ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ချက်ရှိုင်းယားဒေသက Gym တခုမှာ တလ ၂၂၅ ပေါင် ပေးသွင်းပြီး လေ့ကျင့်ခန်းပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်ကြောင့် ချက်ရှိုင်းယားဒေသခံတွေကြားမှာ အံ့အားသင့်မှုတွေဖြစ်ခဲ့ရပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း၊ နေအိမ်မှာ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်တဲ့အပြင် အဆိုပါ Gym မှာလည်း သွားရောက်ပြီး လေ့ကျင့်နေတာလို့ ဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ချက်ရှိုင်းယားရဲ့ အဆင့်မြင့်ဧရိယာအတွင်းက Cpase ကလပ်မှာ ပုံမှန်မြင်တွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါကလပ်ကတော့ ဘောလုံးသမားတွေ စိတ်ကြိုက်တွေ့တဲ့နေရာလို့ သိရပြီး ရော်နယ်ဒိုရဲ့ ပူးပေါင်းမှုက အားလုံးကို မှင်သက်စေခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့အတူ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာလည်း လိုက်ပါလာတယ်လို့သိရပြီး အင်စတာဂရမ်မှာ ရော်နယ်ဒိုဖော်ပြခဲ့တဲ့ သူ့ရဲ့သားနဲ့ပုံက အဆိုပါ Gym မှာ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကစားသမားဘဝမှာ အခြားသူတွေထက် ပိုမိုကြိုးစားအားထုတ်ပြီး ခန္ဓာကိုယ်ကို အကောင်းဆုံးဖြစ်နေစေဖို့ ရော်နယ်ဒိုက အားထုတ်လေ့ရှိသူ ဖြစ်ပါတယ်။
အခုလိုမျိုး ရော်နယ်ဒိုဘက်က အားထုတ်နေတာဟာ လာမယ့်ရာသီမှာ တန်ဟက်ဂျ်လက်အောက် အဓိက,ကစားသမားအဖြစ်နဲ့ ဆက်လက်ကစားနိုင်ဖို့ဖြစ်တယ်လို့ ပရိသတ်တွေ ယူဆနေကြပါတယ်။ တန်ဟက်ဂျ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို အဓိကကစားသမားအဖြစ်နဲ့ အသုံးပြုမယ်လို့ အရိပ်အမြွက် ပြောဆိုထားချိန်မှာ ပေါ်တူဂီသားက နည်းပြသစ်ရောက်လာချိန်မှာ သူ့ဘက်က လစ်ဟာမှုမရှိအောင် ပြင်ဆင်နေတာလို့လည်း သိရပါတယ်။
<Unicode Version>
နည္းျပအသစ္နဲ႕အဆင္ေျပေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေနတဲ့ ေရာ္နယ္ဒို။
ယူနိုက္တက္တိုက္စစ္မႉးေရာ္နယ္ဒိုဟာ ခ်က္ရွိုင္းယားေဒသက Gym တခုမွာ တလ ၂၂၅ ေပါင္ ေပးသြင္းၿပီး ေလ့က်င့္ခန္းျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ ခ်က္ရွိုင္းယားေဒသခံေတြၾကားမွာ အံ့အားသင့္မႈေတြျဖစ္ခဲ့ရၿပီး ေပၚတူဂီသားဟာ ယူနိုက္တက္ရဲ႕ ေလ့က်င့္ခန္း၊ ေနအိမ္မွာ ကိုယ္ပိုင္ေလ့က်င့္ခန္းေတြလုပ္တဲ့အျပင္ အဆိုပါ Gym မွာလည္း သြားေရာက္ၿပီး ေလ့က်င့္ေနတာလို႔ ဆိုပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုကို ခ်က္ရွိုင္းယားရဲ႕ အဆင့္ျမင့္ဧရိယာအတြင္းက Cpase ကလပ္မွာ ပုံမွန္ျမင္ေတြ႕ေနရတယ္လို႔ သိရပါတယ္။ အဆိုပါကလပ္ကေတာ့ ေဘာလုံးသမားေတြ စိတ္ႀကိဳက္ေတြ႕တဲ့ေနရာလို႔ သိရၿပီး ေရာ္နယ္ဒိုရဲ႕ ပူးေပါင္းမႈက အားလုံးကို မွင္သက္ေစခဲ့တာလည္း ျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႔အတူ သူ႕ရဲ႕ခ်စ္သူျဖစ္တ့ဲ ေဂ်ာ္ဂ်ီနာလည္း လိုက္ပါလာတယ္လို႔သိရၿပီး အင္စတာဂရမ္မွာ ေရာ္နယ္ဒိုေဖာ္ျပခဲ့တဲ့ သူ႕ရဲ႕သားနဲ႔ပုံက အဆိုပါ Gym မွာ ရိုက္ကူးထားတာလည္း ျဖစ္ပါတယ္။ ကစားသမားဘ၀မွာ အျခားသူေတြထက္ ပိုမိုႀကိဳးစားအားထုတ္ၿပီး ခႏၶာကိုယ္ကို အေကာင္းဆုံးျဖစ္ေနေစဖို႔ ေရာ္နယ္ဒိုက အားထုတ္ေလ့ရွိသူ ျဖစ္ပါတယ္။
အခုလိုမ်ိဳး ေရာ္နယ္ဒိုဘက္က အားထုတ္ေနတာဟာ လာမယ့္ရာသီမွာ တန္ဟက္ဂ်္လက္ေအာက္ အဓိက,ကစားသမားအျဖစ္နဲ႔ ဆက္လက္ကစားနိုင္ဖို႔ျဖစ္တယ္လို႕ ပရိသတ္ေတြ ယူဆေနၾကပါတယ္။ တန္ဟက္ဂ်္ကိုယ္တိုင္ကလည္း ေရာ္နယ္ဒိုကို အဓိကကစားသမားအျဖစ္နဲ႔ အသုံးျပဳမယ္လို႔ အရိပ္အႁမြက္ ေျပာဆိုထားခ်ိန္မွာ ေပၚတူဂီသားက နည္းျပသစ္ေရာက္လာခ်ိန္မွာ သူ႕ဘက္က လစ္ဟာမႈမရွိေအာင္ ျပင္ဆင္ေနတာလို႔လည္း သိရပါတယ္။
<Zawgyi Version>
#soshwe
#soshwesport
#soshweforyourdailylife
#likeandshare