Breaking News

အိပ်ခါနီး ဖုန်းသုံးတတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ။

အိပ်ရာမဝင်ခင် ဖုန်းသုံးတတ်တဲ့အကျင့်ဟာ စွဲလန်းစေနိုင်သလို ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အိပ်ခါနီးဖုန်းသုံးတတ်တဲ့အကျင့်က သင့်ကျန်းမာရေးတစ်ခုလုံးကို ဘယ်လိုသက်ရောက်နေလဲဆိုတာသိနိုင်ဖို့ သုတေသနတစ်ချို့ ပြုလုပ်ခဲ့ကြပါတယ်။

 

၁။ မျက်လုံးကို ထိခိုက်စေခြင်း။

Facebook ကို နာရီပေါင်းများစွာကြည့်ပြီးနောက် သင့်အမြင်အာရုံတွေ ဝေဝါးသလို ခံစားရတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း ခံစားရတာမဟုတ်ပါဘူး။ သင်စမတ်ဖုန်းအသုံးပြုနေစဉ်မှာ မျက်လုံးတွေတင်းကျပ်နေပြီး ပင်ပန်းနွမ်းနယ်ကာ ညောင်းလာနိုင်ပါတယ်။ သင့်မျက်လုံးကို မထိခိုက်စေဖို့ ဖုန်းရဲ့အလင်းရောင်ကို လျှော့ထားဖို့လိုအပ်ပြီး ဖုန်းကိုအကြာကြီး အသုံးမပြုဖို့ အရေးကြီးပါတယ်။

 

၂။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း။

ရှည်လျားတဲ့နေ့ရက်အဆုံးမှာ သင်အိပ်ရာဝင်ခါနီး Message တွေကို စစ်ဆေးခြင်း ဒါမှမဟုတ် သတင်းဖတ်ခြင်းတို့ပြုလုပ်ရင်း အချိန်ပိုကြာသွားစေနိုင်ပါတယ်။ ဒီအကျင့်က ညဘက်မှာ သင့်ကိုကောင်းကောင်းအိပ်မပျော်အောင် တားဆီးနိုင်ပါတယ်။ စမတ်ဖုန်းကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းဟာ သင့်အမြင်အာရုံကို ထိခိုက်စေရုံမက သင့်ရဲ့အိပ်စက်ခြင်း၊ နိုးထခြင်းစက်ဝန်းကိုလည်း နှောင့်ယှက်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုတွေကို ပိုဖြစ်စေနိုင်ပါတယ်။

 

၃။ လည်ပင်းနာခြင်းကို ဖြစ်စေခြင်း။

လည်ပင်းနာခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ခံစားမှုကို ရင်းနှီးတယ်ဆိုရင် အိပ်ရာထဲမှာ ဖုန်းအသုံးပြုခြင်းကို မပြုလုပ်သင့်ပါဘူး။ အိပ်ရာထဲမှာဖုန်းသုံးခြင်းက လည်ပင်းနာခြင်းကို ပိုဆိုးရွားစေနိုင်ပါတယ်။ လည်ပင်းရှိကြွက်သားတွေကို တင်းမာစေကာ နာကျင်မှုကို ခံစားရစေပါတယ်။

 

၄။ အသားအရေကို လျင်မြန်စွာ အိုမင်းရင့်ရော်စေခြင်း။

ဈေးကြီးတဲ့ skincare တွေအတွက် ပိုက်ဆံအများကြီး အကုန်ခံနေပေမယ့် အိပ်ရာထဲမှာ ဖုန်းသုံးနေအုန်းမယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့ကြိုးစားအားထုတ်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ  ဖြစ်ပါတယ်။ သင့်အနေနဲ့ ဖုန်းကိုငုံ့ကြည့်တဲ့အခါ လည်ပင်းအရေပြားတွေ ဖြစ်ပေါ်လာစေပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။

<Unicode Version>

 

 

အိပ္ခါနီး ဖုန္းသံုးတတ္ျခင္းေၾကာင့္ ျဖစ္ေပၚလာႏုိင္တ့ဲ က်န္းမာေရးဆိုးက်ိဳးမ်ား။

အိပ္ရာမဝင္ခင္ ဖုန္းသံုးတတ္္တဲ့အက်င့္ဟာ စြဲလန္းေစႏိုင္သလုိ က်န္းမာေရးကိုလည္း ဆုိး႐ြားစြာ ထိခိုက္ေစႏုိင္ပါတယ္။ အိပ္ခါနီးဖုန္းသံုးတတ္တဲ့အက်င့္က သင့္က်န္းမာေရးတစ္ခုလံုးကို ဘယ္လုိသက္္ေရာက္ေနလဲဆုိတာသိႏုိင္ဖုိ႔ သုေတသနတစ္ခ်ိဳ႕ ျပဳလုပ္ခဲ့ၾကပါတယ္။

 

၁။ မ်က္လံုးကို ထိခုိက္ေစျခင္း။

Facebook ကို နာရီေပါင္းမ်ားစြာၾကည့္ၿပီးေနာက္ သင့္အျမင္အာ႐ံုေတြ ေဝဝါးသလုိ ခံစားရတယ္ဆုိရင္ ဒါဟာ သင္တစ္ေယာက္တည္း ခံစားရတာမဟုတ္ပါဘူး။ သင္စမတ္ဖုန္းအသံုးျပဳေနစဥ္မွာ မ်က္လံုးေတြတင္းက်ပ္ေနၿပီး ပင္ပန္းႏြမ္းနယ္ကာ ေညာင္းလာႏုိင္ပါတယ္။ သင့္မ်က္္လံုးကို မထိခုိက္ေစဖို႔ ဖုန္းရဲ႕အလင္းေရာင္ကို ေလွ်ာ႕ထားဖို႕လိုအပ္ၿပီး ဖုန္းကိုအၾကာႀကီး အသံုးမျပဳဖုိ႔ အေရးႀကီးပါတယ္။

 

၂။ အိပ္စက္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစျခင္း။

႐ွည္လ်ားတဲ့ေန႔ရက္အဆံုးမွာ သင္အိပ္ရာဝင္ခါနီး Message ေတြကို စစ္ေဆးျခင္း ဒါမွမဟုတ္ သတင္းဖတ္ျခင္းတို႔ျပဳလုပ္ရင္း အခ်ိန္ပိုၾကာသြားေစႏုိင္ပါတယ္။ ဒီအက်င့္က ညဘက္မွာ သင့္ကိုေကာင္းေကာင္္းအိပ္မေပ်ာ္ေအာင္ တားဆီးႏုိင္ပါတယ္။ စမတ္ဖုန္းကေနထြက္လာတဲ့ အျပာေရာင္္အလင္းတန္းဟာ သင့္အျမင္အာ႐ံုကို ထိခုိက္ေစ႐ံုမက သင့္ရဲ႕အိပ္စက္ျခင္း၊ ႏိုးထျခင္းစက္ဝန္းကိုလည္း ေႏွာင့္ယွက္ႏုိင္ၿပီး က်န္းမာေရးဆုိင္ရာ ႐ႈပ္ေထြးမႈေတြကို ပိုျဖစ္ေစႏုိင္ပါတယ္။

 

၃။ လည္ပင္းနာျခင္းကို ျဖစ္ေစျခင္း။

လည္ပင္းနာျခင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရတဲ့ ခံစားမႈကို ရင္းႏွီးတယ္ဆုိရင္ အိပ္ရာထဲမွာ ဖုန္းအသံုးျပဳျခင္းကို မျပဳလုပ္သင့္ပါဘူး။ အိပ္ရာထဲမွာဖုန္းသံုးျခင္းက လည္ပင္းနာျခင္းကို ပိုဆုိး႐ြားေစႏုိင္ပါတယ္။ လည္ပင္း႐ွိၾကြက္သားေတြကို တင္းမာေစကာ နာက်င္မႈကို ခံစားရေစပါတယ္။

 

၄။ အသားအေရကို လ်င္ျမန္စြာ အိုမင္းရင့္ေရာ္ေစျခင္း။

ေစ်းႀကီးတဲ့ skincare ေတြအတြက္ ပိုက္ဆံအမ်ားႀကီး အကုန္ခံေနေပမယ့္ အိပ္ရာထဲမွာ ဖုန္းသံုးေနအုန္းမယ္ဆုိရင္ေတာ့ ဒါဟာ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈအားလံုးကို ဖ်က္ဆီးပစ္လုိက္တာပဲ  ျဖစ္ပါတယ္။ သင့္အေနနဲ႕ ဖုန္းကိုငံု႔ၾကည့္တဲဲ့အခါ လည္ပင္းအေရျပားေတြ ျဖစ္္ေပၚလာေစၿပီး အိုမင္းရင့္ေရာ္္မႈကို ျဖစ္္ေစႏုိင္ပါတယ္။

<Zawgyi Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

သားသားမီးမီးတို့အတွက် Ovaltine ရဲ့ Smart Book App

သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကိုဖန်တီးဖို့ . . . သင်ခန်းစာအသစ်တွေလေ့လာရင်း ပျော်ရွှင်စရာဂိမ်းတွေနဲ့အတူ . . . ပဟေဠိတွေလည်း ဆော့လိုက်ရအောင် . . . …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro