Breaking News

လူအများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံနေရတဲ့ Balenciaga ရဲ့ ဒေါ်လာ ၁၈၀၀ ကျော် ဖိနပ်ဒီဇိုင်းများ။

ကမ္ဘာကျော်ဖက်ရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Balenciaga ဟာ ၂၀၂၂ ခုနှစ်အတွက် နောက်ဆုံးပေါ် ဖိနပ်ဒီဇိုင်းကို ကြေညာပြသခဲ့ပါတယ်။ အဆိုပါ ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်ဟာ ၄င်းတို့ရဲ့ Limited Edition အသစ်ဖြစ်တဲ့ ‘distressed’ ဆိုတဲ့ ဖိနပ်အမျိုးအစားကို ထုတ်ခဲ့ပြီး တခြားဖိနပ်တွေနဲ့ မတူညီဘဲ လုံးဝကွဲထွက်လို့နေပါတယ်။ သင့်ကိုမျက်စိကျစေမယ့် ဒီဖိနပ်တွေကတော့ US $1,850 (AUD$2,700၊ £1,524) တန်ကြေးရှိပါတယ်။

Balenciaga မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ဖိနပ်များကို ‘အပျက်အစီးအပြည့်ရှိတဲ့ ချည်နှင့်ရော်ဘာ’ ဖြင့် ပြုလုပ်ထားပြီး တစ်ခုလုံး စုတ်ပြဲနေတဲ့ပုံစံမျိုး ဖန်တီးပြုလုပ်ထားပါတယ်။ အမှိုက်ပုံးထဲက သင်ဆွဲထုတ်လိုက်တဲ့ တခြားဖိနပ်တွေနဲ့မတူဘဲ ဒီဖိနပ်တွေရဲ့ ထူးခြားချက်ကတော့ ဘေးတစ်ဖက်တစ်ချက်မှာ Balenciaga အမှတ်တံဆိပ်ကို ဂရပ်ဖီတီ အသွင်အပြင်နဲ့ ပြသထားတာပဲဖြစ်ပါတယ်။ ‘extra-destroyed’ ဖိနပ်ဒီဇိုင်းများကို အဖြူအမည်းဖြင့်သာ ရရှိနိုင်ပြီး အဆိုပါ limited edition ဖိနပ်တွေကို အရံ ၁၀၀ အထိသာ ရောင်းချမယ်လို့ ဆိုပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက “Balenciaga က ဖိနပ်အသစ်တစ်ရံကို ထုတ်ပေးနေပြီး လူတွေကို လှည့်စားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယအသုံးပြုသူတစ်ဦးက “Balenciaga ဟာ သူလုပ်ဖူးသမျှထဲမှာ ပုံအဆိုးဆုံးဖြစ်တဲ့ ဒီဖိနပ်တွေအတွက် ပိုက်ဆံသုံးနိုင်လောက်အောင် ဘယ်သူက မိုက်မဲနေလဲဆိုတာ သိနိုင်ဖို့ Survey အရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဆိုပြီး ရေးသားခဲ့ပါတယ်။ ကောင်းမွန်းတဲ့ Comment တွေကို လိုက်ရှာပေမယ့်လည်း လူတိုင်းက ဆိုးရားပြီး တူညီတဲ့ မှတ်ချက်တွေပဲ မန့်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

<Unicode Version>

 

 

 





<Zawgyi Version>

 

#Soshwe

#soshwenews

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

သိပ္ပံပညာရှင်တွေဟာ အသစ်အသစ်တွေကို အမြဲတမ်းရှာဖွေလေ့လာနေကြပြီး ဒီတစ်ခေါက်မှာလည်း လူဦးခေါင်းထဲမှာရှိနေတဲ့ အင်္ဂါအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူသားတွေရဲ့ ဦးခေါင်းထဲမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ အင်္ဂါတစ်ခုကို အခုချိန်မှတွေ့ရှိခဲ့ခြင်းက သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါအင်္ဂါအသစ်ဟာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro