Breaking News

မျောက်ကျောက်ရောဂါ စတင်ဖြစ်ပွားနေပြီဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံ။

အခုနှစ်ထဲ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံအပြင် တောင်ကိုရီးယားမှာလည်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါနိုင်ငံတွေက မျောက်ကျောက်ရောဂါ ဖြစ်ပွားနေတဲ့ အတည်ပြုလူနာ တွေ့ရှိခဲ့တယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံက အတည်ပြုလူနာဟာ ဇွန်လ ၁၅ ရက်နဲ့ ဇွန်လ ၁၇ ရက်ကြား စင်ကာပူမှာ နေထိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဉီးပါ။ သူဟာ ပြီးခဲ့တဲ့အပတ်မှာ အရေပြားနီမြန်းလာပြီး ခေါင်းကိုက်တာနဲ့ ဖျားနာတာကို ခံစားခဲ့ရပြီးနောက် မျောက်ကျောက်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ “အဲဒီကာလအတွင်း ဇွန်လ ၁၆ ရက်နေ့မှာ အနှိပ်ခန်းသွားတာနဲ့ စားသောက်ဆိုင် (၃) ဆိုင်သွားတာကလွဲလို့ ဟိုတယ်ခန်းမှာပဲ အများဆုံးနေခဲ့တာပါ” လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအမျိုးသားနဲ့ အနီးကပ်ထိတွေ့ခဲ့သူ (၁၃) ဉီးကို ဖော်ထုတ်ခဲ့ပြီး အဆက်အသွယ်လုပ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အတည်ပြုလူနာအမျိုးသားကတော့ ကူးစက်ရောဂါအမျိုးသားဗဟိုဌာနမှာ ကုသမှုခံယူနေပါတယ်။

တောင်ကိုရီးယားနိုင်ငံက အတည်ပြုလူနာကတော့ ဇွန်လ ၂၁ ရက်နေ့က ဂျာမနီနိုင်ငံကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဉီး ဖြစ်ပါတယ်။ အဆိုပါ တောင်ကိုရီးယားနိုင်ငံသားက ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးအေဂျင်စီထံ သူကိုယ်တိုင် အစီအရင်ခံခဲ့ခြင်းဖြစ်ကာ ဆိုးလ်မြို့ရဲ့ ဆေးရုံတစ်ခုမှာ ကုသလျက်ရှိပါတယ်။ အဆိုပါအတည်ပြုလူနာဟာ တောင်ကိုရီးယားနိုင်ငံကို ပြန်မလာခင် ခေါင်းကိုက်ခဲ့ပြီး ပြန်ရောက်ချိန်မှာတော့ ဖျားနာတာ၊ လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းလျတာနဲ့ အရည်ကြည်ဖုတွေ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်အချို့က နိုင်ငံအတွင်းဝင်လာခဲ့တဲ့ နိုင်ငံခြားသားတစ်ဉီးလည်း မျောက်ကျောက်ရောဂါလက္ခဏာတွေ ခံစားခဲ့ရတာကြောင့် ဘူဆန်မြို့က ဆေးရုံကို ပို့ဆောင်ထားပြီး သံသယရှိလူနာအဖြစ် သတ်မှတ်ထားပါတယ်။ နောက်ထပ် သံသယရှိလူနာ (၁) ဉီးကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မျောက်ကျောက်ရောဂါရဲ့ကနဉီးလက္ခဏာရပ်တွေက ဖျားနာတာ၊ ချမ်းတုန်တာ၊ ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားအားနည်းတာလို တုပ်ကွေးရောဂါနဲ့ တူပါတယ်။ နောက်ပိုင်းကျမှ အရေပြားနီမြန်းရောင်ရမ်းပြီး ခန္ဓာကိုယ်အနှံ့မှာ အဖုအပိမ့်တွေနဲ့ အရည်ကြည်ဖုတွေဖြစ်လာပါတယ်။ မျောက်ကျောက်ရောဂါခံစားရတဲ့ကာလက (၂) ပတ်ကနေ (၄) ပတ်အထိကြာမြင့်ပါတယ်။

မျောက်ကျောက်ရောဂါက အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီရောဂါဖြစ်ပွားလေ့မရှိတဲ့ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ (၂၅၀၀) ကျော် တွေ့ရှိခဲ့ရပါတယ်။

<Unicode Version>

 

 

ေမ်ာက္ေက်ာက္ေရာဂါ စတင္ျဖစ္ပြားေနၿပီျဖစ္တ့ဲ အေရွ႕ေတာင္အာရွႏိုင္ငံတႏိုင္ငံ။

အခုႏွစ္ထဲ ျဖစ္ပြားေနတဲ့ ေမ်ာက္ေက်ာက္ေရာဂါကို အေရွ႕ေတာင္အာရွႏိုင္ငံျဖစ္တဲ့ စင္ကာပူႏိုင္ငံအျပင္ ေတာင္ကိုရီးယားမွာလည္း ေတြ႕ရွိခဲ့ပါတယ္။ အဆိုပါႏိုင္ငံေတြက ေမ်ာက္ေက်ာက္ေရာဂါ ျဖစ္ပြားေနတ့ဲ အတည္ျပဳလူနာ ေတြ႕ရွိခဲ့တယ္ဆိုတာကို ထုတ္ျပန္ခဲ့ပါတယ္။

စင္ကာပူႏိုင္ငံက အတည္ျပဳလူနာဟာ ဇြန္လ ၁၅ ရက္နဲ႔ ဇြန္လ ၁၇ ရက္ၾကား စင္ကာပူမွာ ေနထိုင္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံသားတစ္ဉီးပါ။ သူဟာ ၿပီးခ့ဲတ့ဲအပတ္မွာ အေရျပားနီျမန္းလာၿပီး ေခါင္းကိုက္တာနဲ႔ ဖ်ားနာတာကို ခံစားခဲ့ရၿပီးေနာက္ ေမ်ာက္ေက်ာက္ေရာဂါကို စစ္ေဆးေတြ႕ရွိခဲ့တာပါ။ “အဲဒီကာလအတြင္း ဇြန္လ ၁၆ ရက္ေန႔မွာ အႏွိပ္ခန္းသြားတာနဲ႔ စားေသာက္ဆိုင္ (၃) ဆိုင္သြားတာကလြဲလို႔ ဟိုတယ္ခန္းမွာပဲ အမ်ားဆုံးေနခဲ့တာပါ” လို႔ စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အဲဒီအမ်ိဳးသားနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ (၁၃) ဉီးကို ေဖာ္ထုတ္ခဲ့ၿပီး အဆက္အသြယ္လုပ္ဖို႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ အတည္ျပဳလူနာအမ်ိဳးသားကေတာ့ ကူးစက္ေရာဂါအမ်ိဳးသားဗဟိုဌာနမွာ ကုသမႈခံယူေနပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံက အတည္ျပဳလူနာကေတာ့ ဇြန္လ ၂၁ ရက္ေန႔က ဂ်ာမနီႏိုင္ငံကေန ျပန္လည္ေရာက္ရွိလာခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံသားတစ္ဉီး ျဖစ္ပါတယ္။ အဆိုပါ ေတာင္ကိုရီးယားႏိုင္ငံသားက ကိုရီးယားေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးေအဂ်င္စီထံ သူကိုယ္တိုင္ အစီအရင္ခံခ့ဲျခင္းျဖစ္ကာ ဆိုးလ္ၿမိဳ႕ရဲ႕ ေဆး႐ုံတစ္ခုမွာ ကုသလ်က္ရွိပါတယ္။ အဆိုပါအတည္ျပဳလူနာဟာ ေတာင္ကိုရီးယားႏိုင္ငံကို ျပန္မလာခင္ ေခါင္းကိုက္ခဲ့ၿပီး ျပန္ေရာက္ခ်ိန္မွာေတာ့ ဖ်ားနာတာ၊ လည္ေခ်ာင္းနာတာ၊ ပင္ပန္းႏြမ္းလ်တာနဲ႔ အရည္ၾကည္ဖုေတြ ျဖစ္လာခဲ့ပါတယ္။

ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က ႏိုင္ငံအတြင္းဝင္လာခဲ့တဲ့ ႏိုင္ငံျခားသားတစ္ဉီးလည္း ေမ်ာက္ေက်ာက္ေရာဂါလကၡဏာေတြ ခံစားခဲ့ရတာေၾကာင့္ ဘူဆန္ၿမိဳ႕က ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး သံသယရွိလူနာအျဖစ္ သတ္မွတ္ထားပါတယ္။ ေနာက္ထပ္ သံသယရွိလူနာ (၁) ဉီးကိုလည္း စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါရဲ႕ကနဉီးလကၡဏာရပ္ေတြက ဖ်ားနာတာ၊ ခ်မ္းတုန္တာ၊ ပင္ပန္းႏြမ္းလ်တာ၊ ေခါင္းကိုက္တာ၊ ႂကြက္သားအားနည္းတာလို တုပ္ေကြးေရာဂါနဲ႔ တူပါတယ္။ ေနာက္ပိုင္းက်မွ အေရျပားနီျမန္းေရာင္ရမ္းၿပီး ခႏၶာကိုယ္အႏွံ႔မွာ အဖုအပိမ့္ေတြနဲ႔ အရည္ၾကည္ဖုေတြျဖစ္လာပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါခံစားရတဲ့ကာလက (၂) ပတ္ကေန (၄) ပတ္အထိၾကာျမင့္ပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါက အေနာက္အာဖရိကနဲ႔ ဗဟိုအာဖရိကေတြမွာ အျဖစ္မ်ားေလ့ရွိပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ အဲဒီေရာဂါျဖစ္ပြားေလ့မရွိတဲ့ ဩစေၾတးလ်နဲ႔ အေမရိကန္ႏိုင္ငံအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူ (၂၅၀၀) ေက်ာ္ ေတြ႕ရွိခဲ့ရပါတယ္။

<Zawgyi Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သားသားမီးမီးတို့အတွက် Ovaltine ရဲ့ Smart Book App

သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကိုဖန်တီးဖို့ . . . သင်ခန်းစာအသစ်တွေလေ့လာရင်း ပျော်ရွှင်စရာဂိမ်းတွေနဲ့အတူ . . . ပဟေဠိတွေလည်း ဆော့လိုက်ရအောင် . . . …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro