HomeSportတန်ဟက်ဂျ် ပုံဖော်ထားတဲ့ ယူနိုက်တက်တိုက်စစ်။
တန်ဟက်ဂျ် ပုံဖော်ထားတဲ့ ယူနိုက်တက်တိုက်စစ်။
- Advertisement -
တန်ဟက်ဂျ်က ယူနိုက်တက်မှာ ၃ ယောက်တန်းတိုက်စစ်ကို ပုံဖော်ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ရော်နယ်ဒိုကို ဗဟိုတိုက်စစ်နေရာမှာ ကစားစေမှာဖြစ်ပေမယ့် ကစားသမားရဲ့ အသက်အရွယ်ကြောင့် အနာဂတ်မှာ ၃ ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာအတွက် ရက်ရှ်ဖို့ဒ်ကို အားကိုးဖို့ တန်ဟက်ဂျ်က ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ရာသီအကြိုပွဲစဉ်တွေမှာ ဒီပုံစံကို တန်ဟက်ဂျ်က အသုံးပြုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အတွက် စတင်ကစားပေးချိန်မှာ တိုက်စစ်မှူးတဦးအဖြစ် ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာတော့ တောင်ပံတိုက်စစ်ကစားသမားပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ တန်ဟက်ဂျ်ရဲ့ ရည်ရွယ်ချက်က ဘယ်တောင်ပံမှာပဲ ကစားချင်တဲ့ ရက်ရှ်ဖို့ဒ်အတွက် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တုန်းကတော့ ရက်ရှ်ဖို့ဒ်ကို ဗဟိုတိုက်စစ်မှူးအဖြစ် မသင့်တော်ဘူးလို့ ရှုမြင်ခဲ့ဖူးပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးနေရာက ဘယ်တောင်ပံလို့ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး နံပါတ် ၉ တိုက်စစ်မှူးကတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ ပေါ်တူဂီသားနည်းပြက Sky Sports ကို ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမယ့် တန်ဟက်ဂျ်အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အဆိုပါနေရာမှာ အကောင်းဆုံးကစားနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ နယ်သာလန်သားနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဟော်လာကို ခြေစွမ်းပြနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပြီး အေဂျက်ဇ်အတွက် ပြည်တွင်းဂိုး ၂၈ ဂိုးနဲ့ ချန်ပီယံလိဂ်မှာ ၁၁ ဂိုးအထိရရှိတဲ့အထိ ဟော်လာက တောက်ပခဲ့ပါတယ်။
- Advertisement -
မာရှယ်ပြန်ရောက်လာပြီး အန်တိုနီကိုလည်း ခေါ်ယူဖို့ကြိုးစားနေလို့ ယူနိုက်တက်ရဲ့ တိုက်စစ်ပုံစံကတော့ သေချာမှု မရှိသေးပါဘူး။ ဘယ်သူက တန်ဟက်ဂျ်ရဲ့ ယုံကြည်အားကိုးမှုကို ရယူနိုင်မလဲဆိုတာကိုတော့ လာမယ့်ရာသီကြိုပွဲစဉ်တွေနဲ့ ရာသီအစကြားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။
<Unicode Version>
- Advertisement -
တန်ဟက်ဂ်ျ ပုံဖော်ထားတဲ့ ယူနိုက်တက်တိုက်စစ်။
တန်ဟက်ဂ်ျက ယူနိုက်တက်မှာ ၃ ယောက်တန်းတိုက်စစ်ကို ပုံဖော်ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ရော်နယ်ဒိုကို ဗဟိုတိုက်စစ်နေရာမှာ ကစားစေမှာဖြစ်ပေမယ့် ကစားသမားရဲ့ အသက်အရွယ်ကြောင့် အနာဂတ်မှာ ၃ ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာအတွက် ရက်ရှ်ဖို့ဒ်ကို အားကိုးဖို့ တန်ဟက်ဂ်ျက ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
- Advertisement -
<Zawgyi Version>
#soshwe
#soshwesport
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
9 − 4 =
Must Read
Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple
ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...