Breaking News

ပြည်သူ့ဘဏ္ဍာငွေနဲ့ Bitcoin တွေ ဝယ်ယူပြီး ဒုက္ခရောက်နေတဲ့ သမ္မတ။

အယ်လ်ဆာဗေဒိုသမ္မတ နာယစ် ဘူကီလီဟာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်ပြီးနောက် အကြီးအကျယ် ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မတဟာ Bitcoin မှာ ရင်းနှီးမြှပ်နှံမှုလုပ်တဲ့အနေနဲ့ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ Bitcoin ၄၁၀ ကို ဒေါ်လာ ၁၅ သန်းဖိုးဝယ်ယူခဲ့ပြီး အဲ့ဒီအချိန်က Bitcoin တန်ဖိုးဟာ ဒေါ်လာ ၄၃၀၀၀ ကနေ ၃၅၀၀၀ တဝိုက် ရောက်ရှိခဲ့ပါတယ်။

ဒီအရင် ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းကလည်း Bitoicn ၄၂၀ ဝယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Bitcoin ဈေးဟာ တစ်ခုကို ဒေါ်လာ ၆၀၃၀၀ ကျော်ရှိခဲ့ပြီး သမ္မတရဲ့ Bitcoin ဝယ်ယူမှုဟာ ဒါနဲ့တင် ရပ်မသွားခဲ့ပါဘူး။ Bitcoin ကို အရူးအမူး ဝယ်ယူစုဆောင်းသူတစ်ဦးဖြစ်တဲ့ သမ္မတ နာယစ်ဘူကီလီဟာ ပြီးခဲ့တဲ့မေလထဲမှာလည်း Bitcoin ဈေးကျနေတဲ့အချိန် နောက်ထပ် BTC 500 ကို ဒေါ်လာ ၁၅ သန်းဖိုး ထပ်ဝယ်လိုက်ကြောင်း Twitter မှာ Tweet ခဲ့ပါသေးတယ်။

သမ္မတနာယစ်ရဲ့ Tweet ထဲမှာ ပျမ်းမျှဈေး ဒေါ်လာ ၃၀၇၄၄ နှုန်းနဲ့ Bitcoin ၅၀၀ ဝယ်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အယ်လ်ဆာဗေဒိုဟာ လက်ရှိအချိန်မှာ Bitcoin ပေါင်း ၂၃၀၁ ကွိုင်အထိ ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန် Bitcoin ပေါက်ဈေးဟာ ဒေါ်လာ ၂၃၀၀၀ ဝန်းကျင်မှာရှိလို့ တန်ဖိုးအားဖြင့် စုစုပေါင်း ဒေါ်လာ ၅၃ သန်းပဲ တန်ကြေးရှိပါတော့တယ်။ ဒါဟာ သမ္မတဘူကီလီ ဝယ်စဉ်က ပေးခဲ့ရတဲ့ ဒေါ်လာ ၁၀၅.၆ သန်းရဲ့ ထက်ဝက်ခန့်ပဲ ရှိတာဖြစ်လို့ တစ်ဝက်လောက် ရှုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။

သမ္မတနာယစ် ဦးဆောင်တဲ့ အယ်လ်ဆာဗေဒိုအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ Bitcoin ကို နိုင်ငံရဲ့တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ပြီးနောက် ဒါဟာ နိုင်ငံရဲ့ ဆိုးဝါးတဲ့စီးပွားရေးအခြေအနေကို ပုံဖျက်ဖို့ သမ္မတဘူကီလီရဲ့ပါတီက အကွက်ဆင်လိုက်တာဆိုပြီးလည်း ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ Bitcoin ဥပဒေကို အာဏာရှင်ဆန်ဆန် အတည်ပြုပြဌာန်းလိုက်တဲ့အပေါ် မကျေနပ်ချက်တွေ ရှိနေကြပြီး Bitcoin ဟာ ဆင်းရဲနွမ်းပါးတဲ့ လက်တင်အမေရိကနိုင်ငံအတွက် ငွေကြေးမတည်ငြိမ်မှုနဲ့ ငွေကြေးစနစ် ဖောင်းပွမှုတွေ ယူဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။

Bitcoin အပါအဝင် Cryptocurrency တွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်မှုအပေါ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အပါအဝင် စီးပွားရေးသမားအများအပြားကလည်း သတိပေးမှုတွေ ရှိကြပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် လက်ခံထားတဲ့ နိုင်ငံအနေနဲ့ အယ်လ်ဆာဗေဒိုနဲ့ ဗဟိုအာဖရိကနိုင်ငံတို့ပဲ ရှိပါသေးတယ်။

<Unicode Version>

 

 

 

ျပည္သူ႕ဘ႑ာေငြနဲ႕ Bitcoin ေတြ ဝယ္ယူၿပီး ဒုကၡေရာက္ေနတ့ဲ သမၼတ။

အယ္လ္ဆာေဗဒိုသမၼတ နာယစ္ ဘူကီလီဟာ Bitcoin ကို ႏိုင္ငံရဲ႕ တရားဝင္ေငြေၾကးအျဖစ္ သတ္မွတ္လိုက္ၿပီးေနာက္ အႀကီးအက်ယ္ ဝယ္ယူမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သမၼတဟာ Bitcoin မွာ ရင္းႏွီးျမႇပ္ႏွံမႈလုပ္တဲ့အေနနဲ႔ ဒီႏွစ္ ဇန္နဝါရီလကုန္ပိုင္းမွာ Bitcoin ၄၁၀ ကို ေဒၚလာ ၁၅ သန္းဖိုးဝယ္ယူခ့ဲၿပီး အဲ့ဒီအခ်ိန္က Bitcoin တန္ဖိုးဟာ ေဒၚလာ ၄၃၀၀၀ ကေန ၃၅၀၀၀ တဝိုက္ ေရာက္ရွိခ့ဲပါတယ္။

ဒီအရင္ ၂၀၂၁ ေအာက္တိုဘာလကုန္ပိုင္းကလည္း Bitoicn ၄၂၀ ဝယ္ယူမႈ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က Bitcoin ေဈးဟာ တစ္ခုကို ေဒၚလာ ၆၀၃၀၀ ေက်ာ္ရွိခ့ဲၿပီး သမၼတရဲ႕ Bitcoin ဝယ္ယူမႈဟာ ဒါနဲ႔တင္ ရပ္မသြားခဲ့ပါဘူး။ Bitcoin ကို အ႐ူးအမူး ဝယ္ယူစုေဆာင္းသူတစ္ဦးျဖစ္တဲ့ သမၼတ နာယစ္ဘူကီလီဟာ ၿပီးခဲ့တဲ့ေမလထဲမွာလည္း Bitcoin ေဈးက်ေနတ့ဲအခ်ိန္ ေနာက္ထပ္ BTC 500 ကို ေဒၚလာ ၁၅ သန္းဖိုး ထပ္ဝယ္လိုက္ေၾကာင္း Twitter မွာ Tweet ခ့ဲပါေသးတယ္။

သမၼတနာယစ္ရဲ႕ Tweet ထဲမွာ ပ်မ္းမွ်ေဈး ေဒၚလာ ၃၀၇၄၄ ႏႈန္းနဲ႔ Bitcoin ၅၀၀ ဝယ္ခဲ့တယ္ဆိုၿပီး ေဖာ္ျပထားပါတယ္။ အယ္လ္ဆာေဗဒိုဟာ လက္ရွိအခ်ိန္မွာ Bitcoin ေပါင္း ၂၃၀၁ ကြိဳင္အထိ ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ၿပီး လက္ရွိအခ်ိန္ Bitcoin ေပါက္ေဈးဟာ ေဒၚလာ ၂၃၀၀၀ ဝန္းက်င္မွာရွိလို႔ တန္ဖိုးအားျဖင့္ စုစုေပါင္း ေဒၚလာ ၅၃ သန္းပဲ တန္ေၾကးရွိပါေတာ့တယ္။ ဒါဟာ သမၼတဘူကီလီ ဝယ္စဥ္က ေပးခဲ့ရတဲ့ ေဒၚလာ ၁၀၅.၆ သန္းရဲ႕ ထက္ဝက္ခန႔္ပဲ ရွိတာျဖစ္လို႔ တစ္ဝက္ေလာက္ ရႈံးသြားတယ္လို႔ ဆိုႏိုင္ပါတယ္။

သမၼတနာယစ္ ဦးေဆာင္တဲ့ အယ္လ္ဆာေဗဒိုအစိုးရအဖြဲ႕ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလထဲမွာ Bitcoin ကို ႏိုင္ငံရဲ႕တရားဝင္ေငြေၾကးအျဖစ္ သတ္မွတ္ၿပီးေနာက္ ဒါဟာ ႏိုင္ငံရဲ႕ ဆိုးဝါးတဲ့စီးပြားေရးအေျခအေနကို ပုံဖ်က္ဖို႔ သမၼတဘူကီလီရဲ႕ပါတီက အကြက္ဆင္လိုက္တာဆိုၿပီးလည္း ဆႏၵျပမႈေတြ ရွိခဲ့ပါတယ္။ Bitcoin ဥပေဒကို အာဏာရွင္ဆန္ဆန္ အတည္ျပဳျပဌာန္းလိုက္တဲ့အေပၚ မေက်နပ္ခ်က္ေတြ ရွိေနၾကၿပီး Bitcoin ဟာ ဆင္းရဲႏြမ္းပါးတဲ့ လက္တင္အေမရိကႏိုင္ငံအတြက္ ေငြေၾကးမတည္ၿငိမ္မႈနဲ႔ ေငြေၾကးစနစ္ ေဖာင္းပြမႈေတြ ယူေဆာင္လာမွာကို စိုးရိမ္ေနၾကပါတယ္။

Bitcoin အပါအဝင္ Cryptocurrency ေတြကို တရားဝင္ေငြေၾကးအျဖစ္ သတ္မွတ္မႈအေပၚ ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕ IMF အပါအဝင္ စီးပြားေရးသမားအမ်ားအျပားကလည္း သတိေပးမႈေတြ ရွိၾကပါတယ္။ ေလာေလာဆယ္ ကမာၻေပၚမွာ Bitcoin ကို ႏိုင္ငံရဲ႕ တရားဝင္ေငြေၾကးအျဖစ္ လက္ခံထားတဲ့ ႏိုင္ငံအေနနဲ႔ အယ္လ္ဆာေဗဒိုနဲ႔ ဗဟိုအာဖရိကႏိုင္ငံတို႔ပဲ ရွိပါေသးတယ္။

<Zawgyi Version>

 

#soshwe

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

နည်းပညာအခြေစိုက် Mobile Application တစ်ခုကြောင့်် ပိုင်ဆိုင်မှုဒေါ်လာ သုံးပုံတစ်ပုံအထိ မြင့်တက်လာတဲ့ ဟောင်ကောင်သူဌေးကြီး Li Ka-shing

ဟောင်ကောင်သူဌေးကြီးဖြစ်တဲ့ Li Ka-shing ဟာ ကိုဗစ်ရောဂါပျံ့နှံ့ချိန်က စတင်ပြီး စီးပွါးရေးနယ်ပယ်မှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း မြို့အတွင်း အချမ်းသာဆုံး သူဌေးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro