HomeLifeStyleမသင်္ကာသူတဦးတယောက်က သင့်အနောက်ကိုလိုက်လာတယ်လို့ အန္တရာယ်အငွေ့အသက်ကို ခံစားရတဲ့အခါ ချက်ချင်းလုပ်သင့်တဲ့အချက်များ။

မသင်္ကာသူတဦးတယောက်က သင့်အနောက်ကိုလိုက်လာတယ်လို့ အန္တရာယ်အငွေ့အသက်ကို ခံစားရတဲ့အခါ ချက်ချင်းလုပ်သင့်တဲ့အချက်များ။

- Advertisement -

သတိဆိုတာ ပိုတယ်လို့မရှိပဲ အမြဲတမ်းဘယ်သွားသွား ၊ ဘယ်နေရာရောက်ရောက် သတိထားနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အပြင်သွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို လုံခြုံမှုရှိနေစေဖု့ိ အိတ်ထဲမှာ အရေးပေါ်အသုံးပြုနိုင်မယ့်ပစ္စည်းတွေ ဆောင်ထားသင့်ပြီး ဘယ်နေရာရောက်ရောက် ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်လို့ခံစားရတဲ့အချိန်မှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ပတ်ဝန်းကျင်ကို သတိပြုပါ။

- Advertisement -

လမ်းအမည်၊ အိမ်နံပါတ်တွေ၊ အဆောက်အဦတွေ၊ စတိုးဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေအပါအဝင် တွေ့တွေ့သမျှအရာအားလုံးကို သတိထားကြည့်ပါ။ သင်ရောက်ရှိနေတဲ့တည်နေရာကို အတိအကျသိခြင်းက သင်လိုအပ်တဲ့အကူအညီတွေကို ရရှိဖို့ ပိုလွယ်ကူစေပါတယ်။ အထူးသဖြင့် ညဘက်တစ်ယောက်တည်း ဖြစ်နေခဲ့ရင် လမ်းကြားတွေနဲ့ မီးမှိန်မှိန်သာရှိတဲ့ လမ်းတွေကို ရှောင့်ပြီးသွားပါ။

- Advertisement -

 

၂။ တစ်ယောက်ယောက်ကို ချက်ချင်းဖုန်းဆက်ပါ။

တစ်စုံတစ်ယောက်က သင့်နောက်လိုက်လာနေတယ်လို့ ခံစားရတာနဲ့ အဲဒီလူသတိထားမိအောင် ဖုန်းခေါ်ပါ။ ဖြစ်နိုင်ရင် အနီးအနားရှိသူငယ်ချင်း၊ မိသားစုဝင်ကို ဖုန်းဆက်ခေါ်ပါ။ ဒီလိုမှမဟုတ်ရင် သင်ရောက်တော့မယ်ဆိုတဲ့အကြောင်းကို ပြောပါ။ ဒါက သင့်နောက်ကလိုက်လာတဲ့သူကို သင့်မှာအဖော်ပါလာကြောင်း သတိပေးလိုက်သလိုဖြစ်စေပြီး သူဆက်မလိုက်ဖြစ်အောင် ဟန့်တားစေနိုင်ပါတယ်။

 

၃။ လူများတဲ့ နေရာတွေဆီ သွားပါ။

သင့်နောက်က တစ်စုံတစ်ယောက်လိုက်လာတဲ့အခါ လူတွေအများကြီးရှိတဲ့နေရာမျိုးကို ချက်ချင်းရှာဖွေပြီး သွားသင့်ပါတယ်။ လူအများကြီးရှိတဲ့နေရာမျိုးမှာဆို သူတို့အနေနဲ့ သင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ တကယ်လို့ အဲဒီလူက သင်နောက်ဆက်လိုက်လာပြီး သင့်ကိုပဲ လိုက်စောင့်ကြည့်နေတယ်ဆိုရင် တစ်စုံတစ်ယောက်ဆီ အမြန်ဆုံး အကူအညီတောင်းပါ။ တစ်စုံတစ်ယောက်နဲ့ရင်းနှီးတဲ့ပုံစံပြပြီး အဲဒီလူနဲ့အတူ ခဏလောက် စကားပြောနေလိုက်ပါ။

 

၄။ လူတွေသတိထားမိအောင်လုပ်ပါ။

- Advertisement -

ဆိုလိုချင်တာက အော်ဟစ်ပြီးအကူအညီတောင်းတာမျိုး လုပ်သင့်ပြီး ဒါကလူတွေရဲ့အာရုံစိုက်မှုတွေ တစ်ပြိုင်တည်းရစေသလို သင့်ကို အန္တရာယ်ပြုမယ့်သူကိုလည်း လန့်သွားစေမှာပါ။ ဒါပေမယ့် ဒါဟာပြစ်မှုကျူးလွန်သူတွေဆီက ပိုမိုကြမ်းတမ်းတဲ့လုပ်ရပ်ကို နိုးဆွသလိုဖြစ်သွားစေနိုင်တာကြောင့် ဒီလိုလုပ်တဲ့အခါ သတိထားဖို့လိုအပ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...