Soshwe ရဲ့ စာဖတ်ပရိသတ်တွေထဲမှာ အာမခံအကြောင်းကို စိတ်ဝင်စားတဲ့သူတွေများ ရှိကြသလား ? ? ?
ဒါဆိုရင်တော့ လာမယ့် ဇွန်လ (၂၅) ရက်နေ့ကျရင် “လုံခြုံကြွယ်ဝတဲ့ အနာဂတ်ဆီသို့ အာမခံအသိပညာမျှဝေစို့ ” National Insurance Awareness Day အထိမ်းအမှတ်အဖြစ် GGI Nippon Life မှ ကျင်းပသွားဖို့ရှိကြောင်း လက်တို့လိုက်ပါရစေ . . .
ဒီပွဲကို Junction Square ရဲ့ ပရိုမိုးရှင်းဧရိယာမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်လိုထူးထူးခြားခြားအစီအစဉ်တွေပါဝင်မလဲဆိုရင် . . .
– ဘဏ္ဍာရေးဆိုင်ရာအာမခံအကြံပေးများနဲ့ အခမဲ့ဆွေးနွေးတိုင်ပင်ခွင့်။
– ဆရာဝန်များနဲ့ အခမဲ့ ကျန်းမာရေးစစ်ဆေးနိုင်ခွင့်။
– ခန္ဓာကိုယ်အလေးချိန်၊ အရပ်၊ အဆီအချိုး (BMI) အခမဲ့တိုင်းနိုင်ခွင့်။
– ကလေးများအတွက် ပန်းချီရေးဆွဲနိုင်မယ့် ကစားကွင်းနေရာ။
– Spin Wheel လေးလှည့်ပြီး ရင်ခုန်ကံစမ်းခွင့် ၊ ဓာတ်ပုံပြိုင်ပွဲအစီအစဉ် စတာတွေအပြင် အခြားအစီအစဉ်များစွာလည်း ပါဝင်မှာဖြစ်ပါတယ်နော် . . .
အာမခံအကြောင်းလည်း သိချင်တာမေးလို့ရ၊ အစီအစဉ်တွေမှာလည်း ဆင်နွှဲလို့ရမယ့် ဒီပွဲလေးဆီကို GGI Nippon Life ချစ်သူတို့အားလုံး အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် . . .
ကဲ… ဇွန်လ (၂၅) ရက်နေ့ junction square ပရိုမိုးရှင်းဧရိယာ မှာ တူတူဆုံကြမယ်နော်!
<Unicode Version>
<Zawgyi Version>