HomeOtherနှစ်ပေါင်း ၁၅၀ အတွင်း စံချိန်တင် အပူချိန်မြင့်တက်ခဲ့တဲ့ ဂျပန်။

နှစ်ပေါင်း ၁၅၀ အတွင်း စံချိန်တင် အပူချိန်မြင့်တက်ခဲ့တဲ့ ဂျပန်။

- Advertisement -

ဂျပန်နိုင်ငံ ၊ တိုကျိုမှာ နှစ်ပေါင်း ၁၅၀ အတွင်း အပူဆုံး ၃၇ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ခဲ့ပြီး ၁၈၇၅ ခုနှစ်နောက်ပိုင်း စံချိန်တင်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အခြားမြို့ တော်တော်များများမှာလည်း မေလကုန်မှ လက်ရှိအချိန်အထိ အပူချိန် ၄၀ ဒီဂရီလောက် မြင့်တက်ခဲ့ပါတယ်။

လတ်တလော တိုကျိုမှာ လျှပ်စစ်မီးပြတ်တောက်မှာကို စိုးရိမ်နေကြပြီး ဘာကြောင့်လဲဆိုတော့ အပူချိန်တက်လာတဲ့အခါ လျှပ်စစ်ဓာတ်အားကို အများကြီးအသုံးပြုကြရပါတယ်။ အဲ့လိုသုံးခြင်းကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်လာနိုင်ပြီး လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ အစိုးရကတော့ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မွန်းတည့်ချိန်တွေမှာဆို နေအိမ်ရှိမီးများ ပိတ်ခိုင်းထားသလို အချို့ကုမ္ပဏီများကိုလည်း အလုပ်ခဏရပ်နားပြီး မီးများကို ပိတ်ထားဖို့ မှာကြားထားပါတယ်။ အကယ်၍ ဓာတ်အားပြတ်တောက်မှုပြဿနာ ဖြစ်ပေါ်လာရင် ၃ လအထိကြာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ပြီးခဲ့တဲ့ရက်အချို့ကစပြီး နိုင်ငံတဝှမ်း (၆) မြို့နယ်မှာ မကြုံဖူးတဲ့အပူချိန် ၄၀.၀ ဒီဂရီ ထိရောက်ရှိခဲ့သလို တိုကျိုမြို့မှာလည်း အပူချိန် ၃၇.၀ ဒီဂရီစင်တီဂရိတ်သို့ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။

အဆိုပါ အပူချိန်မြင့်မားပှုကြောင့် ဇွန်လအတွင်း မြို့တော်များ၌ သံသယရှိသူ (၁၇) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာများက ဖော်ပြထားပါတယ်။ ဒါ့အပြင် စပါးခင်းတွေမှာလည်း ပူပြင်းတဲ့အခြေအနေကြောင့် ရေနေသတ္တဝါများ သေဆုံးနေသလို ၊ ကားထဲမှာလည်း Power bank ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာတွေပါ ဖော်ပြထားပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

ႏွစ္ေပါင္း ၁၅၀ အတြင္း စံခ်ိန္တင္ အပူခ်ိန္ျမင့္တက္ခ့ဲတ့ဲ ဂ်ပန္။

ဂ်ပန္ႏိုင္ငံ ၊ တိုက်ိဳမွာ ႏွစ္ေပါင္း ၁၅၀ အတြင္း အပူဆုံး ၃၇ ဒီဂရီစင္တီဂရိတ္ျဖင့္ စံခ်ိန္တင္ခဲ့ၿပီး ၁၈၇၅ ခုႏွစ္ေနာက္ပိုင္း စံခ်ိန္တင္အျမင့္ဆုံး ျဖစ္ခဲ့ပါတယ္။ အျခားၿမိဳ႕ ေတာ္ေတာ္မ်ားမ်ားမွာလည္း ေမလကုန္မွ လက္ရွိအခ်ိန္အထိ အပူခ်ိန္ ၄၀ ဒီဂရီေလာက္ ျမင့္တက္ခဲ့ပါတယ္။

လတ္တေလာ တိုက်ိဳမွာ လွ်ပ္စစ္မီးျပတ္ေတာက္မွာကို စိုးရိမ္ေနၾကၿပီး ဘာေၾကာင့္လဲဆိုေတာ့ အပူခ်ိန္တက္လာတဲ့အခါ လွ်ပ္စစ္ဓာတ္အားကို အမ်ားႀကီးအသုံးျပဳၾကရပါတယ္။ အဲ့လိုသုံးျခင္းေၾကာင့္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာရွိတ့ဲ အပူစြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ား နည္းပညာပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈ ျဖစ္ေပၚလာႏိုင္ၿပီး လွ်ပ္စစ္ဓာတ္အားေတြ ျပတ္ေတာက္ေစႏိုင္လို႕ပဲ ျဖစ္ပါတယ္။ အစိုးရကေတာ့ ျပည္သူေတြကို လွ်ပ္စစ္ဓာတ္အား ေခြၽတာသုံးစြဲၾကဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ မြန္းတည့္ခ်ိန္ေတြမွာဆို ေနအိမ္ရွိမီးမ်ား ပိတ္ခိုင္းထားသလို အခ်ိဳ႕ကုမၸဏီမ်ားကိုလည္း အလုပ္ခဏရပ္နားၿပီး မီးမ်ားကို ပိတ္ထားဖို႔ မွာၾကားထားပါတယ္။ အကယ္၍ ဓာတ္အားျပတ္ေတာက္မႈျပႆနာ ျဖစ္ေပၚလာရင္ ၃ လအထိၾကာႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။ ၿပီးခဲ့တဲ့ရက္အခ်ိဳ႕ကစၿပီး ႏိုင္ငံတဝွမ္း (၆) ၿမိဳ႕နယ္မွာ မႀကဳံဖူးတဲ့အပူခ်ိန္ ၄၀.၀ ဒီဂရီ ထိေရာက္ရွိခဲ့သလို တိုက်ိဳၿမိဳ႕မွာလည္း အပူခ်ိန္ ၃၇.၀ ဒီဂရီစင္တီဂရိတ္သို႔ စံခ်ိန္တင္ေရာက္ရွိခဲ့ပါတယ္။

အဆိုပါ အပူခ်ိန္ျမင့္မားပႈေၾကာင့္ ဇြန္လအတြင္း ၿမိဳ႕ေတာ္မ်ား၌ သံသယရွိသူ (၁၇) ဦးကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ၁၇ ဦး ေသဆုံးခဲ့တယ္လို႔ ျပည္တြင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ စပါးခင္းေတြမွာလည္း ပူျပင္းတဲ့အေျခအေနေၾကာင့္ ေရေနသတၱဝါမ်ား ေသဆုံးေနသလို ၊ ကားထဲမွာလည္း Power bank ေပါက္ကြဲၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တာေတြပါ ေဖာ္ျပထားပါတယ္။

<Zawgyi Version>

 

- Advertisement -

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 4 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...