Breaking News

Apple ကိုကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးဖြစ်လာတဲ့ ကုမ္ပဏီကြီးတစ်ခု။

Bloomberg သတင်းအရ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရေနံနဲ့ လောင်စာဈေး တက်လာခဲ့ရာကနေ ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီ Saudi Aramco ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ရောက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ကာလရှည် ရပ်တည်ခဲ့တဲ့ Apple ကုမ္ပဏီဟာ မေလ ၁၁ ရက်နေ့မှာ နယူးယော့ခ်စတော့အိတ်ချိန် NYSE မှာ ရှယ်ယာဈေး ၃.၉% ထိုးကျသွားခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီဂုဏ်ထူးကို လွှဲပြောင်းပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ဆော်ဒီရေနံကုမ္ပဏီ Saudi Aramco ရဲ့ ရှယ်ယာဈေး ၂၇% ထိုးတက်လာချိန်မှာ Apple ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်ရဲ့ ၅ လအတွင်း ရှယ်ယာဈေး ၁၆% အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ ရှိပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ Apple ဟာ Supply Chain စိန်ခေါ်မှု ၊ ငွေကြေးဖောင်းပွမှုနဲ့ စားသုံးသူယုံကြည်မှု ကျဆင်းလာခြင်းတွေကြောင့် ဒီတစ်ပတ်အတွင်းမှာ ရှယ်ယာဈေး ထိုးကျရာကနေ ကုမ္ပဏီတန်ဖိုး ဒေါ်လာဘီလျံ ၂၀၀ အထိ ကျဆင်းသွားခဲ့တယ်လို့ CNBC သတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိ Apple ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂.၃၇ ထရီလီယံ ရှိနေပြီး Saudi Aramco ကုမ္ပဏီကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၄၃ ထရီလီယံကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ Aramco အနေနဲ့ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Apple ကို ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Apple ဟာ ၂၀၂၀ ခုနှစ်မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၈၄ ထရီလျံ ရောက်ရှိခဲ့ပြီးနောက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် Saudi Aramco ကို ကျော်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

<Unicode Version>

 

 

 

Apple ကိုေက်ာ္တက္ၿပီး ကမာၻ႕တန္ဖိုးအႀကီးဆုံးျဖစ္လာတ့ဲ ကုမၸဏီႀကီးတစ္ခု။

Bloomberg သတင္းအရ လက္ရွိေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ေရနံနဲ႔ ေလာင္စာေဈး တက္လာခဲ့ရာကေန ေဆာ္ဒီအာေရဗ် ေရနံကုမၸဏီ Saudi Aramco ဟာ ကမၻာ့တန္ဖိုးအႀကီးဆုံး ကုမၸဏီအျဖစ္ ေရာက္လာခဲ့တယ္လို႔ သိရွိရပါတယ္။ ကမၻာ့တန္ဖိုးအႀကီးဆုံး ကုမၸဏီအျဖစ္ ကာလရွည္ ရပ္တည္ခဲ့တဲ့ Apple ကုမၸဏီဟာ ေမလ ၁၁ ရက္ေန႔မွာ နယူးေယာ့ခ္စေတာ့အိတ္ခ်ိန္ NYSE မွာ ရွယ္ယာေဈး ၃.၉% ထိုးက်သြားခဲ့ၿပီး ကမၻာ့တန္ဖိုးအႀကီးဆုံးကုမၸဏီဂုဏ္ထူးကို လႊဲေျပာင္းေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ေဆာ္ဒီေရနံကုမၸဏီ Saudi Aramco ရဲ႕ ရွယ္ယာေဈး ၂၇% ထိုးတက္လာခ်ိန္မွာ Apple ကုမၸဏီဟာ ၂၀၂၂ ခုႏွစ္ရဲ႕ ၅ လအတြင္း ရွယ္ယာေဈး ၁၆% အထိ က်ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၂ ႏွစ္ဆန္းပိုင္းက ေဈးကြက္တန္ဖိုး ေဒၚလာ ၃ ထရီလီယံ ရွိၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တဲ့ Apple ဟာ Supply Chain စိန္ေခၚမႈ ၊ ေငြေၾကးေဖာင္းပြမႈနဲ႔ စားသုံးသူယုံၾကည္မႈ က်ဆင္းလာျခင္းေတြေၾကာင့္ ဒီတစ္ပတ္အတြင္းမွာ ရွယ္ယာေဈး ထိုးက်ရာကေန ကုမၸဏီတန္ဖိုး ေဒၚလာဘီလ်ံ ၂၀၀ အထိ က်ဆင္းသြားခဲ့တယ္လို႔ CNBC သတင္းက ေဖာ္ျပခ့ဲပါတယ္။

လက္ရွိ Apple ကုမၸဏီရဲ႕ ေဈးကြက္တန္ဖိုးဟာ ေဒၚလာ ၂.၃၇ ထရီလီယံ ရွိေနၿပီး Saudi Aramco ကုမၸဏီကေတာ့ ေဈးကြက္တန္ဖိုး ေဒၚလာ ၂.၄၃ ထရီလီယံကို ေရာက္လာခဲ့တယ္လို႔ ဆိုပါတယ္။ Aramco အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ Apple ကို ေက်ာ္တက္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ Apple ဟာ ၂၀၂၀ ခုႏွစ္မွာ ေဈးကြက္တန္ဖိုး ေဒၚလာ ၁.၈၄ ထရီလ်ံ ေရာက္ရွိခဲ့ၿပီးေနာက္ ကမၻာ့တန္ဖိုးအႀကီးဆုံးကုမၸဏီအျဖစ္ Saudi Aramco ကို ေက်ာ္တက္ခဲ့တာလည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

YouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro