HomeEntertainmentစပိုင်တွေငှားပြီး ပီကေးကို ထောက်လှမ်းနေခဲ့တဲ့ ရှက်ကီရာ။

စပိုင်တွေငှားပြီး ပီကေးကို ထောက်လှမ်းနေခဲ့တဲ့ ရှက်ကီရာ။

- Advertisement -

ပရိသတ်တွေအာလုံးသိကြတဲ့ Waka waka သီချင်းရဲ့ အဆိုတော် Shakira နဲ့ ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးတို့ရဲ့ လမ်းခွဲကြောင်း ကြေညာချက်ဟာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

ရှက်ကီရာဘက်က ပီကေးဟာဖောက်ပြန်ခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲလိုက်ပြီဆိုတာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေကြားမှာတော့ အခုချိန်ထိ အမျိုးမျိုး ပြောဆိုလျက် ရှိပါတယ်။ ၁၀ စုနှစ်တခုကြာ လက်တွဲခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမားနဲ့ ကမ္ဘာကျော် အဆိုတော်စုံတွဲ လမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းအရင်းက ရှက်ကီရာအပေါ် ပီကေးက ဖောက်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ ပရိတ်သတ်တွေက ယူဆနေကြပါတယ်။

- Advertisement -

ရှက်ကီရာက ပီကေးကို စုံစမ်းထောက်လှမ်းဖို့ စပိုင်တွေငှားခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အချိန်တွေနဲ့ ညဘက်အပြင်ထွက်ချိန်တွေမှာ စောင့်ကြည့်စေခဲ့ပါတယ်။ နာမည်ကျော် Hispanic တီဗီရှိုး El Gordo y la Flaca က အေဂျင်စီကိုယ်တိုင် ပီကေးရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုလို့ စွပ်စွဲခံထားရတဲ့ သတင်းတွေကို မီဒီယာကို ပေါက်ကြားစေခဲ့ပြီး  သူတို့စုံတွဲ (၂) ယောက် လမ်းခွဲဖို့အရေးကို အရှိန်မြှင့် တွန်းအားပေးခဲ့ပါတယ်။

- Advertisement -

ပီကေးအနေနဲ့ကတော့ ရှက်ကီရာရဲ့ ပုံရိပ်ကိုထိခိုက်စေတဲ့ ပတ်ဝန်းကျင်ကို စိတ်ပျက်ကြောင်းဖော်ပြခဲ့ပြီး ကလေး (၂) ယောက်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သူတို့ (၂) ဦးအကြား တင်းမာမှုတွေ လျှော့ချဖို့ ဆန္ဒရှိပါတယ်။ ရှက်ကီရာကတော့  ဘဝသစ်တစ်ခု စတင်မှာဖြစ်တယ်လို့ ကြေညာထားပြီး ပီကေးအနေနဲ့ကတော့ အတိအကျပြောဆိုထားခြင်း မရှိပါဘူး။

<Unicode Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen + 19 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...