Breaking News

ဟင်းချက်ဆီကနေ လေယာဉ်လောင်စာဆီထုတ်ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခု။

အမေရိကန်နိုင်ငံ တက္ကဆက်မြောက်ပိုင်းက Dellas Fort Worth နိုင်ငံတကာလေဆိပ်ဟာ စားသောက်ဆိုင်တွေက အကြော်ဆီကို သန့်စင်ပြီး ဂျက်လောင်စာဆီအဖြစ် ပြောင်းလဲဖို့ ကြိုးစားတဲ့ ကမ္ဘာ့ပထမဆုံး အထင်ကရလေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ DFW နိုင်ငံတကာလေဆိပ်ဟာ McDonald ဆိုင်တွေက ကြော်လှော်ပြီးသား အကြော်ဆီတွေကို လေယာဉ်တွေ မောင်းနှင်ရာမှာ သုံးနိုင်မယ့် လောင်စာဆီဖြစ်အောင် ပြုပြင်နေတယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

“ခင်ဗျားက Dallas Fort Worth အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စားသောက်ဆိုင်ပိုင်ဆိုင်ပြီး ခင်ဗျားစားသောက်ဆိုင်ထဲမှာ အကြော်ကန် Fryer တစ်ခုလည်း ရှိနေမယ်ဆိုရင် ဆီကို Recycle ပြန်သုံးနေတာပဲ” လို့ DFW McDonald လုပ်ငန်းခွဲပိုင်ရှင် ချယ်လ်မာ မက်စ်ဝီလျံစ်က ပြောပါတယ်။ “အကြော်တွေ ပြန်ကြော်ဖို့ အရည်အသွေးမရှိတော့တဲ့ ဆီတွေကို တစ်နည်းနည်းနဲ့ ပြန်အသုံးချနိုင်မယ်ဆိုရင် ဒါကို ဘာလို့ မလုပ်ရမှာလဲ” လို့လည်း သူက ဆိုပါတယ်။

ဟူစတန်အခြေစိုက် Neste US Inc ရဲ့ ရေရှည်အသုံးခံလေကြောင်းဆီပိုင်းဆိုင်ရာ နည်းပညာဝန်ဆောင်မှု မန်နေဂျာဖြစ်သူ ပရာတစ်ခ် ချန်ဒုတ်ခ်ကတော့ ဟင်းချက်ဆီနဲ့ ဂျက်လောင်စာဆီတွေမှာ ပါဝင်တဲ့ ဓါတုဖွဲ့စည်းမှုက သိပ်မကွာဘူးလို့ ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ သုံးပြီးသားဆီတွေကနေ ပြန်စစ်ထုတ်ပြီး အဆီကိုအပူပေး ၊ ဟိုက်ဒရိုဂျင်ထည့်တာတွေ အဆင့်ဆင့်လုပ်ကာ ဂျက်လောင်စာဆီအဖြစ် ပြောင်းပါတယ်။

ဘယ်ဆီမဆို မော်လီကျူးနဲ့ ဟိုက်ဒရိုကာဗွန်တည်ဆောက်ပုံချင်း အတူတူပဲဖြစ်ပြီး အက်တန်တွေထုတ် ၊ သန့်စင်ရေးနည်းလမ်းတွေနဲ့ စစ်ထုတ်မှုအဆင့်ဆင့် လုပ်လိုက်မယ်ဆိုရင် ဂျက်လောင်စာဆီရဲ့ ပုံတူဓါတုပစ္စည်းတွေ ထုတ်နိုင်မယ်လို့ ချန်ဒုတ်ခ်က ပြောပါတယ်။ ချန်ဒုတ်ခ်ကတော့ အကြော်ဆီမှာ သုံးတဲ့ လောင်စာဆီဟာ အမေရိကန်အနှံ့ ဂျက်လေယာဉ်တွေမှာ သုံးနေတဲ့ တခြားဓါတ်ဆီလောင်စာတွေနဲ့ တစ်ပုံစံတည်းပဲလို့လည်း အခိုင်အမာ ဆိုပါတယ်။

DFW နိုင်ငံတကာလေဆိပ်ဟာ လစဉ် ဟင်းချက်ဆီ ပေါင် ၃၂၀၀၀ ခန့်ကို လေယာဉ်သုံးတာရှည်ခံဆီအဖြစ် ပြောင်းလဲပေးနေတယ်လို့ ဆိုပါတယ်။ ဒီလို တာရှည်ခံ လေယာဉ်သုံးအဆီကို SAF လို့ ခေါ်ပြီး Neste ကုမ္ပဏီကတော့ ဟင်းချက်ဆီကနေ ဂျက်လောင်စာပြောင်းလဲမှုနှုန်းကလည်း အားရစရာကောင်းတယ်လို့ ဆို်ပါတယ်။ Recycle ပြုလုပ်ပြီးသား ဟင်းချက်ဆီ ၁ ဂါလန်ဟာ SAF တစ်ဂါလန်ရဲ့ ၄ ပုံ ၃ ပုံခန့် ပြန်ထွက်တယ်လို့လည်း ဆိုပါတယ်။

ပြဿနာတစ်ခုက Recycled Fuel ထုတ်လုပ်မှု စရိတ်စက ကြီးမြင့်မှုဖြစ်ပြီး SAF ဈေးဟာ ပုံမှန် လေယာဉ်လောင်စာဆီထက် ၂ ဆ ကနေ ၆ ဆအထိ များတယ်လို့လည်း သိရပါတယ်။ DFW လေဆိပ်အာဏာပိုင်တွေကတော့ ဟင်းချက်ဆီကနေ လေယာဉ်လောင်စာထုတ်လုပ်တဲ့ လေဆိပ်တွေ များလေလေ SAF ဈေး ကျလာလေလေ ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

<Unicode Version>

 

 

 

ဟင္းခ်က္ဆီကေန ေလယာဥ္ေလာင္စာဆီထုတ္ေပးေနတဲ့ ကုမၸဏီႀကီးတစ္ခု။

အေမရိကန္နိုင္ငံ တကၠဆက္ေျမာက္ပိုင္းက Dellas Fort Worth နိုင္ငံတကာေလဆိပ္ဟာ စားေသာက္ဆိုင္ေတြက အေၾကာ္ဆီကို သန႔္စင္ၿပီး ဂ်က္ေလာင္စာဆီအျဖစ္ ေျပာင္းလဲဖို႔ ႀကိဳးစားတဲ့ ကမၻာ့ပထမဆုံး အထင္ကရေလဆိပ္တစ္ခုလည္း ျဖစ္ပါတယ္။ DFW နိုင္ငံတကာေလဆိပ္ဟာ McDonald ဆိုင္ေတြက ေၾကာ္ေလွာ္ၿပီးသား အေၾကာ္ဆီေတြကို ေလယာဥ္ေတြ ေမာင္းႏွင္ရာမွာ သုံးနိုင္မယ့္ ေလာင္စာဆီျဖစ္ေအာင္ ျပဳျပင္ေနတယ္လို႔ ေလဆိပ္အာဏာပိုင္ေတြက ေျပာၾကားခ့ဲပါတယ္။

“ခင္ဗ်ားက Dallas Fort Worth အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ စားေသာက္ဆိုင္ပိုင္ဆိုင္ၿပီး ခင္ဗ်ားစားေသာက္ဆိုင္ထဲမွာ အေၾကာ္ကန္ Fryer တစ္ခုလည္း ရွိေနမယ္ဆိုရင္ ဆီကို Recycle ျပန္သုံးေနတာပဲ” လို႔ DFW McDonald လုပ္ငန္းခြဲပိုင္ရွင္ ခ်ယ္လ္မာ မက္စ္ဝီလ်ံစ္က ေျပာပါတယ္။ “အေၾကာ္ေတြ ျပန္ေၾကာ္ဖို႕ အရည္အေသြးမရွိေတာ့တဲ့ ဆီေတြကို တစ္နည္းနည္းနဲ႔ ျပန္အသုံးခ်နိုင္မယ္ဆိုရင္ ဒါကို ဘာလို႔ မလုပ္ရမွာလဲ” လို႔လည္း သူက ဆိုပါတယ္။

ဟူစတန္အေျခစိုက္ Neste US Inc ရဲ႕ ေရရွည္အသုံးခံေလေၾကာင္းဆီပိုင္းဆိုင္ရာ နည္းပညာဝန္ေဆာင္မႈ မန္ေနဂ်ာျဖစ္သူ ပရာတစ္ခ္ ခ်န္ဒုတ္ခ္ကေတာ့ ဟင္းခ်က္ဆီနဲ႔ ဂ်က္ေလာင္စာဆီေတြမွာ ပါဝင္တဲ့ ဓါတုဖြဲ႕စည္းမႈက သိပ္မကြာဘူးလို႔ ေျပာပါတယ္။ ကုမၸဏီအေနနဲ႔ သုံးၿပီးသားဆီေတြကေန ျပန္စစ္ထုတ္ၿပီး အဆီကိုအပူေပး ၊ ဟိုက္ဒရိုဂ်င္ထည့္တာေတြ အဆင့္ဆင့္လုပ္ကာ ဂ်က္ေလာင္စာဆီအျဖစ္ ေျပာင္းပါတယ္။

ဘယ္ဆီမဆို ေမာ္လီက်ဴးနဲ႔ ဟိုက္ဒရိုကာဗြန္တည္ေဆာက္ပုံခ်င္း အတူတူပဲျဖစ္ၿပီး အက္တန္ေတြထုတ္ ၊ သန႔္စင္ေရးနည္းလမ္းေတြနဲ႔ စစ္ထုတ္မႈအဆင့္ဆင့္ လုပ္လိုက္မယ္ဆိုရင္ ဂ်က္ေလာင္စာဆီရဲ႕ ပုံတူဓါတုပစၥည္းေတြ ထုတ္နိုင္မယ္လို႔ ခ်န္ဒုတ္ခ္က ေျပာပါတယ္။ ခ်န္ဒုတ္ခ္ကေတာ့ အေၾကာ္ဆီမွာ သုံးတဲ့ ေလာင္စာဆီဟာ အေမရိကန္အႏွံ႕ ဂ်က္ေလယာဥ္ေတြမွာ သုံးေနတဲ့ တျခားဓါတ္ဆီေလာင္စာေတြနဲ႔ တစ္ပုံစံတည္းပဲလို႔လည္း အခိုင္အမာ ဆိုပါတယ္။

DFW နိုင္ငံတကာေလဆိပ္ဟာ လစဥ္ ဟင္းခ်က္ဆီ ေပါင္ ၃၂၀၀၀ ခန႔္ကို ေလယာဥ္သုံးတာရွည္ခံဆီအျဖစ္ ေျပာင္းလဲေပးေနတယ္လို႕ ဆိုပါတယ္။ ဒီလို တာရွည္ခံ ေလယာဥ္သုံးအဆီကို SAF လို႔ ေခၚၿပီး Neste ကုမၸဏီကေတာ့ ဟင္းခ်က္ဆီကေန ဂ်က္ေလာင္စာေျပာင္းလဲမႈႏႈန္းကလည္း အားရစရာေကာင္းတယ္လို႔ ဆို္ပါတယ္။ Recycle ျပဳလုပ္ၿပီးသား ဟင္းခ်က္ဆီ ၁ ဂါလန္ဟာ SAF တစ္ဂါလန္ရဲ႕ ၄ ပုံ ၃ ပုံခန္႕ ျပန္ထြက္တယ္လို႔လည္း ဆိုပါတယ္။

ျပႆနာတစ္ခုက Recycled Fuel ထုတ္လုပ္မႈ စရိတ္စက ႀကီးျမင့္မႈျဖစ္ၿပီး SAF ေဈးဟာ ပုံမွန္ ေလယာဥ္ေလာင္စာဆီထက္ ၂ ဆ ကေန ၆ ဆအထိ မ်ားတယ္လို႔လည္း သိရပါတယ္။ DFW ေလဆိပ္အာဏာပိုင္ေတြကေတာ့ ဟင္းခ်က္ဆီကေန ေလယာဥ္ေလာင္စာထုတ္လုပ္တဲ့ ေလဆိပ္ေတြ မ်ားေလေလ SAF ေဈး က်လာေလေလ ျဖစ္မယ္လို႔ ေမၽွာ္လင့္ထားပါတယ္။

<Zawgyi Version>

 

#Soshwe

#soshwetech

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

YouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro