Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်ပါတယ်။ “အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ ဒီလူတွေက ထုတ်လုပ်ရေးပိုင်းမှာ ယုံကြည်မှု ခိုင်မာကြသူတွေလည်း ဖြစ်တယ်။” လို့ Financial Times နဲ့ အင်တာဗျူးတစ်ခုမှာ အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။
“ဒီလူတွေက (တရုတ်နိုင်ငံသားတွေ) သန်းခေါင်သန်းလွဲ မအိပ်မနေ ကြိုးစားတဲ့ အဆင့်တင် မဟုတ်ဘူး။ မနက် ၃ နာရီအထိတောင် အလုပ်လုပ်ချင်စိတ် ပြင်းပြနေတယ်ဆိုတဲ့ လူမျိုးတွေပါ။ စက်ရုံလို အလုပ်မျိုးမှာတောင် စွန့်ခွာခြင်း မရှိပါဘူး။ အမေရိကန်က လူတွေကတော့ အလုပ်ကိုသွားဖို့ပျင်းနေတာနဲ့ အလုပ်ပျက်ဖို့အတွက်လောက်ပဲ စဉ်းစားနေကြတယ်” လို့ မတ်စ်က ပြောပါတယ်။
မတ်စ်ဟာ ဝီရိယကြီးပြီး အလုပ်ကြိုးစားသူတစ်ဦးဖြစ်တယ်ဆိုတာ အကုန်လုံးသိပြီးသားဖြစ်မှာပါ။ ၂၀၁၈ ခုနှစ်အတွင်း Tesla Model 3 အတွက် ထုတ်လုပ်ရေးအကြပ်အတည်းဆိုက်ချိန်က သူကိုယ်တိုင် ကားစက်ရုံကြမ်းပြင်မှာ အိပ်စက်ပြီး အလုပ်လုပ်ခဲ့တာပါ။ အဲ့ဒီအချိန်က သူဟာ “ကုမ္ပဏီထဲက ဘယ်သူထက်မဆို ကျွန်တော့်အခြေအနေက ပိုခက်ခဲတာပဲ ဖြစ်ချင်ပါတယ်။ သူတို့ ထိခိုက်နာကျင်တိုင်း ကျွန်တော့်ဒဏ်ရာက ပိုဆိုးတာပဲ ဖြစ်ပါစေ” လို့ Bloomberg ကို ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမှာရှိတဲ့ Tesla Shanghai Gigafactory ကားစက်ရုံဟာ ကိုဗစ်ကပ်ကြောင့် ၃ ပတ်ကြာ ပိတ်ထားရပြီးနောက် ဝန်ထမ်းတွေအနေနဲ့ စက်ရုံထဲ ညအိပ်ပြီး အလုပ်ဆင်းခဲ့ရပါတယ်။ တစ်ပတ် ၁ ရက်နား တစ်ရက် ၁၂ နာရီ အလုပ်ချိန်အစီအစဉ်နဲ့ တရုတ်နိုင်ငံ Tesla ကားစက်ရုံမှာ ထုတ်လုပ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ကုမ္ပဏီဟာ ဝန်ထမ်းတွေအတွက် စက်ရုံထဲ ညအိပ်ဖို့ Sleeping Bag နဲ့ စားစရာနေစရာ ၊ အသုံးစရိတ်တွေ ထောက်ပံ့ခဲ့ပါတယ်။
တရုတ်ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမှုကို ချီးကျူးရာမှာ မတ်စ်ဟာ ဒီဖြစ်ရပ်ကို ပြန်ရည်ညွှန်းလိုပုံ ရပါတယ်။ အမေရိကန်ဝန်ထမ်းတွေကတော့ Tesla ရဲ့ သတ်မှတ်အလုပ်ချိန်ဟာ ပျမ်းမျှ အမေရိကန်ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ထက် ပိုခိုင်းတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
<Unicode Version>
အေမရိကန္ေတြကို ျပစ္တင္ေျပာဆိုလိုက္တ့ဲ အီလြန္မတ္စ္
Tesla နဲ႔ SpaceX အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္စ္က နိုင္ငံသားေတြရဲ႕ လုပ္အားေၾကာင့္ တ႐ုတ္နိုင္ငံဟာ အလြန္အားေကာင္းတဲ့ ကုမၸဏီတခ်ိဳ႕ ထြက္ေပၚလာမယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ “အလြန္ေတာ္သေလာက္ အလုပ္ႀကိဳးစားၾကတဲ့ တ႐ုတ္နိုင္ငံသားေတြအမ်ားႀကီးပဲ။ ဒီလူေတြက ထုတ္လုပ္ေရးပိုင္းမွာ ယုံၾကည္မႈ ခိုင္မာၾကသူေတြလည္း ျဖစ္တယ္။” လို႔ Financial Times နဲ႔ အင္တာဗ်ဴးတစ္ခုမွာ အီလြန္မတ္စ္က ေျပာၾကားခဲ့ပါတယ္။
“ဒီလူေတြက (တ႐ုတ္နိုင္ငံသားေတြ) သန္းေခါင္သန္းလြဲ မအိပ္မေန ႀကိဳးစားတဲ့ အဆင့္တင္ မဟုတ္ဘူး။ မနက္ ၃ နာရီအထိေတာင္ အလုပ္လုပ္ခ်င္စိတ္ ျပင္းျပေနတယ္ဆိုတဲ့ လူမ်ိဳးေတြပါ။ စက္႐ုံလို အလုပ္မ်ိဳးမွာေတာင္ စြန႔္ခြာျခင္း မရွိပါဘူး။ အေမရိကန္က လူေတြကေတာ့ အလုပ္ကိုသြားဖို႔ပ်င္းေနတာနဲ႕ အလုပ္ပ်က္ဖို႕အတြက္ေလာက္ပဲ စဥ္းစားေနၾကတယ္” လို႔ မတ္စ္က ေျပာပါတယ္။
မတ္စ္ဟာ ဝီရိယႀကီးၿပီး အလုပ္ႀကိဳးစားသူတစ္ဦးျဖစ္တယ္ဆုိတာ အကုန္လုံးသိၿပီးသားျဖစ္မွာပါ။ ၂၀၁၈ ခုႏွစ္အတြင္း Tesla Model 3 အတြက္ ထုတ္လုပ္ေရးအၾကပ္အတည္းဆိုက္ခ်ိန္က သူကိုယ္တိုင္ ကားစက္႐ုံၾကမ္းျပင္မွာ အိပ္စက္ၿပီး အလုပ္လုပ္ခဲ့တာပါ။ အဲ့ဒီအခ်ိန္က သူဟာ “ကုမၸဏီထဲက ဘယ္သူထက္မဆို ကၽြန္ေတာ့္အေျခအေနက ပိုခက္ခဲတာပဲ ျဖစ္ခ်င္ပါတယ္။ သူတို႔ ထိခိုက္နာက်င္တိုင္း ကၽြန္ေတာ့္ဒဏ္ရာက ပိုဆိုးတာပဲ ျဖစ္ပါေစ” လို႔ Bloomberg ကို ေျပာခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလထဲမွာ တ႐ုတ္နိုင္ငံ ၊ ရွန္ဟိုင္းမွာရွိတဲ့ Tesla Shanghai Gigafactory ကားစက္႐ုံဟာ ကိုဗစ္ကပ္ေၾကာင့္ ၃ ပတ္ၾကာ ပိတ္ထားရၿပီးေနာက္ ဝန္ထမ္းေတြအေနနဲ႕ စက္႐ုံထဲ ညအိပ္ၿပီး အလုပ္ဆင္းခဲ့ရပါတယ္။ တစ္ပတ္ ၁ ရက္နား တစ္ရက္ ၁၂ နာရီ အလုပ္ခ်ိန္အစီအစဥ္နဲ႔ တ႐ုတ္နိုင္ငံ Tesla ကားစက္႐ုံမွာ ထုတ္လုပ္ေရးအရွိန္ျမႇင့္တင္ဖို႔အတြက္ ကုမၸဏီဟာ ဝန္ထမ္းေတြအတြက္ စက္႐ုံထဲ ညအိပ္ဖို႔ Sleeping Bag နဲ႔ စားစရာေနစရာ ၊ အသုံးစရိတ္ေတြ ေထာက္ပံ့ခဲ့ပါတယ္။
တ႐ုတ္ဝန္ထမ္းေတြရဲ႕ အလုပ္ႀကိဳးစားမႈကို ခ်ီးက်ဴးရာမွာ မတ္စ္ဟာ ဒီျဖစ္ရပ္ကို ျပန္ရည္ညႊန္းလိုပုံ ရပါတယ္။ အေမရိကန္ဝန္ထမ္းေတြကေတာ့ Tesla ရဲ႕ သတ္မွတ္အလုပ္ခ်ိန္ဟာ ပ်မ္းမၽွ အေမရိကန္ဝန္ထမ္းေတြရဲ႕ အလုပ္တာဝန္ထက္ ပိုခိုင္းတယ္ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။
<Zawgyi Version>
#soshwe
#soshwetech
#soshweforyourdailylife
#likeandshare