Tana Torajan လူမျိုးလို့ခေါ်တဲ့ တောင်ပေါ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ ဟိုးရှေးခေတ်ကတည်းနေထိုင်ကြပြီး ထူးခြားလှပတဲ့အိမ်ပုံစံ၊ ရင်သပ်ရှုမောဖွယ်ရာ ကျွန်းအလှအပတွေအပြင် ထူးခြားတဲ့ အသုဘအခမ်းအနားကြောင့် တစ်ကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေရဲ့အာရုံစိုက်မှုကို ရရှိထားကြပါတယ်။
တိုရာဂျန်လူမျိုးတွေဟာ ဘိုးဘွားဘီဘင်တွေကို အရမ်းဂရုစိုက်ကြသူတွေ ဖြစ်ပါတယ်။ အသက်ရှင်နေစဉ်မှာတင်မကပဲ သေဆုံးပြီးချိန်ထိတောင် ဘိုးဘွားတွေအနေနဲ့ နောက်ဘဝမှာ မျက်နှာမငယ်ရအောင် စဉ်းစားပေးကြသူတွေလည်း ဖြစ်ပါတယ်။ အဲ့လိုမျိုးနောက်ဘဝကို အရမ်းအလေးအနက်ထားကြတဲ့လူမျိုးစုဟာ ရှေးခေတ်ကတည်းက ကျင်းပလာခဲ့တဲ့ အသုဘအလေ့အထကို အခုချိန်ထိ ထိန်းသိမ်းထားကြဆဲ ဖြစ်ပါတယ်။
ဘိုးဘွားတစ်ယောက်ဆုံးရှုံးသွားရင် ၄င်းတို့အနေနဲ့ ချက်ချင်းသင်္ဂြိုလ်ခြင်းမလုပ်ဘဲ အလောင်းကိ နှစ်တွေအကြာကြီးအထိ သိမ်းထားတတ်ကြပါတယ်။ အသုဘအခမ်းအနားစတင်တော့မယ်ဆိုရင်လည်း အလောင်းကို ရေမိုးချိုးသန့်စင်ပေးပြီး လူတွေအများကြီးဝိုင်းမကာ စင်အကြီးကြီးတစ်ခုပေါ်ကို တင်ကြပါတယ်။
တိုရာဂျန်လူမျိုးတွေရဲ့ အသုဘအခမ်းအနားတွေမှာ အရေးအပါဆုံးအရာကတော့ ကျွဲတွေပဲဖြစ်ပါတယ်။ သူတို့အတွက်တော့ ကျွဲနဲ့သေခြင်း၊ သေခြင်းတရားနဲ့ကျွဲဟာ ခွဲမရတဲ့အရာနှစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ သေဆုံးပြီးချိန် ဘယ်နေရာကိုမှ မထွက်သွားပဲ ကျန်ရစ်ခဲ့သူတွေကို ပြန်စောင့်ရှောက်ကြတယ်လို့ ယုံကြည်ကြပြီး နတ်ပြည်မတက်နိုင်ခင်မှာ အေးအေးဆေးဆေးစောင့်ရှောက်နိုင်ဖို့ ကျွဲတွေကို ယဇ်ပူဇော်ပေးကြပါတယ်။ အဲ့လိုပူဇော်ရာမှာလည်း တစ်ကောင် ၊ နှစ်ကောင်တည်းမဟုတ်ပဲ ကျွဲအကောင်ရေဆယ်နဲ့ချီပြီးတော့ကို ယဇ်ပူဇော်တာဖြစ်လို့ ၄င်းတို့ရဲ့အသုဘအခမ်းအနားတွေဟာ အမြဲတမ်း သွေးသံတရဲရဲနဲ့ ဖြစ်နေတတ်ကြပါတယ်။
ငွေကုန်ကြေးကျလည်းများတာကြောင့် အလောင်းတွေကို ချက်ချင်းမသင်္ဂြိုလ်ပဲ ပိုက်ဆံစုပြီးမှ ယဇ်ပူဇော်ပွဲ ပြုလုပ်ကြတာ များပါတယ်။ ကျွဲအကောင်ရေ များရင်များသလို သေဆုံးသူကနတ်ပြည်မှာ ကောင်းကောင်းမွန်မွန်နေရမယ်ဆိုတဲ့ အယူရှိတာကြောင့် တတ်နိုင်ရင်တတ်နိုင်သလောက် ကျွဲအကောင်ရေပေါင်းများစွာကို စတေးပစ်ကြပါတယ်။
ကျွဲတွေကို လည်လှီးယဇ်ပူဇော်ပြီးရင် တစ်ရွာလုံးကရှိသမျှလူတွေက အမဲဖျက်ပြီး မျှဝေစားသောက်ကြကာ တချို့အခမ်းအနားတွေမှာ ကျွဲတွေသုံးဖို့ ပိုက်ဆံမလောက်ရင် ဝက်တွေကိုပါ အသုံးပြုကြပါတယ်။ အလောင်းတွေကိုလည်း သင်္ဂြိုလ်ခြင်းမလုပ်ဘဲ အဝတ်အစားတွေနဲ့ သေချာပြင်ဆင်ပေးပြီး ရွာထဲမှာရှိတဲ့ အဆောက်အဦးတစ်ခုထဲမှာပဲ သိမ်းထားတတ်ကြကာ နှစ်တွေကြာသွားရင်တောင် အလောင်းကို ပြန်ဖော်ပြီး သန့်ရှင်းရေး လုပ်ပေးတတ်ကြပါသေးတယ်။
တိုရာဂျန်တွေဟာ ကျွဲတွေကို အရမ်းချစ်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်။ အိမ်တွေကိုလည်း ယဇ်ပူဇော်ထားတဲ့ကျွဲတွေရဲ့ ချိုတွေ၊ သားရေတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ကျွဲတစ်ကောင်ဝနေရင်တောင် လမ်းကူလျှောက်ပေးတာတွေ၊ အစာကို လက်နဲ့ကိုယ်တိုင်ခွံကျွေးတာတွေ၊ ကိုယ့်လုံးကို အမွှေးနံ့သာတွေနဲ့ လိမ်းခြယ်ပေးတာတွေအထိ ဂရုစိုက်တတ်ကြပါတယ်။
တကယ်တမ်းယဇ်ပူဇော်ဖို့အချိန်ရောက်ရင်လည်း တချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိပါဘူး။ ထူးဆန်းတာကတော့ အလောင်းတွေရော၊ ထူးခြားတဲ့သင်္ဂြိုလ်ပုံတွေရော၊ ကျွဲပေါင်းများစွာကို သတ်ဖြတ်တာတွေကအစ ကြောက်စရာမကောင်းပဲ အံ့ဩစရာအတွေ့အကြုံတစ်ခုလို့ ထင်မှတ်ရတာပဲဖြစ်ပါတယ်။
<Unicode Version>
ကမၻာေပၚက ေၾကာက္စရာအေကာင္းဆုံး ရိုးရာအသုဘအခမ္းအနား။
Tana Torajan လူမ်ိဳးလို႕ေခၚတ့ဲ ေတာင္ေပၚသားေတြဟာ အင္ဒိုနီးရွားနိုင္ငံ၊ ဆူလာေဝစီကၽြန္းေပၚမွာ ေနထိုင္ၾကတဲ့ လူမ်ိဳးစုျဖစ္ပါတယ္။ ဟိုးေရွးေခတ္ကတည္းေနထိုင္ၾကၿပီး ထူးျခားလွပတဲ့အိမ္ပုံစံ၊ ရင္သပ္ရႈေမာဖြယ္ရာ ကၽြန္းအလွအပေတြအျပင္ ထူးျခားတဲ့ အသုဘအခမ္းအနားေၾကာင့္ တစ္ကမၻာလုံးက ခရီးသြားဧည့္သည္ေတြရဲ႕အာ႐ုံစိုက္မႈကို ရရွိထားၾကပါတယ္။
တိုရာဂ်န္လူမ်ိဳးေတြဟာ ဘိုးဘြားဘီဘင္ေတြကို အရမ္းဂ႐ုစိုက္ၾကသူေတြ ျဖစ္ပါတယ္။ အသက္ရွင္ေနစဥ္မွာတင္မကပဲ ေသဆုံးၿပီးခ်ိန္ထိေတာင္ ဘိုးဘြားေတြအေနနဲ႕ ေနာက္ဘဝမွာ မ်က္ႏွာမငယ္ရေအာင္ စဥ္းစားေပးၾကသူေတြလည္း ျဖစ္ပါတယ္။ အဲ့လိုမ်ိဳးေနာက္ဘဝကို အရမ္းအေလးအနက္ထားၾကတဲ့လူမ်ိဳးစုဟာ ေရွးေခတ္ကတည္းက က်င္းပလာခဲ့တဲ့ အသုဘအေလ့အထကို အခုခ်ိန္ထိ ထိန္းသိမ္းထားၾကဆဲ ျဖစ္ပါတယ္။
ဘိုးဘြားတစ္ေယာက္ဆုံးရႈံးသြားရင္ ၄င္းတို႕အေနနဲ႕ ခ်က္ခ်င္းသၿဂႋဳလ္ျခင္းမလုပ္ဘဲ အေလာင္းကိ ႏွစ္ေတြအၾကာႀကီးအထိ သိမ္းထားတတ္ၾကပါတယ္။ အသုဘအခမ္းအနားစတင္ေတာ့မယ္ဆိုရင္လည္း အေလာင္းကို ေရမိုးခ်ိဳးသန႔္စင္ေပးၿပီး လူေတြအမ်ားႀကီးဝိုင္းမကာ စင္အႀကီးႀကီးတစ္ခုေပၚကို တင္ၾကပါတယ္။
တိုရာဂ်န္လူမ်ိဳးေတြရဲ႕ အသုဘအခမ္းအနားေတြမွာ အေရးအပါဆုံးအရာကေတာ့ ကၽြဲေတြပဲျဖစ္ပါတယ္။ သူတို႔အတြက္ေတာ့ ကၽြဲနဲ႔ေသျခင္း၊ ေသျခင္းတရားနဲ႔ကၽြဲဟာ ခြဲမရတဲ့အရာႏွစ္ခုပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူတစ္ေယာက္ဟာ ေသဆုံးၿပီးခ်ိန္ ဘယ္ေနရာကိုမွ မထြက္သြားပဲ က်န္ရစ္ခဲ့သူေတြကို ျပန္ေစာင့္ေရွာက္ၾကတယ္လို႔ ယုံၾကည္ၾကၿပီး နတ္ျပည္မတက္နိုင္ခင္မွာ ေအးေအးေဆးေဆးေစာင့္ေရွာက္နိုင္ဖို႔ ကၽြဲေတြကို ယဇ္ပူေဇာ္ေပးၾကပါတယ္။ အဲ့လိုပူေဇာ္ရာမွာလည္း တစ္ေကာင္ ၊ ႏွစ္ေကာင္တည္းမဟုတ္ပဲ ကၽြဲအေကာင္ေရဆယ္နဲ႔ခ်ီၿပီးေတာ့ကို ယဇ္ပူေဇာ္တာျဖစ္လို႕ ၄င္းတို႔ရဲ႕အသုဘအခမ္းအနားေတြဟာ အျမဲတမ္း ေသြးသံတရဲရဲနဲ႔ ျဖစ္ေနတတ္ၾကပါတယ္။
ေငြကုန္ေၾကးက်လည္းမ်ားတာေၾကာင့္ အေလာင္းေတြကို ခ်က္ခ်င္းမသၿဂႋဳလ္ပဲ ပိုက္ဆံစုၿပီးမွ ယဇ္ပူေဇာ္ပြဲ ျပဳလုပ္ၾကတာ မ်ားပါတယ္။ ကၽြဲအေကာင္ေရ မ်ားရင္မ်ားသလို ေသဆုံးသူကနတ္ျပည္မွာ ေကာင္းေကာင္းမြန္မြန္ေနရမယ္ဆိုတဲ့ အယူရွိတာေၾကာင့္ တတ္နိုင္ရင္တတ္နိုင္သေလာက္ ကၽြဲအေကာင္ေရေပါင္းမ်ားစြာကို စေတးပစ္ၾကပါတယ္။
ကၽြဲေတြကို လည္လွီးယဇ္ပူေဇာ္ၿပီးရင္ တစ္ရြာလုံးကရွိသမၽွလူေတြက အမဲဖ်က္ၿပီး မၽွေဝစားေသာက္ၾကကာ တခ်ိဳ႕အခမ္းအနားေတြမွာ ကၽြဲေတြသုံးဖို႔ ပိုက္ဆံမေလာက္ရင္ ဝက္ေတြကိုပါ အသုံးျပဳၾကပါတယ္။ အေလာင္းေတြကိုလည္း သၿဂႋဳလ္ျခင္းမလုပ္ဘဲ အဝတ္အစားေတြနဲ႔ ေသခ်ာျပင္ဆင္ေပးၿပီး ရြာထဲမွာရွိတဲ့ အေဆာက္အဦးတစ္ခုထဲမွာပဲ သိမ္းထားတတ္ၾကကာ ႏွစ္ေတြၾကာသြားရင္ေတာင္ အေလာင္းကို ျပန္ေဖာ္ၿပီး သန႔္ရွင္းေရး လုပ္ေပးတတ္ၾကပါေသးတယ္။
တိုရာဂ်န္ေတြဟာ ကၽြဲေတြကို အရမ္းခ်စ္ၾကတဲ့လူမ်ိဳးေတြျဖစ္ပါတယ္။ အိမ္ေတြကိုလည္း ယဇ္ပူေဇာ္ထားတဲ့ကၽြဲေတြရဲ႕ ခ်ိဳေတြ၊ သားေရေတြနဲ႔ အလွဆင္တတ္ၾကပါတယ္။ ကၽြဲတစ္ေကာင္ဝေနရင္ေတာင္ လမ္းကူေလၽွာက္ေပးတာေတြ၊ အစာကို လက္နဲ႔ကိုယ္တိုင္ခြံေကၽြးတာေတြ၊ ကိုယ့္လုံးကို အေမႊးနံ့သာေတြနဲ႔ လိမ္းျခယ္ေပးတာေတြအထိ ဂ႐ုစိုက္တတ္ၾကပါတယ္။
တကယ္တမ္းယဇ္ပူေဇာ္ဖို႔အခ်ိန္ေရာက္ရင္လည္း တခ်က္ကေလးမွ တြန႔္ဆုတ္ျခင္းမရွိပါဘူး။ ထူးဆန္းတာကေတာ့ အေလာင္းေတြေရာ၊ ထူးျခားတဲ့သၿဂႋဳလ္ပုံေတြေရာ၊ ကၽြဲေပါင္းမ်ားစြာကို သတ္ျဖတ္တာေတြကအစ ေၾကာက္စရာမေကာင္းပဲ အံ့ဩစရာအေတြ႕အၾကဳံတစ္ခုလို႕ ထင္မွတ္ရတာပဲျဖစ္ပါတယ္။
<Zawgyi Version>
#soshwe
#soshwelifestyle
#soshweforyourdailylife
#likeandshare