HomeSportပရိသတ်ကို အကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ကစားသမားတစ်ဦး။

ပရိသတ်ကို အကြိမ်ကြိမ်ဆဲဆိုသွားခဲ့တဲ့ ယူနိုက်တက်ကစားသမားတစ်ဦး။

- Advertisement -

ခရစ္စတယ်ပဲလေ့စ်နဲ့ ယူနိုက်တက်ပွဲအပြီးမှာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီက ပရိသတ်တွေကို ကိုယ်လက်အမူအရာနဲ့ ဆဲဆိုပြီး အသင်းဘတ်စ်ကားပေါ် တက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ ရာသီနောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ အဆိုပါပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ကာဗာနီက အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒါဟာ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ကာဗာနီအနေနဲ့ ဥရောပမှာပဲ ဆက်ရှိမလား ဒါမှမဟုတ် တောင်အမေရိကကို ပြန်မလား ဆုံးဖြတ်ရတော့မှာပါ။

ဒါပေမယ့် သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲကတော့ မသာယာခဲ့ပါဘူး။ ကာဗာနီတယောက် ပွဲအပြီး အသင်းဘတ်စ်ကားဆီအသွားမှာ ကြိုတင်စောင့်ဆိုင်းနေတဲ့ ပရိသတ်အချို့က ကာဗာနီကို အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။ ကာဗာနီကတော့ ဒီလိုမျိုး ဝေဖန်မှုတွေကို ပြတ်ပြတ်သားသားပဲ လက်ခလယ်ထောင်ပြပြီး တုံ့ပြန်သွားခဲ့ပါတယ်။

ကာဗာနီဟာ ကားအနားကို ရောက်ရှိလာတဲ့အချိန်မှာ ပရိသတ်အုပ်ထဲကို သုံးကြိမ်တိတိ လက်ခလယ်ထောင်ပြပြီးမှ ကားပေါ်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားပေါ်ရောက်သွားပြီးချိန်မှာလည်း ကာဗာနီက ပရိသတ်အုပ်ထဲကို လက်ညှိုးထိုးကာ ရန်တွေ့ပြောကြားခဲ့ပါသေးတယ်။

- Advertisement -

အသင်းက ရလဒ်ဆိုးနေချိန်မှာ ကစားသမားကပါ ဒီလိုမျိုး တုံ့ပြန်ခဲ့တာဟာ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အသင်းဘတ်စ်ကားဘေးနားမှာရှိနေတဲ့ ပရိသတ်တွေက ကာဗာနီကို ဘယ်လိုမျိုး လှောင်ပြောင်ခဲ့တယ်၊ ကာဗာနီက ဘယ်လိုစကားလုံးမျိုးနဲ့ တုံ့ပြန်ခဲ့တယ်ဆိုတာတော့ ကွဲကွဲပြားပြား မသိရှိရပါဘူး။

<Unicode Version>

- Advertisement -

 

 

 

ပရိသတ္ကို အႀကိမ္ႀကိမ္ဆဲဆိုသြားခဲ့တဲ့ ယူနိုက္တက္ကစားသမားတစ္ဦး။

ခရစၥတယ္ပဲေလ့စ္နဲ႔ ယူနိုက္တက္ပြဲအၿပီးမွာ ယူနိုက္တက္တိုက္စစ္မႉး ကာဗာနီက ပရိသတ္ေတြကို ကိုယ္လက္အမူအရာနဲ႔ ဆဲဆိုၿပီး အသင္းဘတ္စ္ကားေပၚ တက္သြားခဲ့တယ္လို႔ သိရွိရပါတယ္။ ယူနိုက္တက္ရဲ႕ ရာသီေနာက္ဆုံးပြဲအျဖစ္ ကစားခဲ့တဲ့ အဆိုပါပြဲမွာ ခရစၥတယ္ပဲေလ့စ္က ၁-၀ ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။

ဒီပြဲမွာ ကာဗာနီက အသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခဲ့ၿပီး ဒါဟာ သူ႕အတြက္ ယူနိုက္တက္ကစားသမားဘဝ ေနာက္ဆုံးပြဲစဥ္လည္း ျဖစ္ပါတယ္။ ဒီပြဲအၿပီးမွာ ကာဗာနီအေနနဲ႔ ဥေရာပမွာပဲ ဆက္ရွိမလား ဒါမွမဟုတ္ ေတာင္အေမရိကကို ျပန္မလား ဆုံးျဖတ္ရေတာ့မွာပါ။

ဒါေပမယ့္ သူ႕ရဲ႕ယူနိုက္တက္ကစားသမားဘဝ ေနာက္ဆုံးပြဲကေတာ့ မသာယာခဲ့ပါဘူး။ ကာဗာနီတေယာက္ ပြဲအၿပီး အသင္းဘတ္စ္ကားဆီအသြားမွာ ႀကိဳတင္ေစာင့္ဆိုင္းေနတဲ့ ပရိသတ္အခ်ိဳ႕က ကာဗာနီကို ေအာ္ဟစ္ေဝဖန္ခဲ့ၾကပါတယ္။ ကာဗာနီကေတာ့ ဒီလိုမ်ိဳး ေဝဖန္မႈေတြကို ျပတ္ျပတ္သားသားပဲ လက္ခလယ္ေထာင္ျပၿပီး တုံ႔ျပန္သြားခဲ့ပါတယ္။

ကာဗာနီဟာ ကားအနားကို ေရာက္ရွိလာတဲ့အခ်ိန္မွာ ပရိသတ္အုပ္ထဲကို သုံးႀကိမ္တိတိ လက္ခလယ္ေထာင္ျပၿပီးမွ ကားေပၚတက္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကားေပၚေရာက္သြားၿပီးခ်ိန္မွာလည္း ကာဗာနီက ပရိသတ္အုပ္ထဲကို လက္ညႇိုးထိုးကာ ရန္ေတြ႕ေျပာၾကားခဲ့ပါေသးတယ္။

- Advertisement -

အသင္းက ရလဒ္ဆိုးေနခ်ိန္မွာ ကစားသမားကပါ ဒီလိုမ်ိဳး တုံ႕ျပန္ခဲ့တာဟာ ယူနိုက္တက္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ျဖစ္ခဲ့ပါတယ္။ အသင္းဘတ္စ္ကားေဘးနားမွာရွိေနတဲ့ ပရိသတ္ေတြက ကာဗာနီကို ဘယ္လိုမ်ိဳး ေလွာင္ေျပာင္ခဲ့တယ္၊ ကာဗာနီက ဘယ္လိုစကားလုံးမ်ိဳးနဲ႔ တုံ႔ျပန္ခဲ့တယ္ဆိုတာေတာ့ ကြဲကြဲျပားျပား မသိရွိရပါဘူး။

<Zawgyi Version>

 

#Soshwe

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × two =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...