HomeHealth & Beautyသိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသားများနဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ကွာခြားချက်။

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသားများနဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ကွာခြားချက်။

- Advertisement -

အမျိုးသမီးများရဲ့ ဦးနှောက်တွေဟာ အမျိုးသားများထက် ဝ.၄°C ခန့် ပိုမိုပူနွေးကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး အဓိပ္ပာယ်မှာ ၎င်းတို့ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ထက် ပိုပူနိုင်တယ်လို့ သိရပါတယ်။ ရှာဖွေမှုကို Cambridge က ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီရဲ့ ဓာတ်ခွဲခန်းမှာ သုတေသနပြုလုပ်ခဲ့ကြပြီး ခြားနားမှုကတော့ အမျိုးသမီး ရာသီစက်ဝန်းကြောင့် ဖြစ်နိုင်ကြောင်း ညွှန်ပြခဲ့ပါတယ်။ Brain ဂျာနယ်မှာ ဖော်ပြထားတဲ့လေ့လာမှုအရ အသက် ၂၀ မှ ၄၀ ရှိတဲ့ စေတနာ့ဝန်ထမ်း အယောက် (၄၀) ကို နံနက် ၊ နေ့လည်နှင့် ညနေပိုင်း တစ်နေ့တည်းမှာပဲ Royal Infirmary of Edinburgh မှာ အပူချိန် တိုင်းတာခဲ့ပါတယ်။

လေ့လာသူများက ပုံမှန်အပူချိန်ကို ၃၈.၅ ဒီဂရီစင်တီဂရိတ်ထက် ပိုများမယ်လို့ ယုံကြည်ကြပေမယ့်လည်း ပိုမိုနက်ရှိုင်းတဲ့ ဦးနှောက်ဖွဲ့စည်းပုံတွေဟာ အများအားဖြင့် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်လေ့ရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀.၉ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဦးနှောက်ဟာ ပုံမှန်အားဖြင့် ညအချိန်မှာအေးပြီး နေ့ဘက်မှာ ပူနွေးလာပါတယ်။

ဥပမာအနေနဲ့ ပါးစပ်ဟာ ပုံမှန်အားဖြင့် ၃၇°C ထက်နည်းရင် ပုံမှန်ဖြစ်ပြီး ဦးနှောက်အတွင်းထဲမှာတော့ အင်္ဂါအစိတ်အပိုင်းများဟာ ကျန်းမာစွာ အလုပ်လုပ်ဆောင်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ပျမ်းမျှအားဖြင့် အပူချိန် ဝ.၆°C ရှိတဲ့ နက်ရှိုင်းတဲ့ ဦးနှောက်နေရာတွေဟာ အသက်ကြီးလာတာနဲ့အမျှ တိုးလာကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပြုခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အသက်အရွယ်ဟာ သူမရဲ့ ဦးနှောက်အပူချိန်ကိုလည်း သက်ရောက်မှုတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...