HomeHealth & Beautyသွားလေးတွေ ဖြူဖွေးတောက်ပနေစေဖို့ လုပ်ဆောင်သင့်တဲ့ ဆောင်ရန်ရှောင်ရန် နည်းလမ်းများ။

သွားလေးတွေ ဖြူဖွေးတောက်ပနေစေဖို့ လုပ်ဆောင်သင့်တဲ့ ဆောင်ရန်ရှောင်ရန် နည်းလမ်းများ။

- Advertisement -

ဖြူဖွေးလှပနေတဲ့သွားလေးတွေကို လူတိုင်း သဘောကျနှစ်သက်မှာ အသေအချာပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့သောလူတွေရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် သွားတွေဟာ ဝါညစ်ညစ် ဖြစ်နေတတ်ကြပြီး ဒီ့အတွက် အမြဲတမ်း စိတ်အလိုမကျ ဖြစ်ရတတ်ပါတယ်။ ဒီတော့ လွယ်ကူရိုးရှင်းတဲ့ သွားလေးတွေ ဖြူဖွေးတောက်ပလာစေမယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

 

၁။ Dark chocolate အနည်းငယ်စားပါ။

- Advertisement -

သင်အကြိုက်ဆုံး ချိုမြိန်တဲ့သရေစာတစ်ခုခု စားပြီးနောက်မှာတော့ သင့်ရဲ့သွားတွေဟာ ဖြူဖွေးမနေတော့ပဲ အညိုရောင်ပြောင်းသွားနိုင်ပါတယ်။ ချောကလက်ချစ်သူတွေအတွက် သတင်းကောင်းတစ်ခုက Dark ချောကလက်ကို မကြာခဏစားပေးခြင်းက သွားတွေကို ဖြူဖွေးနေအောင် ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။ Dark ချောကလက်တွေမှာ polyphenols ကြွယ်ဝစွာပါဝင်သလို ခံတွင်းဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

- Advertisement -

 

၂။ ရေခဲစားခြင်းကို ရှောင်ပါ။

ရေခဲတုံးကိုဝါးစားခြင်းက သင့်ကိုလန်းဆန်းမှု ခံစားရမှာမှန်ပေမယ့် သင့်သွားတွေကို ကြာရှည်စွာ ဖြူဖွေးနေစေချင်တယ်ဆိုရင်တော့ ဒီအကျင့်ကို ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။ ရေခဲကို ဝါးစားတဲ့အခါ သင့်သွားကြွေလွှာတွေကို အားနည်းစေပြီး သွားတွေကို ပိုမိုထိခိုက်လွယ်ကာ စွန်းထင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ရေခဲကိုဝါးစားတဲ့ အလေ့အထက သွားရဲ့အပေါ်ယံအလွှာတွေကို ထိခိုက်စေတာကြောင့် သင့်ရဲ့အပြုံးကို ဆွဲဆောင်မှုနည်းစေပါတယ်။

 

၃။ အခွံမာသီး အနည်းငယ်စားပါ။

အခွံမာသီးတွေဟာ သင့်ရဲ့ဆာလောင်မှုကို ပြေပျောက်စေတဲ့ အဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သရေစာတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပြီး အခွံမာသီးတွေကို ဝါးစားခြင်းက သင့်ရဲ့သွားလေးတွေကို သဘာဝအတိုင်း ဖြူဖွေးလာစေကာ အညစ်အကြေးနဲ့ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗာဒံစေ့လက်တစ်ဆုပ်စာ (သို့) သီဟိုဠ်စေ့စတဲ့ အခွံမာသီးတွေက သွားပိုးစားခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

 

၄။ မှန်ကန်တဲ့ သွားပွတ်တံကို ရွေးချယ်ပါ။

- Advertisement -

သင့်ရဲ့သွားတွေကို ဖြူဖွေးတောက်ပချင်တဲ့ရည်ရွယ်ချက်နဲ့ သွားပွတ်တံဖြင့် ပြင်းထန်စွာ ဖိတိုက်ခြင်းက သွားဖုံးနဲ့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ ကြမ်းတမ်းစွာသွားတိုက်ခြင်းက သွားကြွေလွှာတွေကို ပျက်စီးစေကာ သွားတွေကို ပိုမိုစွန်းထင်းမှု ဖြစ်စေနိုင်ပါတယ်။ ပျော့ပျောင်းတဲ့ သွားပွတ်တံကို အသုံးပြုပြီး သင့်သွားတွေကို ညင်သာစွာ စက်ဝိုင်းပုံတိုက်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

 

၅။ အခြောက်ခံထားတဲ့ အသီးအနှံတွေကို အလွန်အကျွံမစားပါနဲ့။

သစ်သီးခြောက်တွေဟာ သကြားလုံးတွေအစား ရွေးချယ်ဖို့အကောင်းဆုံးအရာလို့ ထင်ရပေမယ့် ဒီအခြောက်ခံထားတဲ့ အသီးတွေမှာ သကြားများစွာပါဝင်တာကြောင့် သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ စပျစ်သီးခြောက်နဲ့ နာနတ်သီးခြောက်လိုမျိုး အသီးခြောက်တွေကို စားသုံးမယ့်အစား လတ်ဆတ်တဲ့အသီးအနှံကိုသာ ရွေးချယ်သင့်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...