HomeLifeStyleYouTube က ရတဲ့ဝင်ငွေနဲ့ ဒေါ်လာ (၁၀) သန်းကျော်တန်ဖိုးရှိ တန်ဖိုးကြီးကားတွေ ဝယ်ယူစုဆောင်းခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး။

YouTube က ရတဲ့ဝင်ငွေနဲ့ ဒေါ်လာ (၁၀) သန်းကျော်တန်ဖိုးရှိ တန်ဖိုးကြီးကားတွေ ဝယ်ယူစုဆောင်းခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး။

- Advertisement -

အသက် ၁၅ နှစ် အရွယ် ဒေါ်နယ်လ် ဒိုဂျ်ဟာ ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ “Donlad” YouTube ချန်နယ်ကနေ လစဉ် ပေါင် ၂၀,၀၀၀ ဝင်ငွေရရှိနေပါတယ်။ Donald အနေနဲ့ တရားဝင်ကားမောင်းနှင်ဖို့ အသက်မပြည့်သေးပေမယ့် တန်ဖိုးကြီးကားတွေ ဝယ်ယူစုဆောင်းထားပါတယ်။ အဲဒီကားတွေထဲမှာ YouTube ကရတဲ့ဝင်ငွေနဲ့ ဝယ်ယူထားတဲ့ တန်ဖိုးကြီးကားလည်း ပါဝင်ပါတယ်။

ဒေါ်နယ်လ်ရဲ့ တန်ဖိုးကြီးကားတွေထဲက တစ်စီးကတော့ The Bugatti Chiron 110 Ans ကား ဖြစ်ပါတယ်။ ဒီကားကို YouTube က ရတဲ့ဝင်ငွေနဲ့ ဝယ်ယူထားတာဖြစ်ပြီး Bugatti ရဲ့ ၁၁၀ ပြည့်နှစ်မွေးနေ့ကို ဂုဏ်ပြုဖို့ အကန့်အသတ်နဲ့ထုတ်ထားတာလည်း ဖြစ်ပါတယ်။ ကားရဲ့တန်ဖိုးကတော့ ပေါင် ၃.၃ သန်း ရှိပါတယ်။

- Advertisement -

ဒုတိယတစ်စီးကတော့ Ferrari La Ferrari အမျိုးအစားဖြစ်ပြီး ပြိုင်ဘက်ကားကုမ္ပဏီတွေဖြစ်တဲ့ Porsche နဲ့ McLaren တို့ရဲ့အခြားအဆင့်မြင့်ကားတွေကို ယှဉ်နိုင်ဖို့အတွက် ဒီကားကို ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုမိုမြန်ဆန်စွာသွားလာနိုင်ဖို့အတွက် လျှပ်စစ်မော်တာတွေကိုသာ အသုံးပြုထားပြီး ပေါင် ၁ သန်း တန်ကြေးရှိပါတယ်။

- Advertisement -

နောက်တစ်စီးကတော့ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေအတွက် တန်ဖိုးကြီးကားတွေကိုသာ ထုတ်ပေးတဲ့ Pagani အီတလီကားကုမ္ပဏီရဲ့ Pagani Huayra Roadster ကားပဲ ဖြစ်ပါတယ်။ ရွှေရောင်ဘီးတွေနဲ့ ခရမ်းရောင်ကားလေးဖြစ်ပြီး ဒီလိုကားမျိုးဝယ်မယ်ဆိုရင်တော့ ပေါင် ၂.၃ သန်းကုန်ကျမှာဖြစ်ပါတယ်။

ပေါင် ၁၅၀,၀၀၀ တန် McLaren 570S အမျိုးအစားကတော့ ဒေါ်နယ်လ် နေ့စဉ်အသုံးပြုလေ့ရှိတဲ့ ကားတစီးဖြစ်ပါတယ်။ ဒီကားလေးကလည်း twin-turbo V8 အင်ဂျင်ပါတဲ့ ခရမ်းရောင်ပြိုင်ကားလေးပါ။ နောက်ဆုံးတစ်စီးကတော့ Rolls-Royce Cullinan ကားဖြစ်ပြီး စပေါ်ချိန်တုန်းက လူကြိုက်နည်းခဲ့ပေမယ့် အခုချိန်မှာတော့ လူကြိုက်များတဲ့ ကားတစီးဖြစ်နေပါပြီ။ Cullinan ကားတစ်စီးရဲ့ဈေးနှုန်းက ပေါင် ၂၆၀,၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

YouTuber တစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်လ်ဟာ သူ့ရဲ့ “Donlad” ချန်နယ်ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့ပြီး Subscriber ပေါင်း (၆) သိန်းကျော်ရှိပါတယ်။ အင်စတာဂရမ်နဲ့ TikTok မှာ Follower ပိုမိုများပြားပြီး နေ့စဉ်ဘဝ၊ အဝတ်အစား၊ ဟာသတွေနဲ့ ကားအကြောင်း အစရှိတဲ့ အမျိုးမျိုးသောဗီဒီယိုများကို သူ့ရဲ့ YouTube မှာ တင်ပေးလေ့ရှိပါတယ်။

<Unicode Version>

 

#soshwe

- Advertisement -

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...