HomeHealth & Beautyတစ်စုံတစ်ယောက်ကို ပွေ့ဖက်ခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ။

တစ်စုံတစ်ယောက်ကို ပွေ့ဖက်ခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ။

- Advertisement -

သာမာန်ရိုးရှင်းစွာ ပွေ့ဖက်ခြင်းက လူ့အသက်ကို ကယ်တင်နိုင်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ တကယ်လို့ လူ့အသက်ကို မကယ်တင်နိုင်ရင်တောင် ပွေ့ဖက်ခြင်းက လူတွေရဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ သိပ္ပံပညာအရ တစ်စုံတစ်ယောက်ကို ပွေ့ဖက်ခြင်းက အကျိုးကျေးဇူးတွေရနိုင်ကြောင်း ဖော်ပြထားတာဖြစ်လို့ Soshwe က စာဖတ်ပရိသတ်တွေလည်း သိရှိနိုင်အောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

 

(၁) သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။

- Advertisement -

ပွေ့ဖက်ခြင်းက သွေးပေါင်ချိန်အတွက် ပြီးပြည့်စုံတဲ့လုပ်ဆောင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ စက္ကန့် (၂၀) လောက် ပွေ့ဖက်လိုက်ရုံနဲ့ သွေးဖိအားကိုကျစေပြီး အချိန်အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိစေတာ ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းက အမျိုးသားရော၊ အမျိုးသမီးမှာပါ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။

- Advertisement -

 

(၂) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

ပွေ့ဖက်လိုက်တဲ့အချိန်မှာ လူမှုဆက်ဆံရေးနဲ့ ရင်းနှီးမှုကို ဆက်သွယ်ပေးတဲ့ oxytocin ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါကနေတစ်ဆင့် T-regulatory cells တွေကို မြှင့်တင်ပေးပြီး ရလဒ်အနေဖြင့် ဒါတွေက သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာကြောင့် ဟန်ချက်ညီစေပါတယ်။

 

(၃) နုပျိုစေတယ်။

လေ့လာမှုတစ်ခုအရ oxytocin ဟာ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပြီး ဒါဟာ အသက်ရွယ်နဲ့ဆိုင်တဲ့ ကြွက်သားတွေ ဆုံးရှုံးမှုကို ကုသပေးနိုင်တဲ့ အလားအလာရှိတဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုပြီး ယုံကြည်ကြပါတယ်။ ဒီအရာဟာ သင့်ရဲ့အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး သက်ကြီးရွယ်အိုတွေကို ဒဏ်ရာတွေကနေ အမြန်ပြန်ကောင်းလာစေရန် ကူညီပေးနိုင်ပါတယ်။

 

(၄) သဘာဝအကိုက်အခဲပျောက်ဆေး။

- Advertisement -

Oxytocin ဟာ cortisol ကို ပိတ်ဆို့စေတာကြောင့် နာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် endorphins ကိုလည်း ထုတ်လွှတ်တာကြောင့် ပွေ့ဖက်ခြင်းက နာတာရှည်နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ အကျိုးကျေးဇူးတွေကို သတိပြုမိစေဖို့ ပွေ့ဖက်ခြင်းကို စက္ကန့်နှစ်ဆယ်ကြာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

 

(၅) ကလေးတွေကို ပိုထက်မြက်စေတယ်။

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုနည်းတဲ့ ကလေးတွေဟာ မိသားစုဝင်တွေနဲ့ နီးကပ်စွာနေထိုင်ပြီး နှစ်သိမ့်မှုလုံလောက်စွာ ရရှိတဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက ဇီဝဗေဒဆိုင်ရာအရ နောက်ကျကျန်နေခဲ့ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာ ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းက အရေးကြီးတဲ့လုပ်ငန်းစဉ်များစွာကို လုပ်ဆောင်ပြီး ဦးနှောက်ကိုလှုံ့ဆော်ပေးနိုင်တာကြောင့် ကလေးတွေကို ပိုမိုထက်မြက်စေပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen + thirteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...