Breaking News

မိုးကြိုးအပစ်ခံရပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့တဲ့ ၁၅ နှစ်အရွယ် မိန်းကလေး။

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦး  နေအိမ်မှာနေထိုင်နေရင်း မိုးကြိုးထိမှန်ခဲ့တဲ့ အဖြစ်အပျက်တခု ဖြစ်ပွားခဲ့ပါတယ်။ အသက် (၁၅) နှစ်အရွယ် Giana Scaramuzzo ရဲ့ နေအိမ်ဟာ မိုးကြိုးပစ်ခံရတဲ့ အနည်းဆုံးငါးအိမ်ထဲမှာ ပါဝင်ခဲ့ပြီး ဒေသခံသတင်းဌာန WTAE ရဲ့ဖော်ပြချက်အရ မိုးကြိုးပစ်ခံရတဲ့ Scaramuzzo ရဲ့ လက်သန်းလေးကနေ ဘယ်ဘက်ခြေထောက်ဆီ မိုးကြိုးဖြတ်သန်းသွားကြောင်း သိရှိခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ Scaramuzzo တစ်ယောက် သူမ,အဆင်ပြေကြောင်းနှင့် ဆေးမှူးများက ကုသပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဆရာဝန်တွေဟာ ပုံမှန်ဖြစ်နေတဲ့ သူမရဲ့သွေးပေါင်ချိန်ကို စစ်ဆေးပြီး နှလုံးမှထုတ်ပေးတဲ့ လျှပ်စစ်လှုပ်ရှားမှုကို တိုင်းတာတဲ့ electrocardiogram ရဲ့ရလဒ်များကို ဒေသဆိုင်ရာဆေးရုံသို့ ပေးပို့ခဲ့ပါတယ်။ WTAE ရဲ့ဖော်ပြချက်အရ Scaramuzzo တစ်ယောက် “မိုးခြိမ်းသံ ကျယ်လောင်စွာကြားရပြီးချိန် လျှပ်စီးကြောင်းကို မြင်ရပြီး မှန်ထဲက ရောင်ပြန်ဟပ်တာကို မြင်တွေ့လိုက်ရတာမို့ ရုတ်တရက် တုန်လှုပ်သွားသလို ခံစားရပါတယ်။ သမီးလက်သန်းလေးထဲကနေ ခန္ဓာကိုယ်ကိုဖြတ်ကာ ခြေထောက်ကနေ စီးထွက်သွားပါတယ်။” ဆိုပြီး သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မိုးကြိုးပစ်မှုကြောင့် Scaramuzzo ရဲ့နေအိမ်မှာ အပေါက်ကြီးတစ်ခုကျန်ခဲ့ပြီး အနီးနားရှိ အိမ်ရာအများအပြား ပျက်စီးခဲ့ပါတယ်။

ဒါပေမယ့် မီးလောင်ကျွမ်းမှုတော့မရှိဘူးလို့ ဒေသခံမီးသတ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုလအစောပိုင်းက အိုကလာဟိုးမားရှိ တိုက်ခန်းတစ်ခန်းမှ အိမ်သာတစ်လုံး မိုးကြိုးပစ်ခံရပြီးနောက် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ Newsweek သတင်းဌာနရဲ့ဖော်ပြချက်အရ မိုးကြိုးပစ်ခံရသူ ၁၀ ရာခိုင်နှုန်းခန့်ဟာ နှလုံးရောဂါကြောင့် သေဆုံးကြတယ်လို့ သိရှိရပါတယ်။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ လူများအား မိုးကြိုးပစ်နေစဉ် အိမ်ထဲမှာနေရန်နှင့် ကြိုးတပ်ထားတဲ့ဖုန်းများကို ပိတ်ထားရန် ကွန်ပျူတာ သို့မဟုတ် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးမပြုရန် အကြံပြုထားပါတယ်။ လူများကို ပြတင်းပေါက်များ၊ တံခါးများနဲဲ့ ဝေးဝေးနေရန် ၊ ရေချိုးခန်းအပြင် အခြားပိုက်လိုင်းများနဲ့လည်း ဝေးဝေးနေရန် အကြံပြုထားပါတယ်။

<Unicode Version>

 

 

မိုးႀကိဳးအပစ္ခံရေပမယ့္လည္း ကံေကာင္းေထာက္မစြာနဲ႕ အသက္ရွင္ခဲ့တဲ့ ၁၅ ႏွစ္အရြယ္ မိန္းကေလး။

အေမရိကန္ျပည္ေထာင္စု Pennsylvania ျပည္နယ္မွာေနထိုင္တ့ဲ ဆယ္ေက်ာ္သက္အရြယ္မိန္းကေလးတစ္ဦး  ေနအိမ္မွာေနထိုင္ေနရင္း မိုးႀကိဳးထိမွန္ခဲ့တဲ့ အျဖစ္အပ်က္တခု ျဖစ္ပြားခ့ဲပါတယ္။ အသက္ (၁၅) ႏွစ္အရြယ္ Giana Scaramuzzo ရဲ႕ ေနအိမ္ဟာ မိုးႀကိဳးပစ္ခံရတဲ့ အနည္းဆုံးငါးအိမ္ထဲမွာ ပါဝင္ခဲ့ၿပီး ေဒသခံသတင္းဌာန WTAE ရဲ႕ေဖာ္ျပခ်က္အရ မိုးႀကိဳးပစ္ခံရတ့ဲ Scaramuzzo ရဲ႕ လက္သန္းေလးကေန ဘယ္ဘက္ေျခေထာက္ဆီ မိုးႀကိဳးျဖတ္သန္းသြားေၾကာင္း သိရွိခဲ့ရပါတယ္။ ကံေကာင္းေထာက္မစြာနဲ႕ပဲ Scaramuzzo တစ္ေယာက္ သူမ,အဆင္ေျပေၾကာင္းႏွင့္ ေဆးမွဴးမ်ားက ကုသေပးခဲ့တယ္လို႕ သိရွိရပါတယ္။

ဆရာ၀န္ေတြဟာ ပုံမွန္ျဖစ္ေနတဲ့ သူမရဲ႕ေသြးေပါင္ခ်ိန္ကို စစ္ေဆးၿပီး ႏွလုံးမွထုတ္ေပးတဲ့ လၽွပ္စစ္လႈပ္ရွားမႈကို တိုင္းတာတဲ့ electrocardiogram ရဲ႕ရလဒ္မ်ားကို ေဒသဆိုင္ရာေဆး႐ုံသို႔ ေပးပို႔ခဲ့ပါတယ္။ WTAE ရဲ႕ေဖာ္ျပခ်က္အရ Scaramuzzo တစ္ေယာက္ “မိုးၿခိမ္းသံ က်ယ္ေလာင္စြာၾကားရၿပီးခ်ိန္ လၽွပ္စီးေၾကာင္းကို ျမင္ရၿပီး မွန္ထဲက ေရာင္ျပန္ဟပ္တာကို ျမင္ေတြ႕လိုက္ရတာမို႔ ႐ုတ္တရက္ တုန္လႈပ္သြားသလို ခံစားရပါတယ္။ သမီးလက္သန္းေလးထဲကေန ခႏၶာကိုယ္ကိုျဖတ္ကာ ေျခေထာက္ကေန စီးထြက္သြားပါတယ္။” ဆိုၿပီး သူမရဲ႕ခံစားခ်က္ကို ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။ မိုးႀကိဳးပစ္မႈေၾကာင့္ Scaramuzzo ရဲ႕ေနအိမ္မွာ အေပါက္ႀကီးတစ္ခုက်န္ခဲ့ၿပီး အနီးနားရွိ အိမ္ရာအမ်ားအျပား ပ်က္စီးခဲ့ပါတယ္။

ဒါေပမယ့္ မီးေလာင္ကၽြမ္းမႈေတာ့မရွိဘူးလို႔ ေဒသခံမီးသတ္ဌာနက သတင္းထုတ္ျပန္ခ့ဲပါတယ္။ ယခုလအေစာပိုင္းက အိုကလာဟိုးမားရွိ တိုက္ခန္းတစ္ခန္းမွ အိမ္သာတစ္လုံး မိုးႀကိဳးပစ္ခံရၿပီးေနာက္ ယခုျဖစ္ရပ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ Newsweek သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ မိုးႀကိဳးပစ္ခံရသူ ၁၀ ရာခိုင္ႏႈန္းခန႔္ဟာ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးၾကတယ္လို႕ သိရွိရပါတယ္။ မိမိကိုယ္ကို ကာကြယ္ရန္အတြက္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ (CDC) မွ လူမ်ားအား မိုးႀကိဳးပစ္ေနစဥ္ အိမ္ထဲမွာေနရန္ႏွင့္ ႀကိဳးတပ္ထားတဲ့ဖုန္းမ်ားကို ပိတ္ထားရန္ ကြန္ပ်ဴတာ သို႔မဟုတ္ အီလက္ထရြန္နစ္ပစၥည္းမ်ားကို အသုံးမျပဳရန္ အႀကံျပဳထားပါတယ္။ လူမ်ားကို ျပတင္းေပါက္မ်ား၊ တံခါးမ်ားနဲဲ႕ ေဝးေဝးေနရန္ ၊ ေရခ်ိဳးခန္းအျပင္ အျခားပိုက္လိုင္းမ်ားနဲ႕လည္း ေဝးေဝးေနရန္ အႀကံျပဳထားပါတယ္။

<Zawgyi Version>

 

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

သိပ္ပံပညာရှင်တွေဟာ အသစ်အသစ်တွေကို အမြဲတမ်းရှာဖွေလေ့လာနေကြပြီး ဒီတစ်ခေါက်မှာလည်း လူဦးခေါင်းထဲမှာရှိနေတဲ့ အင်္ဂါအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူသားတွေရဲ့ ဦးခေါင်းထဲမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ အင်္ဂါတစ်ခုကို အခုချိန်မှတွေ့ရှိခဲ့ခြင်းက သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါအင်္ဂါအသစ်ဟာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro