HomeTechTikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

- Advertisement -

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း ထွက်လာပြီးနောက် FCC ကော်မရှင်လူကြီးတစ်ဦးဖြစ်တဲ့ ကားက TikTok ကို App Stores တွေကနေ ban ဖို့အတွက် Apple နဲ့ Google ကို တောင်းဆိုခဲ့ပါတယ်။

TikTok ကုမ္ပဏီတွင်း အစည်းအဝေးကနေ ပေါက်ကြားလာတဲ့ အသံဖိုင်တွေကို စစ်ဆေးထားတဲ့ BuzzFeed သတင်းဌာနရဲ့ အစီရင်ခံကို ကိုးကားပြီး ကော်မရှင်နာမင်းကြီးက သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ TikTok ကို Google နဲ့ Apple တို့ရဲ့ App Store တွေပေါ်ကနေ ဖယ်ရှားပေးဖို့ ကုမ္ပဏီတွေကို တောင်းဆိုတိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။ “TikTok ဟာ ဗွီဒီယို App တစ်ခုပဲ မဟုတ်ဘူး။ ဒါက သိုးရေခြုံထားတာပဲ” လို့ FCC ကော်မရှင်မင်းကြီးရဲ့စာမှာ ဖော်ပြထားပါတယ်။

ပေါက်ကြားခဲ့တဲ့ အသံဖိုင်မှတ်တမ်းတွေအရဆို တရုတ်မှာရှိတဲ့ TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေဟာ အမေရိကန် User တွေဆီက အချက်အလက်တွေကို ကြိုက်သလို ရယူနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ လုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း TikTok ရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းရေးဌာန အဖွဲ့ဝင်တစ်ဦးက “အကုန်လုံးကို တရုတ်မှာ မြင်နိုင်တယ်” လို့လည်း အသံဖိုင်မှာ ပြောထားတယ်လို့ ဆိုပါတယ်။ နောက်ထပ် အစည်းအဝေးတစ်ခု၌ ဒါရိုက်တာတစ်ဦးက ဘေဂျင်းအင်ဂျင်နီယာတစ်ဦးကို အရာရာ ကြိုက်သလိုယူနိုင်တဲ့ Master Admin အဖြစ် တင်စားပြောကြားထားတယ်လို့ သိရပါတယ်။

BuzzFeed သတင်းဌာနရဲ့ အစီရင်ခံစာမထွက်ခင် နာရီပိုင်းအလိုက ကုမ္ပဏီဟာ အမေရိကန်သုံးစွဲသူတွေရဲ့ လမ်းကြောင်းအားလုံး Oracle Cloud Infrastructure သစ်တစ်ခုဆီ ရာနှုန်းပြည့် ပြောင်းရွှေ့ထားတယ်လို့ TikTok က ကြေညာခဲ့ပါတယ်။ ဒါဟာ TikTok အနေနဲ့ အမေရိကန်နိုင်ငံအတွင်း လူမှုကွန်ရက်သုံးစွဲသူတွေဆီက သတင်းအချက်အလက်ပေါ် ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး အမေရိကန်အာဏာပိုင်တွေရဲ့စိုးရိမ်မှုကို ဖြေရှင်းဖို့ လုပ်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

- Advertisement -

FCC ကော်မရှင်နာကားကတော့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သုံးစွဲသူတွေဆီက ကိုယ်ရေးအချက်အလက်တွေကို ကာယကံရှင်တွေကို အသိမပေးဘဲ ရယူပြီး ကြော်ငြာရှင်တွေ ရောင်းချတဲ့ ဒါဇင်နဲ့ချီတဲ့ အမှုတွေမှာ TikTok ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၉၂ သန်း လျော်လိုက်ရတဲ့ အချက်ကို ထောက်ပြပြီး TikTok ဟာ ထိလွယ်ရှလွယ်အချက်အလက်တွေကို အစစ်အဆေးမရှိ ဘေဂျင်းကနေ ရယူနိုင်တဲ့အတွက် လက်ခံနိုင်စရာမရှိတဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်တစ်ခု ဖြစ်လာကြောင်း ဖော်ပြထားပါတယ်။

TikTok ကို App Stores တွေပေါ်ကနေ ဖယ်ရှားဖို့ Google နဲ့ Apple တို့ဘက်က ငြင်းဆန်မယ်ဆိုရင် ဘာကြောင့် ဒီ App ကို ဖြုတ်မချသင့်တဲ့အကြောင်း ဇူလိုင် ၈ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

- Advertisement -

<Unicode Version>

 

 

TikTok ကို App Store ေတြကေန ျဖဳတ္ခ်ေတာ့မွာလား ? ? ?

TikTok သုံးစြဲတ့ဲ အေမရိကန္ႏိုင္ငံသားေတါဆီကေန လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို တ႐ုတ္အေျခစိုက္ TikTok ရဲ႕မိခင္ကုမၸဏီ ByteDance ဝန္ထမ္းေတြက ထပ္တလဲလဲ ရယူေနတယ္ဆိုၿပီး BuzzFeed သတင္းဌာန ေဖာ္ျပခ့ဲပါတယ္။ အဆိုပါသတင္း ထြက္လာၿပီးေနာက္ FCC ေကာ္မရွင္လူႀကီးတစ္ဦးျဖစ္တဲ့ ကားက TikTok ကို App Stores ေတြကေန ban ဖို႕အတြက္ Apple နဲ႔ Google ကို ေတာင္းဆိုခဲ့ပါတယ္။

TikTok ကုမၸဏီတြင္း အစည္းအေဝးကေန ေပါက္ၾကားလာတဲ့ အသံဖိုင္ေတြကို စစ္ေဆးထားတဲ့ BuzzFeed သတင္းဌာနရဲ႕ အစီရင္ခံကို ကိုးကားၿပီး ေကာ္မရွင္နာမင္းႀကီးက သူ႕ရဲ႕ အိတ္ဖြင့္ေပးစာမွာ TikTok ကို Google နဲ႔ Apple တို႔ရဲ႕ App Store ေတြေပၚကေန ဖယ္ရွားေပးဖို႔ ကုမၸဏီေတြကို ေတာင္းဆိုတိုက္တြန္းခဲ့ျခင္း ျဖစ္ပါတယ္။ “TikTok ဟာ ဗြီဒီယို App တစ္ခုပဲ မဟုတ္ဘူး။ ဒါက သိုးေရၿခဳံထားတာပဲ” လို႔ FCC ေကာ္မရွင္မင္းႀကီးရဲ႕စာမွာ ေဖာ္ျပထားပါတယ္။

ေပါက္ၾကားခဲ့တဲ့ အသံဖိုင္မွတ္တမ္းေတြအရဆို တ႐ုတ္မွာရွိတဲ့ TikTok ရဲ႕မိခင္ကုမၸဏီ ByteDance ဝန္ထမ္းေတြဟာ အေမရိကန္ User ေတြဆီက အခ်က္အလက္ေတြကို ႀကိဳက္သလို ရယူႏိုင္တယ္လို႔ ဆိုပါတယ္။ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလထဲမွာ လုပ္ခဲ့တဲ့ အစည္းအေဝးအတြင္း TikTok ရဲ႕ ယုံၾကည္မႈနဲ႔ ေဘးကင္းေရးဌာန အဖြဲ႕ဝင္တစ္ဦးက “အကုန္လုံးကို တ႐ုတ္မွာ ျမင္ႏိုင္တယ္” လို႔လည္း အသံဖိုင္မွာ ေျပာထားတယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္ အစည္းအေဝးတစ္ခု၌ ဒါ႐ိုက္တာတစ္ဦးက ေဘဂ်င္းအင္ဂ်င္နီယာတစ္ဦးကို အရာရာ ႀကိဳက္သလိုယူႏိုင္တဲ့ Master Admin အျဖစ္ တင္စားေျပာၾကားထားတယ္လို႕ သိရပါတယ္။

BuzzFeed သတင္းဌာနရဲ႕ အစီရင္ခံစာမထြက္ခင္ နာရီပိုင္းအလိုက ကုမၸဏီဟာ အေမရိကန္သုံးစြဲသူေတြရဲ႕ လမ္းေၾကာင္းအားလုံး Oracle Cloud Infrastructure သစ္တစ္ခုဆီ ရာႏႈန္းျပည့္ ေျပာင္းေ႐ႊ႕ထားတယ္လို႔ TikTok က ေၾကညာခဲ့ပါတယ္။ ဒါဟာ TikTok အေနနဲ႔ အေမရိကန္ႏိုင္ငံအတြင္း လူမႈကြန္ရက္သုံးစြဲသူေတြဆီက သတင္းအခ်က္အလက္ေပၚ ကိုင္တြယ္မႈနဲ႔ပတ္သက္ၿပီး အေမရိကန္အာဏာပိုင္ေတြရဲ႕စိုးရိမ္မႈကို ေျဖရွင္းဖို႔ လုပ္ေဆာင္လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။

- Advertisement -

FCC ေကာ္မရွင္နာကားကေတာ့ ၂၀၂၁ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ သုံးစြဲသူေတြဆီက ကိုယ္ေရးအခ်က္အလက္ေတြကို ကာယကံရွင္ေတြကို အသိမေပးဘဲ ရယူၿပီး ေၾကာ္ျငာရွင္ေတြ ေရာင္းခ်တဲ့ ဒါဇင္နဲ႔ခ်ီတဲ့ အမႈေတြမွာ TikTok ကုမၸဏီအေနနဲ႕ ေဒၚလာ ၉၂ သန္း ေလ်ာ္လိုက္ရတဲ့ အခ်က္ကို ေထာက္ျပၿပီး TikTok ဟာ ထိလြယ္ရွလြယ္အခ်က္အလက္ေတြကို အစစ္အေဆးမရွိ ေဘဂ်င္းကေန ရယူႏိုင္တဲ့အတြက္ လက္ခံႏိုင္စရာမရွိတဲ့ အမ်ိဳးသားလုံၿခဳံေရးအႏၲရာယ္တစ္ခု ျဖစ္လာေၾကာင္း ေဖာ္ျပထားပါတယ္။

TikTok ကို App Stores ေတြေပၚကေန ဖယ္ရွားဖို႔ Google နဲ႔ Apple တို႔ဘက္က ျငင္းဆန္မယ္ဆိုရင္ ဘာေၾကာင့္ ဒီ App ကို ျဖဳတ္မခ်သင့္တဲ့အေၾကာင္း ဇူလိုင္ ၈ ရက္ေန႔ ေနာက္ဆုံးထား ေျဖရွင္းေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

<Zawgyi Version>

 

#Soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine + fourteen =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...