HomeTechစိတ်ဖိစီးမှုများမှ သက်သာလာအောင် ကူညီပေးနိုင်မယ့် Mobile App များ။

စိတ်ဖိစီးမှုများမှ သက်သာလာအောင် ကူညီပေးနိုင်မယ့် Mobile App များ။

- Advertisement -

စိတ်ဖိစီးမှုဆိုတဲ့အရာဟာ နိုင်ငံရေး ၊ စီးပွားရေးတို့လိုပဲ ဒီနေ့ခေတ်မှာ အရေးတကြီး ဖြေရှင်းရမယ့် ကျန်းမာရေးပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ စိတ်ဖိစီးမှုတွေ သက်သာလာဖို့အတွက် နည်းလမ်းတွေအမျိုးမျိုးရှိသလို အကောင်းဆုံးနည်းလမ်းအဖြစ် အများညွှန်းကြတာက Meditation လို့ခေါ်တဲ့ တရားထိုင်ခြင်းအလေ့အကျင့်ပဲ ဖြစ်ပါတယ်။ အခုလို စမတ်ဖုန်းတွေ လူတိုင်းကိုင်နေတဲ့ခေတ်မှာ ဖုန်းကနေ တရားထိုင်မှုအတွေ့အကြုံကို ကူညီပံ့ပိုးပေးသွားမယ့် App တွေအကြောင်း မျှဝေပေးချင်ပါတယ်။

 

(၁) Insight Timer

- Advertisement -

- Advertisement -

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပညာရှင်ပေါင်း ၁ သောင်းကျော်ဆီက စိတ်ဖိစီးမှု ၊ အများနဲ့ဆက်ဆံခြင်း ၊ စိတ်ပင်ပန်းမှု ဖြေလျှော့ရေး ၊ အိပ်စက်မှု ၊ ဖန်တီးနိုင်စွမ်း အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြံပေး လေ့ကျင့်သင်ကြားတာကို ဒီ app မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Insight Timer မှာ အခမဲ့လမ်းညွှန်ထားတဲ့ တရားထိုင်နည်းပေါင်း ၈၀၀၀၀ ကျော်ပါဝင်တဲ့ Content Library ကြီးလည်း ပါဝင်ပါတယ်။

သင့်အနားမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာကိုယ်တိုင် ညွှန်ကြားနေသလို ခံစားရမယ့် App ဖြစ်ပါတယ်။ မိမိကိုယ်ကို လမ်းပျောက်နေသလို ခံစားနေရသူတွေအတွက် ဘဝနဲ့သက်ဆိုင်တဲ့ အကြံပေးချက်တွေနဲ့ စိတ်ခွန်အားပေးစကားတွေအကြောင်း Free Talks မှာ ဝင်နားထောင်လို့ ရပါတယ်။ တိုက်ရိုက်ဝင်ပြီး နားထောင်ဆွေးနွေးချင်ရင်လည်း Insight Timer မှာ Live Events တွေ နာရီတိုင်းလိုလို ရှိပါတယ်။

အခမဲ့ App အနေနဲ့ အသုံးပြုလို့ရသလို Paid version လည်း ထွက်ထားပါတယ်။ Android ၊ iOS နဲ့ Web ပေါ်မှာ ဒီ App ကို ရယူနိုင်ပါတယ်။

 

(၂) Smiling Mind

အခမဲ့သုံးနိုင်မယ့် App တစ်ခုဖြစ်ပြီး ရာနဲ့ချီတဲ့ တရားထိုင်နည်းတွေလည်း မျှဝေထားပါတယ်။ ပရိုဂရမ်တွေကို တရားထိုင်တာ ၊ အိပ်စက်တာ ၊ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာနဲ့ စိတ်ဖိစီးမှု ကိုင်တွယ်တာဆိုပြီး သူ့အပိုင်းနဲ့သူ စနစ်တကျ စီစဉ်ထားပါတယ်။ ကိုယ်နဲ့ အဆင်ပြေသလိုလည်း ပရိုဂရမ်တွေကို ပြန်စီစဉ်လို့ ရပါတယ်။

Meditations အတော်များများက ၅ မိနစ်ကနေ ၁၅ မိနစ်အကြားရှိပြီး အဆင့်မြင့် တရားထိုင်မှုအတွက် ၄၅ မိနစ်အထိ စီစဉ်ထားတာတွေလည်း ရှိပါတယ်။ အလုပ်များတဲ့သူတွေအတွက် စိတ်ဖိစီးမှုကို အမြန်ဖြေလျှော့ပေးဖို့ ၂ မိနစ်ကနေ ၅ မိနစ်အကြား အစီအစဉ်လေးတွေလည်း ထည့်ပေးထားပါတယ်။ လူပေါင်း ၅ သန်းခွဲကျော် Download ဆွဲထားတဲ့ App ဖြစ်ပြီး Android ၊ iOS နဲ့ Web တွေပေါ်မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

- Advertisement -

 

(၃) UCLA Mindful

လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ် Mindful Awareness Research Center က ထုတ်ထားတဲ့ App ဖြစ်ပါတယ်။ အင်္ဂလိပ် ၊ စပိန်ဘာသာစကားတွေနဲ့ ဒါဇင်ချီတဲ့ တရားထိုင်နည်းအမျိုးမျိုးကို ဒီ App မှာ ထည့်သွင်းပေးထားပါတယ်။ UCLA Mindful App မှာ တရားထိုင်နည်း ၊ အသက်ရှုနည်း ၊ ခန္ဓာကိုယ်စောင့်ကြည့်နည်း ၊ စိတ်ခံစားချက် ကိုင်တွယ်နည်းနဲ့ ဂရုဏာနဲ့ မေတ္တာပွားနည်းတွေကို ၃ မိနစ်ကနေ ၁၉ မိနစ်စာ Sessions တွေနဲ့ လေ့လာနိုင်ပါတယ်။

အခုမှစပြီး တရားထိုင်မယ့်သူတွေအတွက်လည်း Getting Started ဆိုတဲ့ အခြေခံကနေ လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီ App မှာ အချိန်ကြာမြင့်တဲ့ တရားထိုင်မှုအကြောင်းတွေကို နားထောင်နိုင်မယ့် နာရီဝက်စာ Podcasts တွေလည်း ထည့်သွင်းပေးထားပါတယ်။ UCLA Mindful App ကို iOS နဲ့ Android တွေပေါ်မှာ ဒေါင်းလုပ်ဆွဲလို့ရပါတယ်။

 

 

(၄) Healthy Minds Program

စိတ်ကျန်းမာရေး အလေးပေး ရေးဆွဲထားတဲ့ Apps တွေထဲက တစ်ခုဖြစ်ပြီး စိတ်အာရုံစူစိုက်မှု ပိုကောင်းရေး ၊ စိတ်ဖိစီးမှု လျှော့ချရေး ၊ စိတ်ဒဏ်ရာတွေ သက်သာရေး ၊ ဂရုဏာထားမှုနဲ့ ကိုယ်ခံအားကျန်းမာရေးတွေပေါ် အဓိက ဦးတည်ထားပါတယ်။ Healthy Minds Program ကို ဝစ္စကွန်ဆင်- မက်ဒီဆင်တက္ကသိုလ် စိတ်ကျန်းမာရေး သုတေသနစင်တာ တည်ထောင်သူ အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာရစ်ချတ် ဒေးဗစ်ဆင်က တည်ထောင်ထားပါတယ်။

ဒီ App မှာ အာရုံကြောသိပ္ပံနဲ့ သုတေသနအခြေပြု တရားထိုင်မှုနည်းစနစ်တွေလည်း ထည့်သွင်းထားပါတယ်။ Healthy Minds Program app ဟာ နိုးကြားမှု ၊ ဆက်သွယ်ခြင်း ၊ ထိုးထွင်းမြင်သိမှုနဲ့ ရည်စူးချက်ဆိုတဲ့ အဓိကအချက်ကြီး ၄ ချက်ကို အခြေခံပြီး ပရိုဂရမ်ရေးထားတဲ့ App ဖြစ်ပါတယ်။ အသံသွင်း podcast စတိုင် App ဖြစ်ပြီး ပုံမှန် တရားထိုင်လမ်းညွှန်မှုတွေထက် ထိုးထွင်းစဉ်းစားမှုဘက်ကို ပိုအားပေးပါတယ်။

တရားထိုင်နည်းလမ်းညွှန် ရှာဖွေနေသူတွေအတွက်လည်း နိုးကြားမှုနဲ့ သိမြင်စွမ်း တက်လာအောင် နည်းလမ်းတွေ မျှဝေထားပါတယ်။ Free App ပဲ ဖြစ်ပြီး Android နဲ့ iOS ပလက်ဖောင်းနှစ်မျိုးစလုံးမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#sosohwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five + 14 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...