HomeEntertainmentအရုပ်မရဲ့ချစ်သူပါဝင်လာမယ့် Squid Game ဒုတိယမြောက်စီးရီး။

အရုပ်မရဲ့ချစ်သူပါဝင်လာမယ့် Squid Game ဒုတိယမြောက်စီးရီး။

- Advertisement -

ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Squid Game ကိုရီးယားစီးရီးဟာ ဒုတိယမြောက်စီးရီးအနေနဲ့ ထပ်မံထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း အရိပ်အမြွတ်အနည်းငယ်နဲ့ ဒုတိယမြောက်စီးရီး ထွက်ရှိမယ်ဆိုတာကို Netflix က ဇွန်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Squid Game ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ဟွမ်ဒုန်ဟော့က Netflix ရဲ့ထုတ်ပြန်ချက်တစ်စောင်မှာ ဒုတိယတွဲနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြခဲ့ပါတယ်။ ပထမစီးရီးထွက်ရှိလာဖို့ ၁၂ နှစ်အချိန်ယူခဲ့ရပေမယ့် စီးရီးအောင်မြင်မှုရရှိဖို့အတွက် ၁၂ ရက်ပဲ အချိန်ယူခဲ့ရတယ်လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့က ဆိုပါတယ်။

မင်းသား လီဂျောင်ဂျေး သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင် ဂီဟွန်းနဲ့ မင်းသားလီဗြောင်ဟွန်း သရုပ်ဆောင်ခဲ့တဲ့ မျက်နှာဖုံးအနက်ရောင်နဲ့ The Front Man ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာမှာဖြစ်တဲ့အပြင် မင်းသား ဂုံယို သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်လည်း ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့က အရိပ်အမြွတ် ပြောကြားခဲ့ပါတယ်။

- Advertisement -

အဲဒီစီးရီးမှာပါဝင်တဲ့ မီးနီမီးစိမ်းအော်တဲ့ အရုပ်မယောင်ဟီးရဲ့ချစ်သူလည်း ပါဝင်လာမှာဖြစ်သလို ဒုတိယမြောက်စီးရီး ထွက်ရှိလာမယ့်အချိန်ကိုတော့ Netflix က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ထွက်ရှိခဲ့တဲ့ Squid Game စီးရီးဟာ Netflix ရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံးစီးရီး ဖြစ်လာခဲ့ပါတယ်။ ဘဝကိုပြောင်းလဲသွားစေမယ့် ငွေပမာဏ ဒေါ်လာ သန်း ၄၀ ကို ရရှိဖို့အတွက် ငွေလိုချင်ကြတဲ့သူတွေက ဂိမ်းအမျိုးမျိုးကိုကစားပြီး အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရတဲ့အကြောင်း ရိုက်ကူးထားတဲ့စီးရီး ဖြစ်ပါတယ်။

- Advertisement -

ဒီစီးရီးဟာ ကမ္ဘာ့တစ်ဝှမ်းက လူတွေအပေါ် တော်တော်လေး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒီစီးရီးထဲက ဇာတ်ကောင်ပုံစံမျိုးတွေလို ဟော်လိုဝင်းပါတီမှာ ဝတ်ဆင်ခဲ့ကြသလို မရေတွက်နိုင်တဲ့ Meme တွေလည်း ရှိခဲ့ပါတယ်။ စီးရီးမှာပါဝင်တဲ့ ဂိမ်းကစားသူတွေ ဝတ်ဆင်တဲ့ အစိမ်းရောင်အားကစားဝတ်စုံဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three + twelve =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...