Breaking News

စိတ်ရောဂါဆရာဝန်တစ်ဦးကသုံးသပ်ထားတဲ့ Amber Heard ရဲ့ စိတ်အခြေအနေ။

Johnny Depp နဲ့ဇနီးဟောင်း Amber Heard တို့ရဲ့ ကမ္ဘာကျော်အသရေဖျက်မှုတရားခွင်ကြီး ပြီးဆုံးသွားပေမယ့် ဂယက်တွေကတော့ အခုချိန်ထိ ဆက်လက်ရိုက်ခတ်နေဆဲပါ။ အမှုရှုံးသွားတဲ့ Amber ဟာ Depp ကိုနစ်နာကြေးအနေနဲ့ ဒေါ်လာ ၈ သန်းပေးဆောင်ရမှာဖြစ်ပေမယ့် ပေးနိုင်တဲ့အခြေအနေမရှိတဲ့အပြင် တရားခွင်မှာတင် လိမ်လည်နေတာတောင်မဟုတ်ဘဲ နောက်ပိုင်းအင်တာဗျူးတွေမှာလည်း ဆက်လိမ်နေတယ်လို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်က ထုတ်ပြောလာပါတယ်။

ကျွမ်းကျင်စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ Angelica ဟာ သူမရဲ့ Rise beyond Abuse ဆိုတဲ့ You Tube Channel ကနေတဆင့် အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအတွက် အကူအညီတွေ၊ ကုသရေးတွေလုပ်ပေးနေတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ Amber တို့တရားခွင်စကတည်းက သူမဟာ တရားခွင် Video တွေကိုလိုက်ကြည့်ပြီး မှတ်ချက်တွေပေးနေသူတစ်ယောက် ဖြစ်ပါတယ်။

“ကျွန်မမြင်မိတာကတော့ အရမ်းအတ္တကြီးလွန်းတဲ့လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပါ။ ဒီနေရာမှာသူမက သေတဲ့အထိ တရားရင်ဆိုင်သွားမယ်လို ပြောထားတယ်။ ဟုတ်တာပေါ့ . . . အတ္တကြီးတဲ့လူတွေ လုပ်တတ်တာက သေတဲ့အထိသူတို့မမှားဘူးဆိုပြီး လိမ်တာလေ။ အတ္တသမားတွေရဲ့ လက်စွဲဆောင်ပုဒ်က ဘာလဲသိလား? သေတဲ့အထိလိမ်တဲ့! သူကတော့ ဟိုးအသက်ငယ်ငယ်လေးထဲက လိမ်ခဲ့တာဖြစ်မယ်။ သူကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကြောင့် ဒီလိုပုံစံဖြစ်သွားတာ” ဆိုပြီး သူမရဲ့ထင်မြင်ချက်ကို ဝေမျှခဲ့ပါတယ်။

လိမ်လည်ခြင်းဟာ Amber အတွက်တော့ ပုံမှန်လိုဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။ ဒါမှမဟုတ် သူမအနေနဲ့ လိမ်နေတာကို ကိုယ်တိုင်သတိမထားမိနိုင်တော့တာပဲဖြစ်ဖြစ်၊ ဘယ်လိုမှကို မခံစားရတော့တာတောင် ဖြစ်နိုင်ပါတယ်တဲ့။ “လိမ်လည်ခြင်းက သူ့အတွက်တော့ ထုံးစံဖြစ်နေပါပြီ။ ဒီတရားခွင်ကလည်း သူမလိမ်လည်မှုရဲ့ အစိတ်အပိုင်းအကြီးကြီးတစ်ခုပါ။ တကယ်အိမ်တွင်းအကြမ်းဖက်မှုတွေကို ကျော်ဖြတ်ခဲ့ရတဲ့ ကျွန်မတို့တော်တော်များများ အဲ့ဒီအချက်ကိုလက်ခံကြပါတယ်။’ ဆိုပြီး သုံးသပ်ပြောဆိုခဲ့ပါတယ်။

<Unicode Version>

 

 

 

စိတ္ေရာဂါဆရာဝန္တစ္ဦးကသုံးသပ္ထားတ့ဲ Amber Heard ရဲ႕ စိတ္အေျခအေန။

Johnny Depp နဲ႔ဇနီးေဟာင္း Amber Heard တို႔ရဲ႕ ကမာၻေက်ာ္အသေရဖ်က္မႈတရားခြင္ႀကီး ၿပီးဆုံးသြားေပမယ့္ ဂယက္ေတြကေတာ့ အခုခ်ိန္ထိ ဆက္လက္႐ိုက္ခတ္ေနဆဲပါ။ အမႈရႈံးသြားတဲ့ Amber ဟာ Depp ကိုနစ္နာေၾကးအေနနဲ႔ ေဒၚလာ ၈ သန္းေပးေဆာင္ရမွာျဖစ္ေပမယ့္ ေပးႏိုင္တဲ့အေျခအေနမရွိတဲ့အျပင္ တရားခြင္မွာတင္ လိမ္လည္ေနတာေတာင္မဟုတ္ဘဲ ေနာက္ပိုင္းအင္တာဗ်ဴးေတြမွာလည္း ဆက္လိမ္ေနတယ္လို႔ စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္က ထုတ္ေျပာလာပါတယ္။

ကြၽမ္းက်င္စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္ျဖစ္တဲ့ Angelica ဟာ သူမရဲ႕ Rise beyond Abuse ဆိုတဲ့ You Tube Channel ကေနတဆင့္ အိမ္တြင္းအၾကမ္းဖက္မႈခံရတဲ့ အမ်ိဳးသမီးေတြအတြက္ အကူအညီေတြ၊ ကုသေရးေတြလုပ္ေပးေနတဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္ပါတယ္။ Amber တို႔တရားခြင္စကတည္းက သူမဟာ တရားခြင္ Video ေတြကိုလိုက္ၾကည့္ၿပီး မွတ္ခ်က္ေတြေပးေနသူတစ္ေယာက္ ျဖစ္ပါတယ္။

“ကြၽန္မျမင္မိတာကေတာ့ အရမ္းအတၱႀကီးလြန္းတဲ့လူတစ္ေယာက္ရဲ႕ စ႐ိုက္လကၡဏာေတြပါ။ ဒီေနရာမွာသူမက ေသတဲ့အထိ တရားရင္ဆိုင္သြားမယ္လို ေျပာထားတယ္။ ဟုတ္တာေပါ့ . . . အတၱႀကီးတဲ့လူေတြ လုပ္တတ္တာက ေသတဲ့အထိသူတို႔မမွားဘူးဆိုၿပီး လိမ္တာေလ။ အတၱသမားေတြရဲ႕ လက္စြဲေဆာင္ပုဒ္က ဘာလဲသိလား? ေသတဲ့အထိလိမ္တဲ့! သူကေတာ့ ဟိုးအသက္ငယ္ငယ္ေလးထဲက လိမ္ခဲ့တာျဖစ္မယ္။ သူကိုယ္တိုင္ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအႏိုင္က်င့္မႈေတြေၾကာင့္ ဒီလိုပုံစံျဖစ္သြားတာ” ဆိုၿပီး သူမရဲ႕ထင္ျမင္ခ်က္ကို ေဝမွ်ခဲ့ပါတယ္။

လိမ္လည္ျခင္းဟာ Amber အတြက္ေတာ့ ပုံမွန္လိုျဖစ္ေနၿပီလို႔လည္း ေျပာခဲ့ပါတယ္။ ဒါမွမဟုတ္ သူမအေနနဲ႕ လိမ္ေနတာကို ကိုယ္တိုင္သတိမထားမိႏိုင္ေတာ့တာပဲျဖစ္ျဖစ္၊ ဘယ္လိုမွကို မခံစားရေတာ့တာေတာင္ ျဖစ္ႏိုင္ပါတယ္တဲ့။ “လိမ္လည္ျခင္းက သူ႕အတြက္ေတာ့ ထုံးစံျဖစ္ေနပါၿပီ။ ဒီတရားခြင္ကလည္း သူမလိမ္လည္မႈရဲ႕ အစိတ္အပိုင္းအႀကီးႀကီးတစ္ခုပါ။ တကယ္အိမ္တြင္းအၾကမ္းဖက္မႈေတြကို ေက်ာ္ျဖတ္ခဲ့ရတဲ့ ကြၽန္မတို႔ေတာ္ေတာ္မ်ားမ်ား အဲ့ဒီအခ်က္ကိုလက္ခံၾကပါတယ္။’ ဆိုၿပီး သုံးသပ္ေျပာဆိုခ့ဲပါတယ္။

<Zawgyi Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro