေသတစ်ခုကို သွယ်တန်းမှာဖြစ်ပြီး အားကစားရုံတစ်ခု၊ ရွက်လှေများအတွက် လှေဆိပ်တစ်ခုနှင့် ဆော်ဒီအစိုးရအတွက် နေရာထိုင်ခင်းထားရှိပေးမည့်ပုံစံတို့ အဆောက်အဦးဒီဇိုင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဆောက်လုပ်ရေးအစီအစဉ်အရ လူ (၅) သန်းခန့် နေထိုင်နိုင်မှာဖြစ်ပြီး အဆောက်အဦးတဖက်ကနေ အခြားတဖက်သို့ မိနစ် ၂၀ အတွင်း သွားလာနိုင်မှာ ဖြစ်ပါတယ်။ အဆောက်အဦးအတွင်း နေထိုင်သူတွေအတွက်ကတော့ လမ်းလျှောက်ပါက ငါးမိနစ်ခန့်သာ ကြာမယ်လို့ သိရပါတယ်။

- Advertisement -

ဆော်ဒီမင်းသားကတော့ အဆိုပါစီမံကိန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဖြင့် အပြည့်အဝ အထောက်အပံ့ပေးထားတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ အပြီးသတ်စေလိုပေမယ့်လည်း အင်ဂျင်နီယာများက တည်ဆောက်မှုပြီးစီးရန် နှစ် (၅၀) အထိ အချိန်ယူရနိုင်ကြောင်း သတိပေးထားပါတယ်။ မင်းသားအနေနဲ့လည်း အဆိုပါစီမံကိန်းဟာ ဒေသခံများအတွက် အသက်မွေးဝမ်းကြောင်းအလုပ်များ တိုးမြင့်လာစေပြီး အလုပ်အကိုင်သစ် ၃၈၀,၀၀၀ ကျော်ကို ဖန်တီးပေးကာ နိုင်ငံအား ရေနံအပေါ် မှီခိုနေရမှုကို ရပ်တန့်စေနိုင်တယ်ဆိုပြီး မျှော်လင့်ထားပါတယ်။

<Unicode Version>

 

 

၇၅ မိုင္ရွည္လ်ားတ့ဲ မိုးေမွ်ာ္တိုက္ကို ေဒၚလာ ၁ ထရီလီယံ အကုန္အက်ခံကာ တည္ေဆာက္ေတာ့မယ့္ ေဆာ္ဒီအာေရးဗီးယား။

ေဆာ္ဒီအိမ္ေရွ႕မင္းသား Mohammed bin Salman Al Saud ဟာ Neom လိ္ု႕အမည္ေပးထားတ့ဲ ၾကည့္မွန္မ်ားျဖင့္ ျပဳလုပ္ထားတ့ဲ မိုးေမွ်ာ္တိုက္ကို သဲကႏၲာရၿမိဳ႕သစ္တခြင္မွာ တည္ေဆာက္ေတာ့မယ္လို႕ သိရပါတယ္။ အဆိုပါအေဆာက္အဦးသစ္ဟာ Empire State အေဆာက္အအုံထက္ျမင့္ၿပီး ေဆာက္လုပ္ေရးအစီအစဥ္အတိုင္းသာ တည္ေဆာက္ပါက ကမာၻ႕အျမင့္ဆုံး အေဆာက္အအုံျဖစ္လာမည့္  အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပထားသည့္ စီမံကိန္းစာ႐ြက္စာတန္းေတြဟာ The Wall Street Journal ကေန ေပါက္ၾကားလာခ့ဲျခင္းျဖစ္ပါတယ္။

အသစ္တည္ေဆာက္မယ့္ ကာဗြန္ကင္းစင္တ့ဲၿမိဳ႕ေတာ္ကို ၁၇၀ ကီလိုမီတာ အကြာအေဝးမ်ဥ္းၾကားမွာ တည္ေဆာက္မွာျဖစ္ၿပီး အဆိုပါအေဆာက္အအုံဟာ မက္ဆာခ်ဴးဆက္ျပည္နယ္ရဲ႕ အ႐ြယ္အစားေလာက္ ျဖစ္လာမယ္လို႕ ခန္႕မွန္းထားၾကပါတယ္။ အေဆာက္အအုံႏွစ္ခုကို လူသြားလမ္းမ်ားမွတစ္ဆင့္ ခ်ိတ္ဆက္သြားမည္ျဖစ္ၿပီး အျမန္ရထားက့ဲသို႔ေသာ သယ္ယူပို႔ေဆာင္ေရးစနစ္ကို သဘာဝပတ္ဝန္းက်င္နဲ႕ ႏိုင္ငံသားမ်ား ထိခိုက္မႈမရွိေစရန္ လူသြားလမ္းေအာက္အလႊာမ်ားမွာ ေျပးဆြဲမယ္လို႕ သိရပါတယ္။

- Advertisement -

အရပ္ရွစ္မ်က္ႏွာရွိ မိုးေမွ်ာ္တိုက္ႀကီးဟာ Aqaba ပင္လယ္ေကြ႕ကိုျဖတ္၍ ေတာင္ေပၚေဒသတစ္ခုကို သြယ္တန္းမွာျဖစ္ၿပီး အားကစား႐ုံတစ္ခု၊ ႐ြက္ေလွမ်ားအတြက္ ေလွဆိပ္တစ္ခုႏွင့္ ေဆာ္ဒီအစိုးရအတြက္ ေနရာထိုင္ခင္းထားရွိေပးမည့္ပုံစံတို႕ အေဆာက္အဦးဒီဇိုင္းမွာ ပါဝင္လာခ့ဲပါတယ္။ ေဆာက္လုပ္ေရးအစီအစဥ္အရ လူ (၅) သန္းခန႔္ ေနထိုင္ႏိုင္မွာျဖစ္ၿပီး အေဆာက္အဦးတဖက္ကေန အျခားတဖက္သို႕ မိနစ္ ၂၀ အတြင္း သြားလာႏိုင္မွာ ျဖစ္ပါတယ္။ အေဆာက္အဦးအတြင္း ေနထိုင္သူေတြအတြက္ကေတာ့ လမ္းေလွ်ာက္ပါက ငါးမိနစ္ခန္႕သာ ၾကာမယ္လို႕ သိရပါတယ္။

ေဆာ္ဒီမင္းသားကေတာ့ အဆိုပါစီမံကိန္းကို ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ရင္းျမစ္မ်ားျဖင့္ အျပည့္အဝ အေထာက္အပ့ံေပးထားတ့ဲအတြက္ ၂၀၃၀ ခုႏွစ္မွာ အၿပီးသတ္ေစလိုေပမယ့္လည္း အင္ဂ်င္နီယာမ်ားက တည္ေဆာက္မႈၿပီးစီးရန္ ႏွစ္ (၅၀) အထိ အခ်ိန္ယူရႏိုင္ေၾကာင္း သတိေပးထားပါတယ္။ မင္းသားအေနနဲ႕လည္း အဆိုပါစီမံကိန္းဟာ ေဒသခံမ်ားအတြက္ အသက္ေမြးဝမ္းေၾကာင္းအလုပ္မ်ား တိုးျမင့္လာေစၿပီး အလုပ္အကိုင္သစ္ ၃၈၀,၀၀၀ ေက်ာ္ကို ဖန္တီးေပးကာ ႏိုင္ငံအား ေရနံအေပၚ မွီခိုေနရမႈကို ရပ္တန႔္ေစႏိုင္တယ္ဆိုၿပီး ေမွ်ာ္လင့္ထားပါတယ္။

<Zawgyi Version>

 

#soshwe

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + thirteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...