HomeSportမန်စီးတီးအသင်းကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းအပေါ် ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားရဲ့ ထင်မြင်ချက်။

မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းအပေါ် ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားရဲ့ ထင်မြင်ချက်။

ဟာလန်းတယောက် ဆဲလ်ဘာ့ဂ်မှာ ကစားနေကတည်းက ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ သူ့ကိုခေါ်ယူဖို့ အဲ့ဒီအချိန်ကတည်းက အထူးစိတ်ဝင်စားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနော်ဝေကြယ်ပွင့်က ဒေါ့မွန်ကို ရောက်ရှိသွားခဲ့ပြီး ဆရာတပည့်နှစ်ယောက် ပြန်လည်မပေါင်းစည်းနိုင်ခဲ့ပါဘူး။ ဟာလန်းနဲ့ဆိုးလ်ရှားတို့ဟာ ဆိုးလ်ရှားတယောက် မိုလ်ဒီနည်းပြအဖြစ် တာဝန်ယူစဉ်က အတူလက်တွဲခဲ့ဖူးပါတယ်။

- Advertisement -

ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားက မန်စီးတီးကိုပြောင်းရွှေ့သွားတဲ့ ဟာလန်းဆီ မက်ဆေ့ချ်ပို့ နောက်ပြောင်ခဲ့တယ်လို့ သိရပါတယ်။ ဟာလန်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၁.၂) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဟာလန်းတယောက် ဆဲလ်ဘာ့ဂ်မှာ ကစားနေကတည်းက ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ သူ့ကိုခေါ်ယူဖို့ အဲ့ဒီအချိန်ကတည်းက အထူးစိတ်ဝင်စားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနော်ဝေကြယ်ပွင့်က ဒေါ့မွန်ကို ရောက်ရှိသွားခဲ့ပြီး ဆရာတပည့်နှစ်ယောက် ပြန်လည်မပေါင်းစည်းနိုင်ခဲ့ပါဘူး။ ဟာလန်းနဲ့ဆိုးလ်ရှားတို့ဟာ ဆိုးလ်ရှားတယောက် မိုလ်ဒီနည်းပြအဖြစ် တာဝန်ယူစဉ်က အတူလက်တွဲခဲ့ဖူးပါတယ်။

- Advertisement -

ယူနိုက်တက်ကလည်း ဟာလန်းနဲ့ဆိုးလ်ရှားအကြား ခင်မင်ရင်းနှီးမှုကို အသုံးချပြီး ဟာလန်းကို ခေါ်ယူလိုခဲ့ပေမယ့် စာချုပ်လျော်ကြေးကို မပေးချေလိုခဲ့ပါဘူး။ အခုချိန်မှာတော့ ဆိုးလ်ရှားလည်း ယူနိုက်တက်မှာမရှိတော့သလို ဟာလန်းကလည်း ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီလိုမျိုး ဟာလန်းအသင်းပြောင်းတဲ့အပေါ် ဆိုးလ်ရှားက မက်ဆေ့ချ်ပို့ဂုဏ်ပြုရင်း နောက်ပြောင်ခဲ့ကြောင်းကို ဟာလန်းက အခုလိုပဲ ပြောလာပါတယ်။

- Advertisement -

“ကျနော် မန်စီးတီးနဲ့ စာချုပ်ချုပ်ပြီးတော့ ဆိုးလ်ရှားက ကျနော့်ဆီကို ဂုဏ်ယူကြောင်း မက်ဆေ့ချ်ပို့ပါတယ်။ နောက်ပြီး ‘မန်ချက်စတာရဲ့ မှားယွင်းတဲ့ဘက်ခြမ်းကို ပြောင်းသွားတဲ့အတွက် ကံကောင်းပါစေ’ လို့လည်း နောက်ပြောင်ပါသေးတယ်။ ကျနော်တို့ နှစ်ယောက်က မကြာခဏ စကားပြောဖြစ်ကြပါတယ်”

- Advertisement -

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော် မိုလ်ဒီမှာ ကစားနေတည်းက သူက ကျနော့်ရဲ့ ကစားသမားဘဝအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့တာပါ။ ဆိုးလ်ရှားက လူကောင်းတယောက်ပါ” လို့ ဟာလန်းက ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ အရင်ကလည်း ဆရာဟောင်း ဆိုးလ်ရှားနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို လူသိရှင်ကြား ထုတ်ဖော်ချီးကျူးလေ့ရှိပါတယ်။

<Unicode Version>

 

 

မန္စီးတီးအသင္းကို ေျပာင္းေရႊ႕သြားတ့ဲ ဟာလန္းအေပၚ ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားရဲ႕ ထင္ျမင္ခ်က္။

ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားက မန္စီးတီးကိုေျပာင္းေ႐ႊ႕သြားတဲ့ ဟာလန္းဆီ မက္ေဆ့ခ်္ပို႔ ေနာက္ေျပာင္ခဲ့တယ္လို႔ သိရပါတယ္။ ဟာလန္းဟာ လက္ရွိေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေဒါ့မြန္ကေန မန္စီးတီးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၅၁.၂) သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဟာလန္းတေယာက္ ဆဲလ္ဘာ့ဂ္မွာ ကစားေနကတည္းက ဆိုးလ္ရွားကိုင္တြယ္ေနတဲ့ ယူႏိုက္တက္အသင္းအေနနဲ႕ သူ႕ကိုေခၚယူဖို႔ အဲ့ဒီအခ်ိန္ကတည္းက အထူးစိတ္ဝင္စားခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါေနာ္ေဝၾကယ္ပြင့္က ေဒါ့မြန္ကို ေရာက္ရွိသြားခဲ့ၿပီး ဆရာတပည့္ႏွစ္ေယာက္ ျပန္လည္မေပါင္းစည္းႏိုင္ခ့ဲပါဘူး။ ဟာလန္းနဲ႔ဆိုးလ္ရွားတို႔ဟာ ဆိုးလ္ရွားတေယာက္ မိုလ္ဒီနည္းျပအျဖစ္ တာဝန္ယူစဥ္က အတူလက္တြဲခဲ့ဖူးပါတယ္။

ယူႏိုက္တက္ကလည္း ဟာလန္းနဲ႔ဆိုးလ္ရွားအၾကား ခင္မင္ရင္းႏွီးမႈကို အသုံးခ်ၿပီး ဟာလန္းကို ေခၚယူလိုခဲ့ေပမယ့္ စာခ်ဳပ္ေလ်ာ္ေၾကးကို မေပးေခ်လိုခဲ့ပါဘူး။ အခုခ်ိန္မွာေတာ့ ဆိုးလ္ရွားလည္း ယူႏိုက္တက္မွာမရွိေတာ့သလို ဟာလန္းကလည္း ယူႏိုက္တက္ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကိုသာ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ဒီလိုမ်ိဳး ဟာလန္းအသင္းေျပာင္းတဲ့အေပၚ ဆိုးလ္ရွားက မက္ေဆ့ခ်္ပို႔ဂုဏ္ျပဳရင္း ေနာက္ေျပာင္ခဲ့ေၾကာင္းကို ဟာလန္းက အခုလိုပဲ ေျပာလာပါတယ္။

“က်ေနာ္ မန္စီးတီးနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးေတာ့ ဆိုးလ္ရွားက က်ေနာ့္ဆီကို ဂုဏ္ယူေၾကာင္း မက္ေဆ့ခ်္ပို႔ပါတယ္။ ေနာက္ၿပီး ‘မန္ခ်က္စတာရဲ႕ မွားယြင္းတဲ့ဘက္ျခမ္းကို ေျပာင္းသြားတဲ့အတြက္ ကံေကာင္းပါေစ’ လို႔လည္း ေနာက္ေျပာင္ပါေသးတယ္။ က်ေနာ္တို႔ ႏွစ္ေယာက္က မၾကာခဏ စကားေျပာျဖစ္ၾကပါတယ္”

“ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ က်ေနာ္ မိုလ္ဒီမွာ ကစားေနတည္းက သူက က်ေနာ့္ရဲ႕ ကစားသမားဘဝအေပၚ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိခဲ့တာပါ။ ဆိုးလ္ရွားက လူေကာင္းတေယာက္ပါ” လို႔ ဟာလန္းက ေျပာၾကားသြားခဲ့ပါတယ္။ ဟာလန္းဟာ အရင္ကလည္း ဆရာေဟာင္း ဆိုးလ္ရွားနဲ႔ ပတ္သက္လို႔ မၾကာခဏဆိုသလို လူသိရွင္ၾကား ထုတ္ေဖာ္ခ်ီးက်ဴးေလ့ရွိပါတယ္။

<Zawgyi Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read