HomeBanking & Financeဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

- Advertisement -

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့ပါတယ်။ ဝန်ထမ်းပေါင်း ၁၁၀၀ ဝန်းကျင်ကို အလုပ်ဖြုတ်ခဲ့တာဖြစ်ပြီး လူလျှော့တဲ့သတင်းကြောင့် Coinbase ရှယ်ယာဟာ ၅% ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားပျက်ကပ်ထဲ ဝင်ရောက်နိုင်ခြေရှိလို့ အခုလိုလူလျှော့တာလို့လည်း အမှုဆောင်အရာရှိချုပ် ဘရိုင်ယန် အမ်းစ်ထရောင်းက ဆိုပါတယ်။

“၁၀ နှစ်ကျော်ကြာ စီးပွားရေးတိုးတက်မှုတွေဖြစ်ပြီးနောက် စီးပွားရေးပျက်ကပ်ထဲ ဝင်ရောက်ဖို့ရှိပါတယ်။ စီးပွားရေးပျက်ကပ်က နောက်ထပ် Crypto ဆောင်းရာသီတစ်ခုဆီ ဦးတည်နိုင်ပါတယ်။ ထပ်ပြီးလည်း ကြာနိုင်ပါတယ်။” လို့ ဘရိုင်ယန် အမ်းစ်ထရောင်းရဲ့ ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားပါတယ်။

Crypto ချေးငွေလုပ်ငန်း Celsius Network ဟာ ငွေအထုတ် ၊ အသွင်း ပိတ်ချပြီးနောက် ကမ္ဘာ့အကြီးဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ဟာ တနင်္လာနေ့မှာ ၁၄% ကျဆင်းခဲ့ပြီး 1BTC ကို ဒေါ်လာ ၂၂၀၀၀ အောက် ရောက်သွားခဲ့ပါတယ်။ Coinbase ကုမ္ပဏီကလည်း အဲ့လိုအချိန်မျိုးမှာ ဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်တာဖြစ်ပြီး အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေကို အီးမေးလ်ပို့ အကြောင်းကြားသွားမယ်လို့လည်း အမ်းစ်ထရောင်းက ပြောကြားခဲ့ပါတယ်။

- Advertisement -

အခုလဆန်းပိုင်းကပဲ Coinbase ဟာ ဝန်ထမ်းသစ်ခေါ်ယူမှု ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သလို ကုမ္ပဏီဒေဝါလီခံရရင် သုံးစွဲသူတွေ အပ်ထားတဲ့ Crypto တွေ ဆုံးမယ်လို့လည်း သတိပေးထားပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 3 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...