HomeSportဝေဖန်ပြစ်တင်မှုတွေနဲ့ ပျော်မွေ့နေပြန်တဲ့ ယူနိုက်တက်ကပ္ပတိန်ကြီး မက်ဂွိုင်းရား။

ဝေဖန်ပြစ်တင်မှုတွေနဲ့ ပျော်မွေ့နေပြန်တဲ့ ယူနိုက်တက်ကပ္ပတိန်ကြီး မက်ဂွိုင်းရား။

လက်ရှိနွေရာသီမှာသာ ရော်နယ်ဒိုတယောက် အသင်းမှာဆက်ရှိနေရင် မက်ဂွိုင်းရားအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ရော်နယ်ဒိုထံ လွှဲပေးရဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ အင်စတာဂရမ်ပေါ်ကပို့စ်တခုကို Like နှိပ်မိလိုက်တာကြောင့် ပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မက်ဂွိုင်းရား ဒီလိုအမှားကျူးလွန်မိတဲ့ပို့စ်ကလည်း ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ပို့စ် ဖြစ်နေခဲ့တာကြောင့် အခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာလည်း ဖြစ်ပါတယ်။

SportBible ရဲ့ အင်စတာဂရမ်ပေ့ချ်မှာ ရော်နယ်ဒိုက ယူနိုက်တက်ချန်ပီယံလိဂ်မဝင်လို့ လစာ (၂၅) ရာခိုင်နှုန်းလျှော့ယူရမယ့်အပေါ် စိတ်ပျက်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီပို့စ်ကို မက်ဂွိုင်းရားက Like နှိပ်မိခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလို သူ့ရဲ့အမှားကို ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒါကိုမြင်တွေ့သွားခဲ့ပြီး မက်ဂွိုင်းရားကို အပြင်းအထန် ဝေဖန်လျက်ရှိပါတယ်။

- Advertisement -

မက်ဂွိုင်းရားကတော့ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့အမှားဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို ဝန်ခံခဲ့ပါတယ်။ လက်ရှိနွေရာသီမှာသာ ရော်နယ်ဒိုတယောက် အသင်းမှာဆက်ရှိနေရင် မက်ဂွိုင်းရားအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ရော်နယ်ဒိုထံ လွှဲပေးရဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားပါတယ်။

- Advertisement -

- Advertisement -

အဲ့ဒါကြောင့်လည်း မက်ဂွိုင်းရားအနေနဲ့ ရော်နယ်ဒို အသင်းကနေထွက်ဖို့ ပြင်ဆင်နေတာကို ကျေနပ်နေလိမ့်မယ်လို့လည်း ပရိသတ်အချို့က ယူဆနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ “မက်ဂွိုင်းရားက ယူနိုက်တက်အတွက် တပွဲတောင် မကစားသင့်တော့ပါဘူး” “မက်ဂွိုင်းရားအနေနဲ့ ဒီလိုပို့စ်မျိုးကို Like နှိပ်တာက ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူပါ။ သူ့အနေနဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်မ မဖြစ်သင့်တော့ပါဘူး” လို့ အသီးသီးဝေဖန်ခဲ့ကြပါတယ်။

မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပူးပေါင်းနေပြီဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုကိစ္စအကြောင်းပြပြီး ကာရင်တန်ကို လာရောက်သတင်းပို့ခြင်း မရှိသေးပါဘူး။ ရော်နယ်ဒိုကတော့ ဘန်ကောက်ကိုထွက်ခွာမယ့် ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကိုလည်း လိုက်ပါဖွယ်မရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။

<Unicode Version>

 

 

 

ေဝဖန္ျပစ္တင္မႈေတြနဲ႕ ေပ်ာ္ေမြ႕ေနျပန္တ့ဲ ယူႏိုက္တက္ကပၸတိန္ႀကီး မက္ဂြိဳင္းရား။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းရားဟာ အင္စတာဂရမ္ေပၚကပို႔စ္တခုကို Like ႏွိပ္မိလိုက္တာေၾကာင့္ ျပင္းထန္တဲ့ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ မက္ဂြိဳင္းရား ဒီလိုအမွားက်ဴးလြန္မိတဲ့ပို႔စ္ကလည္း ေရာ္နယ္ဒိုနဲ႔ပတ္သက္တဲ့ပို႔စ္ ျဖစ္ေနခဲ့တာေၾကာင့္ အေျခအေနက ပိုမိုဆိုး႐ြားသြားခဲ့တာလည္း ျဖစ္ပါတယ္။

SportBible ရဲ႕ အင္စတာဂရမ္ေပ့ခ်္မွာ ေရာ္နယ္ဒိုက ယူႏိုက္တက္ခ်န္ပီယံလိဂ္မဝင္လို႔ လစာ (၂၅) ရာခိုင္ႏႈန္းေလွ်ာ့ယူရမယ့္အေပၚ စိတ္ပ်က္ေနတယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီပို႔စ္ကို မက္ဂြိဳင္းရားက Like ႏွိပ္မိခဲ့တာျဖစ္ၿပီး ခ်က္ခ်င္းဆိုသလို သူ႕ရဲ႕အမွားကို ျပန္လည္ျပင္ဆင္ခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ဒါကိုျမင္ေတြ႕သြားခဲ့ၿပီး မက္ဂြိဳင္းရားကို အျပင္းအထန္ ေဝဖန္လ်က္ရွိပါတယ္။

မက္ဂြိဳင္းရားကေတာ့ ခ်က္ခ်င္းဆိုသလိုပဲ သူ႕ရဲ႕အမွားျဖစ္ေၾကာင္း ဘီဘီစီသတင္းဌာနကို ဝန္ခံခဲ့ပါတယ္။ လက္ရွိေႏြရာသီမွာသာ ေရာ္နယ္ဒိုတေယာက္ အသင္းမွာဆက္ရွိေနရင္ မက္ဂိြဳင္းရားအေနနဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို ေရာ္နယ္ဒိုထံ လႊဲေပးရဖြယ္ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုကေတာ့ ယူႏိုက္တက္ကေန ထြက္ခြာခြင့္ ေတာင္းခံထားပါတယ္။

အဲ့ဒါေၾကာင့္လည္း မက္ဂြိဳင္းရားအေနနဲ႔ ေရာ္နယ္ဒို အသင္းကေနထြက္ဖို႔ ျပင္ဆင္ေနတာကို ေက်နပ္ေနလိမ့္မယ္လို႔လည္း ပရိသတ္အခ်ိဳ႕က ယူဆေနၾကပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ “မက္ဂြိဳင္းရားက ယူႏိုက္တက္အတြက္ တပြဲေတာင္ မကစားသင့္ေတာ့ပါဘူး” “မက္ဂြိဳင္းရားအေနနဲ႔ ဒီလိုပို႔စ္မ်ိဳးကို Like ႏွိပ္တာက ပေရာ္ဖက္ရွင္နယ္မဆန္တဲ့ အျပဳအမူပါ။ သူ႕အေနနဲ႔ ယူႏိုက္တက္အသင္းေခါင္းေဆာင္မ မျဖစ္သင့္ေတာ့ပါဘူး” လို႔ အသီးသီးေဝဖန္ခဲ့ၾကပါတယ္။

မက္ဂြိဳင္းရားဟာ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပူးေပါင္းေနၿပီျဖစ္ေပမယ့္ ေရာ္နယ္ဒိုကေတာ့ မိသားစုကိစၥအေၾကာင္းျပၿပီး ကာရင္တန္ကို လာေရာက္သတင္းပို႔ျခင္း မရွိေသးပါဘူး။ ေရာ္နယ္ဒိုကေတာ့ ဘန္ေကာက္ကိုထြက္ခြာမယ့္ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳေျခစမ္းခရီးစဥ္ကိုလည္း လိုက္ပါဖြယ္မရွိဘူးလို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

<Zawgyi Version>

 

#soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read