HomeHealth & Beautyအချိုစားတာတွေ အရမ်းများနေပြီဆိုတာကို ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့အချက်များ။

အချိုစားတာတွေ အရမ်းများနေပြီဆိုတာကို ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့အချက်များ။

- Advertisement -

သကြားပါဝင်တဲ့ အချိုတွေဟာ အရသာရှိသလို စားသုံးသူတွေကို ပျော်ရွှင်မှု ပေးစေနိုင်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ အကြိုက်ဆုံးအချိုပွဲက မမေ့နိုင်တဲ့အရသာကို ပေးစွမ်းနိုင်ပေမယ့် ဒီလိုအချိုတွေကို ပမာဏလွန်ကဲစွာ စားသောက်မိတဲ့အခါ ရှုပ်ထွေးတဲ့ကျန်မာရေးပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချိုစားတာ အရမ်းများပြီး သကြားဓာတ်တွေ များလာတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်ကနေ ဒီအချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

(၁) ကြွက်သားနဲ့အဆစ်တွေ နာကျင်ခြင်း။

- Advertisement -

သင့်ခန္ဓာကိုယ်မှာ သကြားဓာတ်ပမာဏများလာတဲ့အခါ အတွင်းပိုင်းရောင်ရမ်းမှု ဖြစ်စဉ်တွေကနေတဆင့် သင့်ကိုသတိပေးဖို့ ကြိုးစားလာပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်ထဲရှိ သကြားဓာတ်ပမာဏကြောင့် ဇီဝဓာတ်ပြုမှုတွေဖြစ်ပေါ်ကာ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အတွင်းတိမ်၊ နှလုံးရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်းနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်လာနိုင်ပါတယ်။

- Advertisement -

 

(၂) သကြားနဲ့အချိုတွေကို မကြာခဏတောင့်တခြင်း။

သကြားဓာတ်ဟာ သင့်ကိုအလျင်အမြန် ဗိုက်ဆာစေနိုင်ပါတယ်။ တကယ်တော့ သကြားဟာ စိတ်ကိုစွဲလန်းစေတဲ့ဆေးတွေ သုံးစွဲသလိုမျိုး dopamine ကို ထုတ်လွှတ်ပေးတာကြောင့် သကြားများများစားလေ သင့်ခန္ဓာကိုယ်က ပိုတောင့်တလေ ဖြစ်စေတာပါ။ နောက်ပြီး သကြားပါဝင်တဲ့ အချိုတွေဟာ အသုံးဝင်တဲ့အဟာရတွေ မပါဝင်တာကြောင့် သင့်ကိုဗိုက်ပြည့်စေမှာ မဟုတ်ပါဘူး။

 

(၃) စွမ်းအင်အတက်အကျ ဖြစ်ပေါ်ခြင်း။

ဂလူးကို့စ်ဟာ သင့်ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ထောက်ပံ့မှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့် သင့်သွေးတွင်း သကြားပမာဏကို မှန်ကန်တဲ့အဆင့်မှာ ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပါတယ်။ အချိုတွေစားတဲ့အခါ ပန်ကရိယမှာရှိတဲ့ဆဲလ်တွေဆီ ဂလူးကို့စ်တွေ ပို့ဆောင်ပေးဖို့ ကူညီပေးတဲ့အင်ဆူလင်ကို ထုတ်လွှတ်ပြီး စွမ်းအင်ကို အလျင်အမြန် ထွက်လာစေပါတယ်။ လည်ပတ်မှုပြီးဆုံးတာနဲ့ ခန္ဓာကိုယ်က သကြားဓာတ် ပိုလိုအပ်တာကြောင့် စွမ်းအင်ကျဆင်းသွားသလိုမျိုး ခံစားရတတ်ပါတယ်။

 

(၄) Skin breakout ဖြစ်ခြင်း။

- Advertisement -

သကြားပါဝင်တဲ့ အစားအစာတွေဟာ အင်ဆူလင်အဆင့်ကို မြင့်တက်စေပြီး glycation ဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ ဂလူးကို့စ်ဟာ သွေးထဲရောက်လာတာနဲ့တပြိုင်နက် ရောင်ရမ်းမှုနဲ့ အရေပြားပြသနာတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ရှုပ်ထွေးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ဆက်တိုက်ဖြစ်ပေါ်လာစေပါတယ်။ အင်ဆူလင်တိုးမြှင့်မှုက အရေပြားအဆီဂလင်းတွေရဲ့ လုပ်ဆောင်မှုကို တိုးမြင့်စေပြီး ရောင်ရမ်းမှုဖြစ်စဉ်ကို တက်ကြွစေပါတယ်။ ဒါကြောင့် သကြားဓာတ်များတဲ့ အစားအစာတွေကိုစားတဲ့အခါ ဝက်ခြံထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eleven + fourteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...