HomeOtherအသက်ရှင်နေထိုင်ဖို့ အချိန်အနည်းငယ်သာ ကျန်တော့တဲ့ ပူတင်။

အသက်ရှင်နေထိုင်ဖို့ အချိန်အနည်းငယ်သာ ကျန်တော့တဲ့ ပူတင်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရုရှားမှ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားခေါင်းဆောင်ပူတင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားအတွင်း ရုပ်ရှင်ဖန်တီးသူ Nikita Mikhalkov က အနုပညာဆု လက်ခံယူနေချိန်မှာ ပူတင်ရဲ့ ခြေထောက်က တုန်ရီနေခဲ့တာပဲ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပူတင်ဟာ စင်မြင့်ပေါ်မှာ ရပ်နေတာဖြစ်တာကြောင့် သူတုန်ရီနေတာက ထင်ရှားနေပြီး နောက်ဘက်ကို လှမ်းလှမ်းသွားတာကိုလည်း တွေ့ရတဲ့အပြင် ဘေးချင်းကပ်လှုပ်ရှားမှုပြုလုပ်ပြီးတော့ ခြေထောက်တွေ လှုပ်ယမ်းမိနေတာကိုပါ တွေ့ရပါတယ်။

- Advertisement -

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာကြောင်း ဆုပေးပွဲအခမ်းအနားတစ်ခုက ပုံရိပ်တွေက ထောက်ပြနေပါတယ်။ ရုရှားဖယ်ဒရေးရှင်းရဲ့ နိုင်ငံတော်ဆုရရှိသူတစ်ဦးရဲ့ ဘေးနားမှာ ရပ်နေတဲ့ ပူတင်ဟာ ဓာတ်ပုံရိုက်ခံနေစဉ်အတွင်းမှာ သိသိသာသာ တုန်လှုပ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရုရှားမှ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားခေါင်းဆောင်ပူတင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားအတွင်း ရုပ်ရှင်ဖန်တီးသူ Nikita Mikhalkov က အနုပညာဆု လက်ခံယူနေချိန်မှာ ပူတင်ရဲ့ ခြေထောက်က တုန်ရီနေခဲ့တာပဲ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပူတင်ဟာ စင်မြင့်ပေါ်မှာ ရပ်နေတာဖြစ်တာကြောင့် သူတုန်ရီနေတာက ထင်ရှားနေပြီး နောက်ဘက်ကို လှမ်းလှမ်းသွားတာကိုလည်း တွေ့ရတဲ့အပြင် ဘေးချင်းကပ်လှုပ်ရှားမှုပြုလုပ်ပြီးတော့ ခြေထောက်တွေ လှုပ်ယမ်းမိနေတာကိုပါ တွေ့ရပါတယ်။

- Advertisement -

- Advertisement -

ပြီးခဲ့တဲ့လအချို့ကစတင်ကာ ရုရှားခေါင်းဆောင်ပူတင်ရဲ့ လှုပ်ရှားမှုဟန်တွေကို ကျွမ်းကျင်သူများက စောင့်ကြည့်နေခဲ့ရာ ထူးထူးခြားခြား ခြေထောက်လိမ်ဟန်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ မေလအတွင်း တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်က ပူတင်ရဲ့ ဘယ်ဘက်ခြေထောက်ဟာ ဒူးခေါင်းရဲ့ အတွင်းဘက်ကို ပြိုလဲကျသွားပုံပေါပြီး ထပ်တလဲလဲ တုန်ခါနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက ပူတင်ဟာ ဟန်ချက်ကိုထိန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခြေထောက်တုန်နေတာက ရပ်မသွားခဲ့ပါဘူး။

ပူတင်နဲ့ ၂ နှစ်တာဖြတ်သန်းခဲ့ဖူးတဲ့ ညွှန်ကြားရေးမှုးတစ်ဦးကတော့ ပူတင်ဟာ ကင်ဆာရောဂါ ခံစားနေရကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ တစ်ချို့သောအချက်အလက်တွေအရ ပူတင်ဟာ ဦးနှောက်ကစဉ့်ကလျား ရောဂါခံစားနေရတာကြောင့် ခန္ဓာကိုယ်ဟန်ချက်တွေထိန်းဖို့ ခက်ခဲနေတာဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေတယ်လို့ ဆိုကြပါတယ်။

<Unicode Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...