မိန်းမ ၉ ယောက်ရှိပြီး ကလေးယူဖို့ပါ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း သူ့မိန်းမ ၉ ယောက်ထဲက တစ်ယောက်နဲ့ကွားရှင်းပြီးနောက် ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်မော်ဒယ် Arthur O Urso ဟာ ဇနီးသည်များ စိတ်ကျေနပ်စေရန် လိင်ဆက်ဆံမှု ပြုလုပ်ပေမယ့်လည်း နောက်ထပ် အမျိုးသမီးနှစ်ဦးနှင့် လက်ထပ်လိုကြောင်း ပြောကြားပြီးနောက်မှာတော့ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းသတင်းအဖြစ် ပါဝင်လာခဲ့ပါတယ်။
Arthur ဟာ Sao Paulo ရှိ ကက်သလစ်ဘုရားကျောင်းမှာ သူရဲ့ပထမဇနီး Luana Kazaki အပါအဝင် အခြားအမျိုးသမီးများနှင့် တရားဝင်ပေါင်းစည်းခဲ့ပါတယ်။ သို့သော် ဘရာဇီးမှာ မိန်းမများစွာယူခြင်းက တရားမဝင်ဖြစ်တာကြောင့် ၄င်းတို့လက်ထပ်ထိမ်းမြားတာဟာ တရားဝင် မဖြစ်ခဲ့ပါဘူး။ “ဒါတွေအားလုံးရဲ့ ကောင်းတဲ့အချက်က ကျွန်တော့်ဇနီးသည်တွေမှာ ကလေးရှိလာနိုင်ဖို့ပါပဲ၊ ကလေးက လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာမှာပါ” လို့ Arthur က Jam Press သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်တော့်မှာ အချစ်ဆုံးဇနီးမရှိဘူး၊ ကျွန်တော်တို့က သဘာဝအတိုင်းဖြစ်သွားဖို့ပါပဲ” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာသာရဲ့အဆိုအရ မိန်းမ ၈ ယောက်ထဲက တချို့သူတွေဟာ မိခင်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး မတူညီတဲ့ ခံစားချက်များရှိကာ အချို့မှာ ကလေးယူလိုစိတ်မရှိသေးကြောင်း သိရပါတယ်။ သို့သော် အခြားသူများမှာ အဖွဲ့ထဲသို့ ကလေးတစ်ဦး ကြိုဆိုမည့်အလားအလာအတွက် ပီတိဖြစ်နေကြပါတယ်။ “ကျွန်တော် အရမ်းစိုးရိမ်တာကို ဖုံးကွယ်ထားလို့မရပါဘူး၊ သူတို့အားလုံးက အဲဒါကို စိတ်အားထက်သန်ကြတယ်” “သားဦးလေးရောက်လာချိန် တခြားသူတွေကလည်း ဒီအခြေအနေကို မြင်ပြီးရင် သူတို့လည်း ထပ်တူခံစားချင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့်အခုတော့ First Come, First Served ပေါ့ ” ဆိုပြီး အာသာက ပြောကြားခဲ့ပါတယ်။ လက်ရှိချိန်အချိန်မှာတော့ အာသာဟာ မိန်းမ ၈ ယောက်ရှိပြီး နောက်ထပ်မိန်းမ ၂ ယောက်နဲ့ ကလေးယူဖို့အတွက် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
<Unicode Version>
မိန္းမ ၉ ေယာက္ ပိုင္ဆိုင္ထားတဲ့ ဘရာဇီးေမာ္ဒယ္။
မိန္းမ ၉ ေယာက္ရွိၿပီး ကေလးယူဖို႔ပါ စီစဥ္ေနတဲ့ အမ်ိဳးသားတစ္ဦးဟာ ဘယ္သူနဲ႔ ကေလးအရင္ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ ဒီကိစၥကိုလည္း သူ႕မိန္းမ ၉ ေယာက္ထဲက တစ္ေယာက္နဲ႕ကြားရွင္းၿပီးေနာက္ ေျပာၾကားခ့ဲတာျဖစ္ပါတယ္။ ဘရာဇီးလ္ေမာ္ဒယ္ Arthur O Urso ဟာ ဇနီးသည္မ်ား စိတ္ေက်နပ္ေစရန္ လိင္ဆက္ဆံမႈ ျပဳလုပ္ေပမယ့္လည္း ေနာက္ထပ္ အမ်ိဳးသမီးႏွစ္ဦးႏွင့္ လက္ထပ္လိုေၾကာင္း ေျပာၾကားၿပီးေနာက္မွာေတာ့ သတင္းစာေတြရဲ႕ ေခါင္းႀကီးပိုင္းသတင္းအျဖစ္ ပါဝင္လာခ့ဲပါတယ္။
Arthur ဟာ Sao Paulo ရွိ ကက္သလစ္ဘုရားေက်ာင္းမွာ သူရဲ႕ပထမဇနီး Luana Kazaki အပါအဝင္ အျခားအမ်ိဳးသမီးမ်ားႏွင့္ တရားဝင္ေပါင္းစည္းခဲ့ပါတယ္။ သို႔ေသာ္ ဘရာဇီးမွာ မိန္းမမ်ားစြာယူျခင္းက တရားမဝင္ျဖစ္တာေၾကာင့္ ၄င္းတို႔လက္ထပ္ထိမ္းျမားတာဟာ တရားဝင္ မျဖစ္ခဲ့ပါဘူး။ “ဒါေတြအားလုံးရဲ႕ ေကာင္းတဲ့အခ်က္က ကၽြန္ေတာ့္ဇနီးသည္ေတြမွာ ကေလးရွိလာနိုင္ဖို႔ပါပဲ၊ ကေလးက လူတိုင္းရဲ႕ ခ်စ္ျခင္းေမတၱာေတြနဲ႔ ႀကီးျပင္းလာမွာပါ” လို႔ Arthur က Jam Press သတင္းဌာနသို႔ ေျပာၾကားခဲ့ပါတယ္။ ဒီလိုျဖစ္ဖို႔အတြက္ ကၽြန္ေတာ့္မွာ အခ်စ္ဆုံးဇနီးမရွိဘူး၊ ကၽြန္ေတာ္တို႔က သဘာဝအတိုင္းျဖစ္သြားဖို႔ပါပဲ” ဆိုၿပီး ထပ္ေလာင္းေျပာၾကားခ့ဲပါတယ္။
အာသာရဲ႕အဆိုအရ မိန္းမ ၈ ေယာက္ထဲက တခ်ိဳ႕သူေတြဟာ မိခင္ျဖစ္ျခင္းႏွင့္ပတ္သက္ၿပီး မတူညီတဲ့ ခံစားခ်က္မ်ားရွိကာ အခ်ိဳ႕မွာ ကေလးယူလိုစိတ္မရွိေသးေၾကာင္း သိရပါတယ္။ သို႔ေသာ္ အျခားသူမ်ားမွာ အဖြဲ႕ထဲသို႔ ကေလးတစ္ဦး ႀကိဳဆိုမည့္အလားအလာအတြက္ ပီတိျဖစ္ေနၾကပါတယ္။ “ကၽြန္ေတာ္ အရမ္းစိုးရိမ္တာကို ဖုံးကြယ္ထားလို႔မရပါဘူး၊ သူတို႔အားလုံးက အဲဒါကို စိတ္အားထက္သန္ၾကတယ္” “သားဦးေလးေရာက္လာခ်ိန္ တျခားသူေတြကလည္း ဒီအေျခအေနကို ျမင္ၿပီးရင္ သူတို႔လည္း ထပ္တူခံစားခ်င္ၾကလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္အခုေတာ့ First Come, First Served ေပါ့ ” ဆိုၿပီး အာသာက ေျပာၾကားခဲ့ပါတယ္။ လက္ရွိခ်ိန္အခ်ိန္မွာေတာ့ အာသာဟာ မိန္းမ ၈ ေယာက္ရွိၿပီး ေနာက္ထပ္မိန္းမ ၂ ေယာက္နဲ႕ ကေလးယူဖို႔အတြက္ အစီအစဥ္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။
‘
<Zawgyi Version>
#Soshwe
#soshwelifestyle
#soshweforyourdailylife
#likeandshare