HomeOtherလူတွေရဲ့မျက်နှာပေါ်မှာ မျိုးပွားလေ့ရှိတဲ့ ကပ်ပါးကောင်အကြောင်း။

လူတွေရဲ့မျက်နှာပေါ်မှာ မျိုးပွားလေ့ရှိတဲ့ ကပ်ပါးကောင်အကြောင်း။

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လူတွေရဲ့မျက်နှာမှာနေထိုင်ပြီး မျိုးပွားတဲ့ ကပ်ပါးပိုးကောင်များရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ လူတွေကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ” Molecular Biology and Evolution ” ဂျာနယ်ရဲ့ ဖော်ပြချက်အရ ဝ.၃ မီလီမီတာရှည်တဲ့ သက်ရှိကောင်တွေကို မျက်ခုံး၊ မျက်တောင်နဲ့ နှာခေါင်းနားတို့မှာတွေ့ရှိနိုင်ပြီး အဏုကြည့်မှန်ဘီလူးနဲ့ကြည့်မှသာ တွေ့မြင်ရနိုင်တဲ့ ကပ်ပါးပိုးတစ်မျိုး Demodex folliculorum ( ဒီမိုဒက် ဖော့လစ်ကလိုရမ် ) ကို ပညာရှင်တွေဟာ အာရုံစိုက်လေ့လာခဲ့ပါတယ်။

Demodex brevis ( ဒီမိုဒက် ဘရက်ဗစ်စ်) ဆိုတဲ့ မျက်နှာရှိ အခြားပိုးမွှားအမျိုးအစားကိုတော့ လေ့လာမှု ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အစောပိုင်းလေ့လာမှုများအရ လူအယောက် ၁၀၀ မှာ ၅၀ လောက်က အဆိုပါပိုးမွှားတွေကို သယ်ဆောင်သွားနိုင်ပြီး ၎င်းတို့ကို မမြင်ရပေမယ့် အရေအတွက်အားဖြင့် များစွာတည်ရှိပါတယ်။ အကြောင်းမှာ သိပ္ပံပညာရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ ဆင့်ကဲဖြစ်စဉ်သမိုင်း ဒါမှမဟုတ် ညဘက်မှာပဲ ဖြစ်နေရတဲ့ အကြောင်းအရင်းကို မသိရှိကြလို့ပဲ ဖြစ်ပါတယ်။

University of Reading မှ ကျောရိုးမဲ့ဇီဝဗေဒ လက်ထောက်ပါမောက္ခ အဲ့လက်ဟန်ဒရာ ပက်ရောတီက အဆိုပါကပ်ပါးကောင်တွေဟာ အရေပြား ချွေးပေါက်များနဲ့ အခြားဘေးကင်းတဲ့နေရာမှာ နေထိုင်ရန် ဆင့်ကဲပြောင်းလဲလာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီပိုးမွှားတွေရဲ့ ထူးဆန်းတဲ့ ရုပ်ပိုင်းဆိုင်ရာ စရိုက်များနဲ့ အပြုအမူများကို ဖြစ်ပေါ်စေတဲ့ DNA ဗီဇပြောင်းလဲမှုများကို သုတေသီများက မှတ်တမ်းတင်ခဲ့ပါတယ်။ တွေ့ရှိချက်များအရ အဆိုပါကပ်ပါးကောင်မျိုးစိတ်ဟာ မယုံနိုင်လောက်အောင် ကြီးထွားလာကြောင်း သက်သေပြနိုင်ခဲ့ပြီး ရှင်သန်ကြီးထွားဖို့အတွက် အနည်းဆုံး ပရိုတင်းဓာတ် လိုအပ်ကြောင်း သုတေသီများက ကောက်ချက်ချခဲ့ပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -

လူေတြရဲ႕မ်က္ႏွာေပၚမွာ မ်ိဳးပြားေလ့ရွိတဲ့ ကပ္ပါးေကာင္အေၾကာင္း။

ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ လူေတြရဲ႕မ်က္ႏွာမွာေနထိုင္ၿပီး မ်ိဳးပြားတဲ့ ကပ္ပါးပိုးေကာင္မ်ားရဲ႕ မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈေတြဟာ လူေတြကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ” Molecular Biology and Evolution ” ဂ်ာနယ္ရဲ႕ ေဖာ္ျပခ်က္အရ ဝ.၃ မီလီမီတာရွည္တဲ့ သက္ရွိေကာင္ေတြကို မ်က္ခုံး၊ မ်က္ေတာင္နဲ႕ ႏွာေခါင္းနားတို႔မွာေတြ႕ရွိႏိုင္ၿပီး အဏုၾကည့္မွန္ဘီလူးနဲ႔ၾကည့္မွသာ ေတြ႕ျမင္ရႏိုင္တဲ့ ကပ္ပါးပိုးတစ္မ်ိဳး Demodex folliculorum ( ဒီမိုဒက္ ေဖာ့လစ္ကလိုရမ္ ) ကို ပညာရွင္ေတြဟာ အာ႐ုံစိုက္ေလ့လာခဲ့ပါတယ္။

Demodex brevis ( ဒီမိုဒက္ ဘရက္ဗစ္စ္) ဆိုတဲ့ မ်က္ႏွာရွိ အျခားပိုးမႊားအမ်ိဳးအစားကိုေတာ့ ေလ့လာမႈ ျပဳလုပ္ခ့ဲျခင္းမရွိဘူးလို႕ သိရပါတယ္။ အေစာပိုင္းေလ့လာမႈမ်ားအရ လူအေယာက္ ၁၀၀ မွာ ၅၀ ေလာက္က အဆိုပါပိုးမႊားေတြကို သယ္ေဆာင္သြားႏိုင္ၿပီး ၄င္းတို႕ကို မျမင္ရေပမယ့္ အေရအတြက္အားျဖင့္ မ်ားစြာတည္ရွိပါတယ္။ အေၾကာင္းမွာ သိပၸံပညာရွင္ေတြအေနနဲ႕ ၄င္းတို႔ရဲ႕ ဆင့္ကဲျဖစ္စဥ္သမိုင္း ဒါမွမဟုတ္ ညဘက္မွာပဲ ျဖစ္ေနရတဲ့ အေၾကာင္းအရင္းကို မသိရွိၾကလို႔ပဲ ျဖစ္ပါတယ္။

University of Reading မွ ေက်ာ႐ိုးမဲ့ဇီဝေဗဒ လက္ေထာက္ပါေမာကၡ အဲ့လက္ဟန္ဒရာ ပက္ေရာတီက အဆိုပါကပ္ပါးေကာင္ေတြဟာ အေရျပား ေခြၽးေပါက္မ်ားနဲ႕ အျခားေဘးကင္းတဲ့ေနရာမွာ ေနထိုင္ရန္ ဆင့္ကဲေျပာင္းလဲလာတာျဖစ္ေၾကာင္း ေျပာၾကားခ့ဲပါတယ္။ ဒါ့အျပင္ ဒီပိုးမႊားေတြရဲ႕ ထူးဆန္းတဲ့ ႐ုပ္ပိုင္းဆိုင္ရာ စ႐ိုက္မ်ားနဲ႕ အျပဳအမူမ်ားကို ျဖစ္ေပၚေစတဲ့ DNA ဗီဇေျပာင္းလဲမႈမ်ားကို သုေတသီမ်ားက မွတ္တမ္းတင္ခဲ့ပါတယ္။ ေတြ႕ရွိခ်က္မ်ားအရ အဆိုပါကပ္ပါးေကာင္မ်ိဳးစိတ္ဟာ မယုံႏိုင္ေလာက္ေအာင္ ႀကီးထြားလာေၾကာင္း သက္ေသျပႏိုင္ခ့ဲၿပီး ရွင္သန္ႀကီးထြားဖို႔အတြက္ အနည္းဆုံး ပ႐ိုတင္းဓာတ္ လိုအပ္ေၾကာင္း သုေတသီမ်ားက ေကာက္ခ်က္ခ်ခ့ဲပါတယ္။

<Zawgyi Version>

 

#soshwe

#soshwenews

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen + 12 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...