HomeTechရုရှားမှာရှိတဲ့ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်လိုက်တဲ့ နည်းပညာကုမ္ပဏီကြီးတခု။

ရုရှားမှာရှိတဲ့ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်လိုက်တဲ့ နည်းပညာကုမ္ပဏီကြီးတခု။

- Advertisement -

နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ IBM ဟာ ၂၀၂၂ ၊ မတ်လကတည်းက ရုရှားနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီးနောက် ရုရှားဈေးကွက်အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့တဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေထဲမှာ IBM လည်း ပါဝင်ခဲ့ပါတယ်။

IBM အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ပေမယ့်လည်း ရုရှားက ဝန်ထမ်းတွေကို လစာဆက်လက်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ရုရှားဘဏ်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဝန်ထမ်းလစာဆက်ပေးထားဖို့ ကုမ္ပဏီအနေနဲ့ အခက်အခဲတွေ့လာခဲ့ကြောင်း Reuters သတင်းက မေလတုန်းက ဖော်ပြခဲ့ပါတယ်။

အခုအချိန်မှာတော့ IBM ကုမ္ပဏီအနေနဲ့ ရုရှားဈေးကွက်ကနေ နှုတ်ထွက်တော့မယ်လို့ ဇွန်လ ၇ ရက်နေ့က ကုမ္ပဏီရဲ့ CEO အာဗင်း ခရစ်ချ်နားက အသိပေးခဲ့ပါတယ်။ ဈေးကွက်ထဲကနေ ထွက်ခွာမှာဖြစ်လို့ ရုရှားမှာရှိတဲ့ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်တော့မှာလည်း ဖြစ်ပါတယ်။ ခရစ်ချ်နားရဲ့ ရုံးတွင်းအသိပေးစာထဲမှာ “ရုရှားက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြစ်မဟုတ်ပေမယ့် မသေချာမှုတွေ စိတ်ဖိစီးစရာတွေနဲ့ လပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ကြကြောင်း , IBM အနေနဲ့ သူတို့နဲ့အတူ ဆက်လက်ရပ်တည်ပြီး ထောက်ပံ့မှုတွေကို အကြောင်းအကျိုးသင့် အဆင့်ဆင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောထားပါတယ်။

- Advertisement -

ရုရှားဈေးကွက်က ထွက်လိုက်လို့လည်း IBM အတွက် နစ်နာစရာမရှိဘူးဆိုပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ဂျင်မ် ကာဗားနော့ဂ်က ဧပြီလထဲမှာ လုပ်ဆောင်ခဲ့တဲ့ အစည်းအဝေးတခုမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် IBM ရဲ့ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၅၇.၄ ဘီလျံမှာ သန်း ၃၀၀ ခန့်က ရုရှားဈေးကွက်က ဝင်ခဲ့တာဖြစ်ပါတယ်။

- Advertisement -

IBM ရဲ့ ရုရှားဖောက်သည်တွေထဲမှာ ဖက်ဒရယ်ဘဏ်များ ၊ စွမ်းအင်ကုမ္ပဏီနဲ့ ရုရှားမီးရထားလိုင်းများ ပါဝင်နေပါတယ်။ IBM အပြင် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple ၊ Microsoft ၊ Google ၊ Meta ၊ Twitter နဲ့ Netflix စတဲ့ ကုမ္ပဏီကြီးတွေလည်း ရုရှားမှာ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားကြတယ်လို့ သိရပါတယ်။

<Zawgyi Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen + four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...