HomeOtherစုဆောင်းထားတဲ့ အကြွေစေ့တွေနဲ့ ကားဝယ်ယူခဲ့တဲ့ အိန္ဒိယအမျိုးသား။

စုဆောင်းထားတဲ့ အကြွေစေ့တွေနဲ့ ကားဝယ်ယူခဲ့တဲ့ အိန္ဒိယအမျိုးသား။

- Advertisement -

အိန္ဒိယအမျိုးသားတစ်ဦးဟာ တန်ဖိုးကြီးကားတစ်စီးကို အကြွေစေ့များဖြင့် ဝယ်ယူခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က တမီးလ်နာဒူမြို့မှာတေထိုင်တဲ့ Vetrivel လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ Rs 6 သိန်းတန် (မြန်မာငွေ သိန်း ၁၄၀ ကျော်) ကားတစ်စီးကို Rs 10 တန် အကြွေစေ့တွေဖြင့် ဝယ်ပြီးနောက် လူမှုမီဒီယာပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။

သူဟာ အဆိုပါကားကို ဝယ်ယူနိုင်ဖို့အတွက် အကြွေစေ့တွေကို တစ်လခန့် စုဆောင်းခဲ့တယ်လို့ သိရပါတယ်။ အကြွေစေ့အထုပ်နဲ့ ဓမ္မပူရီရှိ ကားအရောင်းဆိုင်ကို ကားဝယ်ဖို့ သွားရောက်တဲ့အချိန်မှာလည်း ဆိုင်ဝန်ထမ်းတွေအားလုံး အကြီးအကျယ် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ Vetrivel ရဲ့ မိခင်ဖြစ်သူဟာ ကုန်စုံဆိုင်တစ်ဆိုင်ဖွင့်ထားပြီး သူမအနေနဲ့ ဝယ်သူတွေပေးတဲ့ Rs 10 အကြွေစေ့တွေကို လက်ခံရပေမယ့် ပြန်ပေးတဲ့ အခါလက်မခံတဲ့ ဖောက်သည်များနဲ့ ကြုံတွေ့ခဲ့ပါတယ်။

အချိန်ကြာလာတဲ့အခါမှာတော့ ဖောက်သည်တွေ လက်မခံချင်တဲ့ အကြွေစေ့တွေက အိမ်မှာများပြားလာခဲ့ပြီး အဆိုပါအကြွေစေ့တွေကို ဘဏ်များကလည်း  အသုံးပြုဖို့ ဝန်လေးကြပါတယ်။ ကားအရောင်းကိုယ်စားလှယ်များကတော့ အရောင်းအဝယ်ပြုလုပ်ဖို့ ကနဦးမှာ ချီတုံချတုံဖြစ်နေပေမယ့် Vetrivel ရဲ့ လုပ်ရပ်ကို လေးစားသောအားဖြင့် သူလိုချင်တဲ့ကားကို ရောင်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအချို့ကလည်း အာသံပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ဟင်းသီးဟင်းရွက်ရောင်းရတဲ့ အကြွေစေ့များဖြင့် စကူတာအသစ်တစ်လုံးဝယ်ယူခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

- Advertisement -

<Zawgyi Version>

 

- Advertisement -

 

 

စုေဆာင္းထားတဲ့ အေႂကြေစ့ေတြနဲ႕ ကားဝယ္ယူခ့ဲတ့ဲ အိႏၵိယအမ်ိဳးသား။

အိႏၵိယအမ်ိဳးသားတစ္ဦးဟာ တန္ဖိုးႀကီးကားတစ္စီးကို အေႂကြေစ့မ်ားျဖင့္ ဝယ္ယူခဲ့တယ္ဆိုတဲ့ ျဖစ္ရပ္တစ္ခု လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႕ခ့ဲပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က တမီးလ္နာဒူၿမိဳ႕မွာေတထိုင္တ့ဲ Vetrivel လို႔ အမည္ရတဲ့ အမ်ိဳးသားတစ္ဦးဟာ Rs 6 သိန္းတန္ (ျမန္မာေငြ သိန္း ၁၄၀ ေက်ာ္) ကားတစ္စီးကို Rs 10 တန္ အေႂကြေစ့ေတြျဖင့္ ဝယ္ၿပီးေနာက္ လူမႈမီဒီယာေပၚမွာ ေရပန္းစားလာခ့ဲပါတယ္။

သူဟာ အဆိုပါကားကို ဝယ္ယူႏိုင္ဖို႔အတြက္ အေႂကြေစ့ေတြကို တစ္လခန႔္ စုေဆာင္းခဲ့တယ္လို႕ သိရပါတယ္။ အေႂကြေစ့အထုပ္နဲ႔ ဓမၼပူရီရွိ ကားအေရာင္းဆိုင္ကို ကားဝယ္ဖို႔ သြားေရာက္တဲ့အခ်ိန္မွာလည္း ဆိုင္ဝန္ထမ္းေတြအားလုံး အႀကီးအက်ယ္ အံ့အားသင့္ခဲ့ရတယ္လို႔ ဆိုပါတယ္။ Vetrivel ရဲ႕ မိခင္ျဖစ္သူဟာ ကုန္စံုဆိုင္တစ္ဆိုင္ဖြင့္ထားၿပီး သူမအေနနဲ႕ ဝယ္သူေတြေပးတ့ဲ Rs 10 အေႂကြေစ့ေတြကို လက္ခံရေပမယ့္ ျပန္ေပးတဲ့ အခါလက္မခံတဲ့ ေဖာက္သည္မ်ားနဲ႔ ႀကဳံေတြ႕ခဲ့ပါတယ္။

အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ ေဖာက္သည္ေတြ လက္မခံခ်င္တဲ့ အေႂကြေစ့ေတြက အိမ္မွာမ်ားျပားလာခဲ့ၿပီး အဆိုပါအေႂကြေစ့ေတြကို ဘဏ္မ်ားကလည္း  အသုံးျပဳဖို႔ ဝန္ေလးၾကပါတယ္။ ကားအေရာင္းကိုယ္စားလွယ္မ်ားကေတာ့ အေရာင္းအ၀ယ္ျပဳလုပ္ဖို႔ ကနဦးမွာ ခ်ီတုံခ်တုံျဖစ္ေနေပမယ့္ Vetrivel ရဲ႕ လုပ္ရပ္ကို ေလးစားေသာအားျဖင့္ သူလိုခ်င္တဲ့ကားကို ေရာင္းေပးခဲ့ပါတယ္။ ၿပီးခ့ဲတ့ဲ လအခ်ိဳ႕ကလည္း အာသံျပည္နယ္မွ အမ်ိဳးသားတစ္ဦးဟာ ဟင္းသီးဟင္း႐ြက္ေရာင္းရတဲ့ အေႂကြေစ့မ်ားျဖင့္ စကူတာအသစ္တစ္လုံးဝယ္ယူခဲ့တဲ့ ျဖစ္ရပ္လည္း ရွိခဲ့ပါတယ္။

<Zawgyi Version>

- Advertisement -

 

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − four =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...