HomeSportယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားနှစ်ယောက်ကို သတိပေးပြောကြားလိုက်တဲ့ ကာရေဂါ။

ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားနှစ်ယောက်ကို သတိပေးပြောကြားလိုက်တဲ့ ကာရေဂါ။

- Advertisement -

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခံနေရတဲ့ အင်္ဂလန်ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ ဘီလင်ဟမ်တို့ကို လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကြယ်ပွင့်တွေကို တန်ဟက်ဂျ်လက်ထက်မှာ အရခေါ်ယူသွားဖို့ ယူနိုက်တက်က ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

ဒါပေမယ့် ကာရေဂါကတော့ ယူနိုက်တက်ကို မပြောင်းရွှေ့ဖို့အတွက် အဆိုပါကစားသမားနှစ်ဦးကို သတိပေးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အသင်းတွင်းအခြေအနေတွေကြောင့် မပြောင်းရွှေ့တာက အကောင်းဆုံးပဲလို့ ကာရေဂါကဆိုခဲ့ပြီး သူသာဆိုရင် ခေါ်မယ့်အသံကြားတာနဲ့ အဝေးကို ထွက်ပြေးသွားမှာလို့လည်း ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ယူနိုက်တက်က ဝယ်ယူခဲ့တဲ့ ဘယ်ကစားသမားမဆို အိုးထရက်ဖို့ဒ်မှာ တိုးတက်လာခဲ့လားဆိုတာ စဉ်းစားရ တော်တော်ခက်ပါတယ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဘစ်စ်ကာ၊ ဆန်ချိုတို့ ယူနိုက်တက်ကို ရောက်ချိန်မှာ ဒီအသင်းက အင်္ဂလန်လူငယ်ပါရမီရှင်တွေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ခံယူထားခဲ့တာပါ၊ အခုတော့ သူတို့က အိုးထရက်ဖို့ဒ်မှာ ကစားဖို့တောင် ကြောက်ရွံ့နေပုံပါပဲ”

“ကျနော်သာ ဒီကလန်ရိုက် ဒါမှမဟုတ် ဘီလင်ဟမ်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ အင်္ဂလန်အသင်းဖော်တွေပြသနာကို စောင့်ကြည့်နေဖြစ်တယ်ဆိုရင် ယူနိုက်တက်က ခေါ်မယ်ဆိုတဲ့အသံကြားတာနဲ့ ကျနော် အဝေးကြီး ထွက်ပြေးသွားမှာပဲ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။ နည်းပြသစ်တန်ဟက်ဂျ်နဲ့ပတ်သက်ပြီးတော့လည်း သူက – “တန်ဟက်ဂျ်က အဓိကပြသနာ ၄ ခုကို ရင်ဆိုင်ရမှာပါ၊ အဲဒါတွေက ဂွာဒီယိုလာ၊ ကလော့ပ်၊ တူချယ်လ်နဲ့ ကွန်တီတို့ပါ၊ သူ ဘယ်လောက်ပဲထူးချွန်နေပါစေ၊ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေကို အနိုင်ယူပြရမှာပါ” လို့ သတိပေးခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

ယူနိုက္တက္က ေခၚယူဖို႕ စိတ္ဝင္စားေနတ့ဲ ကစားသမားႏွစ္ေယာက္ကို သတိေပးေျပာၾကားလိုက္တ့ဲ ကာေရဂါ။

မန္ခ်က္စတာယူနိုက္တက္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားခံေနရတဲ့ အဂၤလန္ကြင္းလယ္လူ ဒီကလန္ရိုက္စ္နဲ႔ ဘီလင္ဟမ္တို႔ကို လီဗာပူးလ္ကစားသမားေဟာင္း ကာေရဂါက သတိေပးေျပာဆိုမႈေတြ ျပဳလုပ္လိုက္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ ေဒါ့မြန္မွာ ေျခစြမ္းျပေနတဲ့ အဂၤလန္ၾကယ္ပြင့္ေတြကို တန္ဟက္ဂ်္လက္ထက္မွာ အရေခၚယူသြားဖို႔ ယူနိုက္တက္က ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚလ်က္ရွိပါတယ္။

ဒါေပမယ့္ ကာေရဂါကေတာ့ ယူနိုက္တက္ကို မေျပာင္းေရႊ႕ဖို႔အတြက္ အဆိုပါကစားသမားႏွစ္ဦးကို သတိေပးသြားခဲ့ပါတယ္။ ယူနိုက္တက္ရဲ႕ လက္ရွိျဖစ္ပ်က္ေနတဲ့ အသင္းတြင္းအေျခအေနေတြေၾကာင့္ မေျပာင္းေရႊ႕တာက အေကာင္းဆုံးပဲလို႔ ကာေရဂါကဆိုခဲ့ၿပီး သူသာဆိုရင္ ေခၚမယ့္အသံၾကားတာနဲ႔ အေဝးကို ထြက္ေျပးသြားမွာလို႔လည္း ေျပာဆိုခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ ၉ ႏွစ္အတြင္း ယူနိုက္တက္က ဝယ္ယူခဲ့တဲ့ ဘယ္ကစားသမားမဆို အိုးထရက္ဖို႔ဒ္မွာ တိုးတက္လာခဲ့လားဆိုတာ စဥ္းစားရ ေတာ္ေတာ္ခက္ပါတယ္၊ မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ ဘစ္စ္ကာ၊ ဆန္ခ်ိဳတို႔ ယူနိုက္တက္ကို ေရာက္ခ်ိန္မွာ ဒီအသင္းက အဂၤလန္လူငယ္ပါရမီရွင္ေတြနဲ႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနတယ္လို႔ ခံယူထားခဲ့တာပါ၊ အခုေတာ့ သူတို႔က အိုးထရက္ဖို႔ဒ္မွာ ကစားဖို႔ေတာင္ ေၾကာက္ရြံ႕ေနပုံပါပဲ”

“က်ေနာ္သာ ဒီကလန္ရိုက္ ဒါမွမဟုတ္ ဘီလင္ဟမ္သာ ျဖစ္ခဲ့မယ္ဆိုရင္၊ အဂၤလန္အသင္းေဖာ္ေတြျပသနာကို ေစာင့္ၾကည့္ေနျဖစ္တယ္ဆိုရင္ ယူနိုက္တက္က ေခၚမယ္ဆိုတဲ့အသံၾကားတာနဲ႔ က်ေနာ္ အေဝးႀကီး ထြက္ေျပးသြားမွာပဲ” လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။ နည္းျပသစ္တန္ဟက္ဂ်္နဲ႔ပတ္သက္ၿပီးေတာ့လည္း သူက – “တန္ဟက္ဂ်္က အဓိကျပသနာ ၄ ခုကို ရင္ဆိုင္ရမွာပါ၊ အဲဒါေတြက ဂြာဒီယိုလာ၊ ကေလာ့ပ္၊ တူခ်ယ္လ္နဲ႔ ကြန္တီတို႔ပါ၊ သူ ဘယ္ေလာက္ပဲထူးခၽြန္ေနပါေစ၊ ကမၻာ့အေကာင္းဆုံးနည္းျပေတြကို အနိုင္ယူျပရမွာပါ” လို႔ သတိေပးခဲ့ပါတယ္။

<Zawgyi Version>

 

- Advertisement -

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − 5 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...