HomeTechYouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

YouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

- Advertisement -

YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ သန်းနဲ့ချီ ရှိပါတယ်။ ဒါကြောင့်ပဲ YouTube မှာ တစ်လတစ်လ ဝင်ကြည့်သူ သန်းထောင်နဲ့ချီ ရှိနေတာပါ။

တစ်ဖက်မှာလည်း YouTube သုံးတာကို ကန့်သတ်ပိတ်ပင်မှုလုပ်ထားတဲ့နိုင်ငံတွေလည်း အတော်များများ ရှိပါတယ်။ တချို့နိုင်ငံတွေက YouTube ကို ယာယီကန့်သတ်ထားတာဖြစ်ပေမယ့် တချို့နိုင်ငံတွေကတော့ ပြန်ဖွင့်မပေးတော့ဘူး ထင်ရလောက်အောင် နှစ်ပေါင်းများစွာ ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတွေထဲကမှ YouTube သုံးစွဲမှု ပိတ်ပင်ထားတဲ့ နိုင်ငံ ၅ ခု အကြောင်း ဖော်ပြလိုက်ပါတယ်။

 

(၁) တရုတ်။

- Advertisement -

တရုတ်ဟာ ကမ္ဘာပေါ်မှာ နည်းပညာအထွန်းကားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကိုတော့ အတော်လေးကန့်သတ်ထားတဲ့နိုင်ငံထဲမှာ ပါပါတယ်။ တရုတ်မှာ YouTube ကို ပထမဆုံး စတင်ပိတ်ပစ်လိုက်တာက ၂၀၀၇ အောက်တိုဘာလကဖြစ်ပြီး ၅ လကြာ ပိတ်ပင်ခဲ့တာပါ။ အဲ့ဒီနောက် ၂၀၀၉ မတ်လအထိ YouTube သုံးခွင့် ပြန်ပေးခဲ့ပေမယ့် အဲ့ဒါ နောက်ဆုံးအကြိမ်လို့ ဆိုရမှာပါ။

- Advertisement -

၂၀၀၉ ကနေ ယနေ့အထိ တရုတ်မှာ YouTube သုံးမှုကို ပိတ်ထားဆဲ ဖြစ်ပါတယ်။ အခုလို ပိတ်ထားရတဲ့အကြောင်းတွေထဲမှာ လူတွေ ထင်ကြေးအများဆုံးပေးကြတာကတော့ တရုတ်မှာရှိတဲ့ ဆာဗာတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီလို့ဆိုတဲ့အချက်နဲ့ တရုတ်နိုင်ငံအတွင်း ဆင်ဆာတည်းဖြတ်မှုကို လက်မခံတာကြောင့်လို့ ဆိုပါတယ်။ YouTube ပိတ်ထားတဲ့ တရုတ်နိုင်ငံမှာ YouTube နဲ့ ဆင်တဲ့ Youko ဆိုတဲ့ တရုတ်နိုင်ငံသားပိုင် Video Streaming ပလက်ဖောင်းတစ်ခု ရှိပါတယ်။

 

(၂) မြောက်ကိုရီးယား။

ကမ္ဘာပေါ်က အထီးကျန်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားမှာ ၂၀၁၆ ခုနှစ် ဇွန်လကစပြီး Facebook ၊ Twitter ၊ YouTube နဲ့ တောင်ကိုရီးယားဝက်ဘ်ဆိုက်တွေ ဝင်ကြည့်လို့မရအောင် ပိတ်ပင်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အင်တာနက်သုံးစွဲမှုနဲ့ သတင်းအချက်အလက်ရယူမှုကို ဆိုးဆိုးဝါးဝါး ကန့်သတ်ထားတာဖြစ်လို့ မြောက်ကိုရီးယားမှာ YouTube သုံးမရတာ အဆန်းတော့ မဟုတ်ပါဘူး။

အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ရထားတဲ့ လူတချို့လောက်ပဲ အသုံးပြုနိုင်ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ အင်တာနက် ပိတ်ခံထားရတာဖြစ်လို့ YouTube ပိတ်ပင်မှုဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပုံ ရပါတယ်။ အင်တာနက်အစား မြောက်ကိုရီးယားမှာ Kwangmyong လို့ခေါ်တဲ့ ဆင်ဆာတည်းဖြတ်ထားတဲ့ အကြောင်းအရာတွေပဲ ကြည့်နိုင်မယ့် နိုင်ငံတွင်းသုံး Intranet တစ်ခုပဲ သုံးခွင့်ပေးထားပါတယ်။

 

(၃) အီရန်။

- Advertisement -

အီရန်နိုင်ငံဟာ ၂၀၁၂ ခုနှစ်မှစတင်ပြီး YouTube နဲ့ တခြား Google product တွေ အသုံးပြုလို့မရအောင် ပိတ်ချခဲ့ပါတယ်။ ပလက်ဖောင်းပေါ်တင်ခဲ့တဲ့ တမန်တော်မိုဟာမက်ကို လှောင်ပြောင်ထားတဲ့ Innocence of Muslims ရုပ်ရှင်နမူနာကြောင့် အခုလိုပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ ၂၀၀၆ နဲ့ ၂၀၀၉ တုန်းကလည်း YouTube ကို နှစ်ကြိမ်ပိတ်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။

 

(၄) ဆူဒန်။

ဆူဒန်ကလည်း အီရန်လိုပါပဲ။ အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ဆူဒန်မှာ YouTube ဟာ Innocence of Muslims ရုပ်ရှင်နမူနာ တင်ခဲ့တာကြောင့် ၂၀၁၂ ခုနှစ်ကစပြီး အပိတ်ခံခဲ့ရပါတယ်။ Reuters သတင်းအရ ဆူဒန်အာဏာပိုင်တွေဟာ ပဋိပက္ခဆောင်တဲ့ ဒီရုပ်ရှင်ကို ဖြုတ်ချဖို့ YouTube ကို တောင်းဆိုခဲ့ပေမယ့် လျစ်လျူရှုခဲ့တာကြောင့် အခုလို Ban ခဲ့တာလို့ ဆိုပါတယ်။

 

(၅) တာ့ခ်မန်နီစတန်။

တာ့ခ်မန်နီစတန်နိုင်ငံပိုင် Internet Service Provider ဟာ ၂၀၀၉ မှာ YouTube ကို ပိတ်ပင်ခဲ့ပါတယ်။ အစိုးရဌာနအနေနဲ့ ၎င်းတို့မကြိုက်တဲ့ ဝက်ဘ်ဆိုက်တွေ ဖယ်ရှားရာမှာ YouTube လည်း ပါသွားခဲ့တာ ဖြစ်ပါတယ်။ တာ့ခ်မန်နီစတန်မှာ မီဒီယာဆင်ဆာဖြတ်မှု တင်းကြပ်ထားတာကြောင့် နိုင်ငံသားအနည်းငယ်လောက်ပဲ အင်တာနက်ကဖေးတွေမှာ ID ပြပြီး အင်တာနက်သုံးရတယ်လို့လည်း ဆိုပါတယ်။

<Unicode Version>

 

 

YouTube သုံးစြဲခြင့္ ပိတ္ပင္ထားတဲ့ႏိုင္ငံမ်ား။

YouTube ဆိုတာ ကမာၻတစ္လႊား လူသုံးအမ်ားဆုံး ေဖ်ာ္ေျဖေရးအရင္းအျမစ္ႀကီးတစ္ခုလို႔ေတာင္ ေျပာလို႕ရပါတယ္။ YouTube ေပၚမွာ ဗဟုသုတရစရာေတြ ၊ ပညာေရးဆိုင္ရာေတြနဲ႕ ေဖ်ာ္ေျဖေရးဆိုင္ရာ Video Contents ေတြ သန္းနဲ႔ခ်ီ ရွိပါတယ္။ ဒါေၾကာင့္ပဲ YouTube မွာ တစ္လတစ္လ ဝင္ၾကည့္သူ သန္းေထာင္နဲ႔ခ်ီ ရွိေနတာပါ။

တစ္ဖက္မွာလည္း YouTube သုံးတာကို ကန႔္သတ္ပိတ္ပင္မႈလုပ္ထားတဲ့ႏိုင္ငံေတြလည္း အေတာ္မ်ားမ်ား ရွိပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြက YouTube ကို ယာယီကန႔္သတ္ထားတာျဖစ္ေပမယ့္ တခ်ိဳ႕ႏိုင္ငံေတြကေတာ့ ျပန္ဖြင့္မေပးေတာ့ဘူး ထင္ရေလာက္ေအာင္ ႏွစ္ေပါင္းမ်ားစြာ ပိတ္ထားတာ ျဖစ္ပါတယ္။ ဒီလို ႏိုင္ငံေတြထဲကမွ YouTube သုံးစြဲမႈ ပိတ္ပင္ထားတဲ့ ႏိုင္ငံ ၅ ခု အေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

 

(၁) တ႐ုတ္။

တ႐ုတ္ဟာ ကမာၻေပၚမွာ နည္းပညာအထြန္းကားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ေပမယ့္ ႏိုင္ငံသားေတြရဲ႕ အြန္လိုင္းလႈပ္ရွားမႈေတြကိုေတာ့ အေတာ္ေလးကန႔္သတ္ထားတဲ့ႏိုင္ငံထဲမွာ ပါပါတယ္။ တ႐ုတ္မွာ YouTube ကို ပထမဆုံး စတင္ပိတ္ပစ္လိုက္တာက ၂၀၀၇ ေအာက္တိုဘာလကျဖစ္ၿပီး ၅ လၾကာ ပိတ္ပင္ခဲ့တာပါ။ အဲ့ဒီေနာက္ ၂၀၀၉ မတ္လအထိ YouTube သုံးခြင့္ ျပန္ေပးခဲ့ေပမယ့္ အဲ့ဒါ ေနာက္ဆုံးအႀကိမ္လို႔ ဆိုရမွာပါ။

၂၀၀၉ ကေန ယေန႔အထိ တ႐ုတ္မွာ YouTube သုံးမႈကို ပိတ္ထားဆဲ ျဖစ္ပါတယ္။ အခုလို ပိတ္ထားရတဲ့အေၾကာင္းေတြထဲမွာ လူေတြ ထင္ေၾကးအမ်ားဆုံးေပးၾကတာကေတာ့ တ႐ုတ္မွာရွိတဲ့ ဆာဗာေတြရဲ႕ လိုအပ္ခ်က္နဲ႔ မကိုက္ညီလို႔ဆိုတဲ့အခ်က္နဲ႔ တ႐ုတ္ႏိုင္ငံအတြင္း ဆင္ဆာတည္းျဖတ္မႈကို လက္မခံတာေၾကာင့္လို႔ ဆိုပါတယ္။ YouTube ပိတ္ထားတဲ့ တ႐ုတ္ႏိုင္ငံမွာ YouTube နဲ႔ ဆင္တဲ့ Youko ဆိုတဲ့ တ႐ုတ္ႏိုင္ငံသားပိုင္ Video Streaming ပလက္ေဖာင္းတစ္ခု ရွိပါတယ္။

 

(၂) ေျမာက္ကိုရီးယား။

ကမာၻေပၚက အထီးက်န္ဆုံးႏိုင္ငံေတြထဲကတစ္ခုျဖစ္တဲ့ ေျမာက္ကိုရီးယားမွာ ၂၀၁၆ ခုႏွစ္ ဇြန္လကစၿပီး Facebook ၊ Twitter ၊ YouTube နဲ႔ ေတာင္ကိုရီးယားဝက္ဘ္ဆိုက္ေတြ ဝင္ၾကည့္လို႕မရေအာင္ ပိတ္ပင္ခ့ဲပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ အင္တာနက္သုံးစြဲမႈနဲ႔ သတင္းအခ်က္အလက္ရယူမႈကို ဆိုးဆိုးဝါးဝါး ကန႔္သတ္ထားတာျဖစ္လို႔ ေျမာက္ကိုရီးယားမွာ YouTube သုံးမရတာ အဆန္းေတာ့ မဟုတ္ပါဘူး။

အစိုးရရဲ႕ တရားဝင္ခြင့္ျပဳခ်က္ရထားတဲ့ လူတခ်ိဳ႕ေလာက္ပဲ အသုံးျပဳႏိုင္ၿပီး ေျမာက္ကိုရီးယားႏိုင္ငံသားေတြအေနနဲ႕ အင္တာနက္ ပိတ္ခံထားရတာျဖစ္လို႔ YouTube ပိတ္ပင္မႈဟာ ႏိုင္ငံျခားသားေတြကို ပစ္မွတ္ထားပုံ ရပါတယ္။ အင္တာနက္အစား ေျမာက္ကိုရီးယားမွာ Kwangmyong လို႔ေခၚတဲ့ ဆင္ဆာတည္းျဖတ္ထားတဲ့ အေၾကာင္းအရာေတြပဲ ၾကည့္ႏိုင္မယ့္ ႏိုင္ငံတြင္းသုံး Intranet တစ္ခုပဲ သုံးခြင့္ေပးထားပါတယ္။

 

(၃) အီရန္။

အီရန္ႏိုင္ငံဟာ ၂၀၁၂ ခုႏွစ္မွစတင္ၿပီး YouTube နဲ႔ တျခား Google product ေတြ အသုံးျပဳလို႕မရေအာင္ ပိတ္ခ်ခဲ့ပါတယ္။ ပလက္ေဖာင္းေပၚတင္ခဲ့တဲ့ တမန္ေတာ္မိုဟာမက္ကို ေလွာင္ေျပာင္ထားတဲ့ Innocence of Muslims ႐ုပ္ရွင္နမူနာေၾကာင့္ အခုလိုပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ အီရန္ဟာ ၂၀၀၆ နဲ႔ ၂၀၀၉ တုန္းကလည္း YouTube ကို ႏွစ္ႀကိမ္ပိတ္ခဲ့ဖူးတဲ့ ႏိုင္ငံျဖစ္ပါတယ္။

 

(၄) ဆူဒန္။

ဆူဒန္ကလည္း အီရန္လိုပါပဲ။ အစၥလာမ္ဘာသာကို အဓိကကိုးကြယ္တဲ့ဆူဒန္မွာ YouTube ဟာ Innocence of Muslims ႐ုပ္ရွင္နမူနာ တင္ခဲ့တာေၾကာင့္ ၂၀၁၂ ခုႏွစ္ကစၿပီး အပိတ္ခံခဲ့ရပါတယ္။ Reuters သတင္းအရ ဆူဒန္အာဏာပိုင္ေတြဟာ ပဋိပကၡေဆာင္တဲ့ ဒီ႐ုပ္ရွင္ကို ျဖဳတ္ခ်ဖို႕ YouTube ကို ေတာင္းဆိုခဲ့ေပမယ့္ လ်စ္လ်ဴရႈခဲ့တာေၾကာင့္ အခုလို Ban ခဲ့တာလို႔ ဆိုပါတယ္။

 

(၅) တာ့ခ္မန္နီစတန္။

တာ့ခ္မန္နီစတန္ႏိုင္ငံပိုင္ Internet Service Provider ဟာ ၂၀၀၉ မွာ YouTube ကို ပိတ္ပင္ခဲ့ပါတယ္။ အစိုးရဌာနအေနနဲ႕ ၄င္းတို႕မႀကိဳက္တဲ့ ဝက္ဘ္ဆိုက္ေတြ ဖယ္ရွားရာမွာ YouTube လည္း ပါသြားခဲ့တာ ျဖစ္ပါတယ္။ တာ့ခ္မန္နီစတန္မွာ မီဒီယာဆင္ဆာျဖတ္မႈ တင္းၾကပ္ထားတာေၾကာင့္ ႏိုင္ငံသားအနည္းငယ္ေလာက္ပဲ အင္တာနက္ကေဖးေတြမွာ ID ျပၿပီး အင္တာနက္သုံးရတယ္လို႔လည္း ဆိုပါတယ္။

<Zawgyi Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − 14 =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...