HomeEducationကျောင်းသူ အယောက် (၄၀) ကို Surprise တိုက်ခဲ့တဲ့ "Black Panther" မင်းသမီး။

ကျောင်းသူ အယောက် (၄၀) ကို Surprise တိုက်ခဲ့တဲ့ “Black Panther” မင်းသမီး။

အော်စကာဆုရှင်မင်းသမီး လူပီတာ နယောင်အိုဟာ သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကား 12 Years a Slave ၊ Marvel ရဲ့စူပါဟီးရိုးဇာတ်ကား Black Panther ၊ သည်းထိပ်ရင်ဖိုဇာတ်ကား Us အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

- Advertisement -

“Black Panther” မင်းသမီး လူပီတာ နယောင်အိုဟာ ကျောင်းသူ အယောက် (၄၀) ကို ဒေါ်လာ ၁၀၀၀၀ ပညာသင်ဆုတွေနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် လူပီတာတယောက် ပြီးခဲ့တဲ့ရက်အချို့က ပြုလုပ်ခဲ့တဲ့ The National Association for the Advancement of Colored People အဖွဲ့အစည်းရဲ့ ACT-So ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ACT-So တစ်နှစ်တာပရိုဂရမ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားသူတွေကို ပညာသင်ဆုတွေ ပေးအပ်ခဲ့ပါတယ်။

ဒီပရိုဂရမ်က စီးပွားရေး၊ ပန်းချီ၊ ပန်းပုအနုပညာ၊ ဖျော်ဖြေရေးနဲ့ အချက်အပြုတ်ပညာရပ်တွေလို ဘာသာရပ်တွေမှာ တိုးတက်မှုကို မြှင့်တင်ပေးမယ့် အမေရိကန်တစ်ဝှမ်းက အထက်တန်းကျောင်းသူတွေအတွက် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မ ငယ်ငယ်ကတည်းက အမြဲတမ်း အိပ်မက်ကြီးကြီးထားခဲ့တယ်။ ကျွန်မရဲ့ပညာရေးက စိတ်ကူးအိပ်မက်၊ ရည်မှန်းချက်တွေကို နားလည်အောင် ကူညီပေးရာမှာ ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ သင်ယူရတာကို အမြဲနှစ်သက်ခဲ့ပြီး သင်ယူလေ့လာသူတွေက ကမ္ဘာကြီးကို ပြောင်းလဲစေမယ်လို့ ယုံကြည်တယ်” ဆိုပြီး လူပီတာက ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။

- Advertisement -

လူပီတာက ပညာသင်ဆု (၄၀) ကို အလှကုန်ပစ္စည်းအမှတ်တံဆိပ် Lancome နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။ “ထူးခြားတဲ့ ဒီအမျိုးသမီးအဖွဲ့ကို ပညာသင်ဆုတွေ ပေးအပ်ဖို့ Write Her Future Scholarship Fund ကိုယ်စား Lancome မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ်”လို့ Lancome ရဲ့ Brand Ambassador လည်းဖြစ်တဲ့ သူမက ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

အော်စကာဆုရှင်မင်းသမီး လူပီတာ နယောင်အိုဟာ သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကား 12 Years a Slave ၊ Marvel ရဲ့စူပါဟီးရိုးဇာတ်ကား Black Panther ၊ သည်းထိပ်ရင်ဖိုဇာတ်ကား Us အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

<Unicode Version>

 

ေက်ာင္းသူ အေယာက္ (၄၀) ကို Surprise တိုက္ခ့ဲတ့ဲ “Black Panther” မင္းသမီး။

“Black Panther” မင္းသမီး လူပီတာ နေယာင္အိုဟာ ေက်ာင္းသူ အေယာက္ (၄၀) ကို ေဒၚလာ ၁၀၀၀၀ ပညာသင္ဆုေတြနဲ႔ အံ့အားသင့္ေစခဲ့ပါတယ္။ အသက္ ၃၉ ႏွစ္အ႐ြယ္ လူပီတာတေယာက္ ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က ျပဳလုပ္ခ့ဲတ့ဲ The National Association for the Advancement of Colored People အဖြဲ႕အစည္းရဲ႕ ACT-So ဆုေပးပြဲကို တက္ေရာက္ခဲ့ၿပီး ACT-So တစ္ႏွစ္တာပ႐ိုဂရမ္မွာ ပါဝင္ခဲ့တဲ့ ေက်ာင္းသားသူေတြကို ပညာသင္ဆုေတြ ေပးအပ္ခဲ့ပါတယ္။

ဒီပ႐ိုဂရမ္က စီးပြားေရး၊ ပန္းခ်ီ၊ ပန္းပုအႏုပညာ၊ ေဖ်ာ္ေျဖေရးနဲ႔ အခ်က္အျပဳတ္ပညာရပ္ေတြလို ဘာသာရပ္ေတြမွာ တိုးတက္မႈကို ျမႇင့္တင္ေပးမယ့္ အေမရိကန္တစ္ဝွမ္းက အထက္တန္းေက်ာင္းသူေတြအတြက္ ရည္႐ြယ္ခဲ့တယ္လို႕ သိရပါတယ္။

“ကြၽန္မ ငယ္ငယ္ကတည္းက အၿမဲတမ္း အိပ္မက္ႀကီးႀကီးထားခဲ့တယ္။ ကြၽန္မရဲ႕ပညာေရးက စိတ္ကူးအိပ္မက္၊ ရည္မွန္းခ်က္ေတြကို နားလည္ေအာင္ ကူညီေပးရာမွာ ႀကီးမားတဲ့အခန္းက႑မွာ ပါဝင္ခဲ့တယ္။ သင္ယူရတာကို အၿမဲႏွစ္သက္ခဲ့ၿပီး သင္ယူေလ့လာသူေတြက ကမာၻႀကီးကို ေျပာင္းလဲေစမယ္လို႔ ယုံၾကည္တယ္” ဆိုၿပီး လူပီတာက ဆုေပးပြဲမွာ ေျပာၾကားခဲ့ပါတယ္။

လူပီတာက ပညာသင္ဆု (၄၀) ကို အလွကုန္ပစၥည္းအမွတ္တံဆိပ္ Lancome နဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းၿပီး ေပးအပ္ခဲ့တာျဖစ္ပါတယ္။ “ထူးျခားတဲ့ ဒီအမ်ိဳးသမီးအဖြဲ႕ကို ပညာသင္ဆုေတြ ေပးအပ္ဖို႔ Write Her Future Scholarship Fund ကိုယ္စား Lancome မွာ ပါဝင္ခြင့္ရတဲ့အတြက္ အရမ္းဝမ္းသာမိတယ္”လို႔ Lancome ရဲ႕ Brand Ambassador လည္းျဖစ္တဲ့ သူမက ေျပာၾကားသြားခဲ့ပါတယ္။

- Advertisement -

ေအာ္စကာဆုရွင္မင္းသမီး လူပီတာ နေယာင္အိုဟာ သမိုင္းေၾကာင္းဆိုင္ရာ ဇာတ္ကား 12 Years a Slave ၊ Marvel ရဲ႕စူပါဟီး႐ိုးဇာတ္ကား Black Panther၊ ၊ သည္းထိပ္ရင္ဖိုဇာတ္ကား Us အစရွိတဲ့ ဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ခ့ဲပါတယ္။

<Zawgyi Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...