ဟောင်ကောင်မြို့ရဲ့ အထင်ကရ ရေပေါ်စားသောက်ဆိုင်ဟာ တောင်တရုတ်ပင်လယ်ထဲက ပါရာဆယ်ကျွန်းစုအနီးမှာ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ Jumbo Kingdom စားသောက်ဆိုင်ဟာ ၃ ထပ်သင်္ဘောကို တရုတ်နန်းတော်ပုံစံ မွမ်းမံပြင်ဆင်ထားတာဖြစ်ပြီး ၁၉၇၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)၊ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ ဟောလိဝုဒ်မင်းသား တွမ်ခရုစ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ လာရောက်စားသောက်ခဲ့ဖူးပြီး ဘရုစ်လီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Enter the Dragon ဇာတ်ကား၊ The Man with the Golden Gun ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကိုလည်း အဲဒီနေရာမှာ ရိုက်ကူးခဲ့ဖူးပါတယ်။
ဒါပေမယ့် Covid – 19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ရေပေါ်စားသောက်ဆိုင်ကို ပိတ်ထားခဲ့ရပြီး ဒီစားသောက်ဆိုင်ကို ဝယ်ယူမယ့် ပိုင်ရှင်သစ်ကို စောင့်ဆိုင်းနေတုန်းမှာ နေရာပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်အချို့က ရေပေါ်စားသောက်ဆိုင်သင်္ဘောကြီးကို ဆွဲသင်္ဘောတွေနဲ့ နေရာရွှေ့ခဲ့ရာမှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တိမ်းမှောက်နစ်မြုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရေအောက်အနက် မီတာ ၁၀၀၀ ကျော်မှာ နစ်မြုပ်သွားတာဖြစ်လို့ ပြန်လည်ဆယ်ယူဖို့ အရမ်းခက်ခဲမယ်လို့သိရပြီး ဒီဖြစ်ရပ်မှာ လူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။
ဟောင်ကောင်မြို့ရဲ့ အထင်ကရအရာတစ်ခု အခုလိုမျိုး အဆုံးသတ်သွားခဲ့ရတဲ့အပေါ် မြို့ခံလူထုက အလိုမကျဖြစ်နေကြပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီနောက်မှာတော့ ဟောင်ကောင်အစိုးရက သင်္ဘောတိမ်းမှောက်နစ်မြုပ်သွားတဲ့ အသေးစိတ်အချက်အလက်တွေကို အစီရင်ခံဖို့ ပိုင်ရှင်ထံ အကြောင်းကြားတယ်လို့ သတင်းရရှိပါတယ်။
<Unicode Version>
ပင္လယ္ထဲနစ္ျမဳပ္သြားတ့ဲ ေဟာင္ေကာင္ၿမိဳ႕ရဲ႕ အထင္ကရေရေပၚစားေသာက္ဆိုင္သေဘၤာႀကီး။
ေဟာင္ေကာင္ၿမိဳ႕ရဲ႕ အထင္ကရ ေရေပၚစားေသာက္ဆိုင္ဟာ ေတာင္တ႐ုတ္ပင္လယ္ထဲက ပါရာဆယ္ကြၽန္းစုအနီးမွာ နစ္ျမဳပ္သြားခဲ့တယ္လို႕ သိရပါတယ္။ Jumbo Kingdom စားေသာက္ဆိုင္ဟာ ၃ ထပ္သေဘၤာကို တ႐ုတ္နန္းေတာ္ပုံစံ မြမ္းမံျပင္ဆင္ထားတာျဖစ္ၿပီး ၁၉၇၆ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။
ၿဗိတိန္ဘုရင္မႀကီး အဲလိစဘတ္(၂)၊ အေမရိကန္သမၼတ ဂ်င္မီကာတာ၊ ေဟာလိဝုဒ္မင္းသား တြမ္ခ႐ုစ္တို႔အပါအဝင္ ကမာၻေက်ာ္ပုဂၢိဳလ္ေတြ လာေရာက္စားေသာက္ခဲ့ဖူးၿပီး ဘ႐ုစ္လီ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Enter the Dragon ဇာတ္ကား၊ The Man with the Golden Gun ဂ်ိမ္းစ္ဘြန္းဇာတ္ကားေတြကိုလည္း အဲဒီေနရာမွာ ႐ိုက္ကူးခဲ့ဖူးပါတယ္။
ဒါေပမယ့္ Covid – 19 ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ မတ္လကတည္းက ေရေပၚစားေသာက္ဆိုင္ကို ပိတ္ထားခဲ့ရၿပီး ဒီစားေသာက္ဆိုင္ကို ဝယ္ယူမယ့္ ပိုင္ရွင္သစ္ကို ေစာင့္ဆိုင္းေနတုန္းမွာ ေနရာေျပာင္းေ႐ႊ႕ဖို႕ စီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္အခ်ိဳ႕က ေရေပၚစားေသာက္ဆိုင္သေဘၤာႀကီးကို ဆြဲသေဘၤာေတြနဲ႔ ေနရာေ႐ႊ႕ခဲ့ရာမွာ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း တိမ္းေမွာက္နစ္ျမဳပ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ေရေအာက္အနက္ မီတာ ၁၀၀၀ ေက်ာ္မွာ နစ္ျမဳပ္သြားတာျဖစ္လို႔ ျပန္လည္ဆယ္ယူဖို႔ အရမ္းခက္ခဲမယ္လို႔သိရၿပီး ဒီျဖစ္ရပ္မွာ လူတစ္ဦးတစ္ေယာက္မွ် ဒဏ္ရာရခဲ့ျခင္းမရွိပါဘူး။
ေဟာင္ေကာင္ၿမိဳ႕ရဲ႕ အထင္ကရအရာတစ္ခု အခုလိုမ်ိဳး အဆုံးသတ္သြားခဲ့ရတဲ့အေပၚ ၿမိဳ႕ခံလူထုက အလိုမက်ျဖစ္ေနၾကၿပီး လူမႈကြန္ရက္ေပၚမွာ ေဝဖန္ခ်က္ေတြ ထြက္ေပၚလာပါတယ္။ အဲဒီေနာက္မွာေတာ့ ေဟာင္ေကာင္အစိုးရက သေဘၤာတိမ္းေမွာက္နစ္ျမဳပ္သြားတဲ့ အေသးစိတ္အခ်က္အလက္ေတြကို အစီရင္ခံဖို႔ ပိုင္ရွင္ထံ အေၾကာင္းၾကားတယ္လို႕ သတင္းရရွိပါတယ္။
<Zawgyi Version>
#soshwe
#soshwenews
#soshweforyourdailylife
#likeandshare