HomeSportမုဒိန်းမှုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ ရော်နယ်ဒို။

မုဒိန်းမှုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ ရော်နယ်ဒို။

- Advertisement -

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအပေါ် မာယော်ဂါတယောက် စွပ်စွဲထားတဲ့မုဒိမ်းမှုကို အမေရိကန်တရားရုံးက ပယ်ချလိုက်ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၀၉) ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝအစပိုင်းက ဖြစ်ရပ်ဖြစ်ပြီး မာယော်ဂါက တကျော့ပြန်အစဖော် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီမတိုင်ခင်တည်းက မာယော်ဂါကို ပေါင် (၃) သိန်းဝန်းကျင် နစ်နာကြေး ပေးခဲ့ပါတယ်။

ဒါပေမယ့် မာယော်ဂါက နှစ်တွေအကြာမှာ ရော်နယ်ဒိုဆီက အခုထက် နစ်နာကြေး ပိုမိုရရှိလိုတယ်ဆိုပြီး တရားစွဲခဲ့ကာ လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့ဘက်ကလည်း အမှုဖွင့်စုံစမ်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လတ်စ်ဗီးဂတ်စ်က ဟိုတယ်ခန်းထဲမှာ သူမကို မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်လို့ မာယော်ဂါက တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

ဒါပေမယ့် သူမ,တင်ပြတဲ့ သက်သေတွေက အကျိုးအကြောင်းခိုင်မာမှုမရှိခဲ့သလို လျှို့ဝှက်စာရွက်စာတမ်းတွေကို ခိုးယူအသုံးပြုခဲ့ခြင်းတွေကြောင့် အမေရိကန် ခရိုင်တရားသူကြီး ဂျနီဖာဒေါ်စီက ဒီအမှုကို လုံးဝပယ်ချလိုက်တာ ဖြစ်ပါတယ်။ လျှို့ဝှက်စာရွက်စာတမ်းတွေကလည်း ရော်နယ်ဒိုနဲ့ သူ့ရဲ့ရှေ့နေအဖွဲ့အကြား ဆက်သွယ်မှုတွေကို ကြားဖြတ်ရယူထားခြင်းဖြစ်ပါတယ်။

- Advertisement -

ဒီအတွက် ပြီးခဲ့တဲ့ အောက်တိုဘာမှာလည်း တရားသူကြီး ဒန်နီယဲယ်အယ်လ်ဘရက်က မာယော်ဂါရဲ့ရှေ့နေ စတိုဗယ်လ်ကို ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့ရှေ့နေတွေဘက်က နှစ်ဦးကြား လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် ငြင်းဆန်ခြင်းမရှိခဲ့ပေမယ့် နှစ်ဦးသဘောတူသာဖြစ်ကြောင်း၊ မုဒိန်းမှုမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှတော့ ရော်နယ်ဒိုက သူ့အနေနဲ့ ဒီလိုမျိုးစွပ်စွဲခံရတဲ့အတွက် အရမ်းကို ထိတ်လန့်မိတယ်လို့ ပြောကြားထားပြီး အခုချိန်မှာတော့ အမေရိကန်တရားရုံးဘက်ကနေ အမှုကို လုံးဝပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwesport

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seventeen − 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...