Twitter ဝန်ထမ်းတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ခဲ့တဲ့ ဘီလျံနာ အီလွန်မတ်စ်ဟာ မကြာသေးခင်ကပဲ TikTok ကို စပြီးသုံးဖြစ်ကြောင်းနဲ့ TikTok ကနေတဆင့် Twitter ရဲ့ User Experience အတွက် အတုယူစရာတွေရှိမယ်လို့ ထင်မှတ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ဆို သူ့ရဲ့ဝန်ထမ်းတွေဖြစ်လာမယ့် Twitter ဝန်ထမ်းတွေနဲ့ စကားပြောရာမှာ အီလွန်မတ်စ်က လူကြိုက်များလာနေတဲ့ TikTok အကြောင်း ထည့်ပြောခဲ့ပြီး သူလည်း ဒီ App ကို သုံးဖြစ်ကြောင်း ထည့်ပြောခဲ့ပါတယ်။
“ကျွန်တော် တစ်ချက်သုံးကြည့်တယ်။ ခင်ဗျားကို ပျင်းမနေအောင် သူတို့တကယ်ကောင်းကောင်း လုပ်ထားတာပဲ” လို့ မတ်စ်က ဆိုပါတယ်။ TikTok ကို ဥပမာပေးပြီး သူ့အနေနဲ့ Twitter မှာ ပျင်းစရာကောင်းတဲ့ အကြောင်းအရာတွေ တင်နေတာမျိုး မလိုချင်ဘူးလို့ပါ ပြောသွားပါတယ်။
“ကျွန်တော်ပြောချင်တာက ဒါက ADD (Attention Deficit Disorder) လိုမျိုး ခံစားနေရတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ နောက်တစ်ဆင့် ရောက်သွားသလိုမျိုး ဖြစ်နေတယ်။” လို့ မတ်စ်က ပြောပါတယ်။ TikTok ဟာ အသုံးပြုသူတွေကို တစ်ချက်လေးမှ ပျင်းစရာမရှိဘဲ ကြည့်ပြီးရင်း ကြည့်ချင်နေအောင် Algorithm ကို မွမ်းမံတည်ဆောက်ထားတာပါ။ အီလွန်မတ်စ်အနေနဲ့ Twitter ကိုလည်း ပုံစံတစ်မျိုးနဲ့ TikTok လိုမျိုး ဆွဲဆောင်မှုရှိအောင် ပြောင်းလဲချင်နေတာ ဖြစ်ပါတယ်။
“TikTok က စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာတွေကိုလည်း ခင်ဗျားတို့ (ပလက်ဖောင်းပေါ်မှာ) အသိပေးစေချင်တယ်” လို့ မတ်စ်က Twitter ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ မတ်စ်ဟာ Twitter အနေနဲ့ လူသန်း ၁ ထောင်ကျော် အသုံးပြုတဲ့ ပလက်ဖောင်းဖြစ်ဖို့ဆိုရင် WeChat နဲ့ TikTok တို့လိုဖြစ်ဖို့ လိုတယ်လို့လည်း အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။
<Unicode Version>
Twitter ကို TikTok လိုမ်ိဳး ေျပာင္းခ်င္ေနတဲ့ အီလြန္မတ္စ္။
Twitter ဝန္ထမ္းေတြနဲ႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံေမးျမန္းမႈေတြျပဳလုပ္ခဲ့တဲ့ ဘီလ်ံနာ အီလြန္မတ္စ္ဟာ မၾကာေသးခင္ကပဲ TikTok ကို စၿပီးသုံးျဖစ္ေၾကာင္းနဲ႔ TikTok ကေနတဆင့္ Twitter ရဲ႕ User Experience အတြက္ အတုယူစရာေတြရွိမယ္လို႔ ထင္မွတ္ေၾကာင္း ေျပာၾကားခ့ဲပါတယ္။
ေနာက္ဆို သူ႕ရဲ႕ဝန္ထမ္းေတြျဖစ္လာမယ့္ Twitter ဝန္ထမ္းေတြနဲ႔ စကားေျပာရာမွာ အီလြန္မတ္စ္က လူႀကိဳက္မ်ားလာေနတဲ့ TikTok အေၾကာင္း ထည့္ေျပာခဲ့ၿပီး သူလည္း ဒီ App ကို သုံးျဖစ္ေၾကာင္း ထည့္ေျပာခဲ့ပါတယ္။
“ကြၽန္ေတာ္ တစ္ခ်က္သုံးၾကည့္တယ္။ ခင္ဗ်ားကို ပ်င္းမေနေအာင္ သူတို႔တကယ္ေကာင္းေကာင္း လုပ္ထားတာပဲ” လို႔ မတ္စ္က ဆိုပါတယ္။ TikTok ကို ဥပမာေပးၿပီး သူ႕အေနနဲ႔ Twitter မွာ ပ်င္းစရာေကာင္းတဲ့ အေၾကာင္းအရာေတြ တင္ေနတာမ်ိဳး မလိုခ်င္ဘူးလို႔ပါ ေျပာသြားပါတယ္။
“ကြၽန္ေတာ္ေျပာခ်င္တာက ဒါက ADD (Attention Deficit Disorder) လိုမ်ိဳး ခံစားေနရတယ္။ ဒါေပမယ့္ ဒီတစ္ခုကေတာ့ ေနာက္တစ္ဆင့္ ေရာက္သြားသလိုမ်ိဳး ျဖစ္ေနတယ္။” လို႔ မတ္စ္က ေျပာပါတယ္။ TikTok ဟာ အသုံးျပဳသူေတြကို တစ္ခ်က္ေလးမွ ပ်င္းစရာမရွိဘဲ ၾကည့္ၿပီးရင္း ၾကည့္ခ်င္ေနေအာင္ Algorithm ကို မြမ္းမံတည္ေဆာက္ထားတာပါ။ အီလြန္မတ္စ္အေနနဲ႔ Twitter ကိုလည္း ပုံစံတစ္မ်ိဳးနဲ႔ TikTok လိုမ်ိဳး ဆြဲေဆာင္မႈရွိေအာင္ ေျပာင္းလဲခ်င္ေနတာ ျဖစ္ပါတယ္။
“TikTok က စိတ္ဝင္စားဖို႔ ေကာင္းတယ္။ ဒါေပမယ့္ အေရးႀကီးတဲ့ ျပႆနာေတြကိုလည္း ခင္ဗ်ားတို႔ (ပလက္ေဖာင္းေပၚမွာ) အသိေပးေစခ်င္တယ္” လို႔ မတ္စ္က Twitter ဝန္ထမ္းေတြကို ေျပာၾကားခ့ဲပါတယ္။ မတ္စ္ဟာ Twitter အေနနဲ႔ လူသန္း ၁ ေထာင္ေက်ာ္ အသုံးျပဳတဲ့ ပလက္ေဖာင္းျဖစ္ဖို႔ဆိုရင္ WeChat နဲ႔ TikTok တို႔လိုျဖစ္ဖို႔ လိုတယ္လို႔လည္း အစည္းအေဝးမွာ ေျပာၾကားသြားခဲ့ပါတယ္။
<Zawgyi Version>
#soshwe
#soshwetech
#soshweforyourdailylife
#likeandshare