HomeLifeStyleကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် အဘိုးအို။

ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် အဘိုးအို။

- Advertisement -

Borders မှ အသက် ၆၅ နှစ်အရွယ် အပြေးသမားကြီးတစ်ဦးဟာ သူ့ရဲ့အသက်အရွယ်အတွက် ကမ္ဘာ့စံချိန်ကို အောင်နိုင်ခဲ့ပါတယ်။ Hawick မှာနေထိုင်တဲ့ Alastair Walker ဟာ ပြီးခဲ့တဲ့ရက်အချို့က Grangemouth ရှိ British Masters Championships တွင် 10km အပြေးပြိုင်ပွဲကို 34m 32s နဲ့ ပန်းဝင်ခဲ့ပါတယ်။ ၆၅ နှစ်နှင့်အထက် အသက်အုပ်စုအတွက် ယခင်က တင်ရှိထားတဲ့ ကမ္ဘာ့စံချိန်ကို တစ်မိနစ်လေးနဲ့သာပြီး ချိုးဖျက်နိုင်ခဲ့တာကြောင့် အံ့ဩမိကြောင်း Walker မှ ပြောကြားခဲ့ပါတယ်။ လာမယ့်နွေရာသီ ဖင်လန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာလည်း သူ့အနေနဲ့ ရွှေတံဆိပ်ဆုအချို့ကို ရယူနိုင်ရန်အတွက် ကြိုးစားလျက်ရှိပါတယ်။ ကျန်းမာရေးအရ အချိန်အကြာကြီးအနားယူပြီးနောက် သူ့ရဲ့အသက် ၅၀ နှောင်းပိုင်းလောက်မှာမှ အခုလိုပြန်ပြေးနိုင်ခဲ့တယ်လို့ မစ္စတာ Walker က ဖွင့်ဟပြောကြားခဲ့ပါတယ်။

“ကျွန်တော်က Hawick ကဆိုတော့ Hawick က တခြားသူတွေလိုပဲ၊ ကျွန်တော် အစပိုင်းမှာ အမေရိကန် ဘောလုံး ကစားပါတယ်။ ကျွန်တော် အဲဒါကို စွန့်လွှတ်ပြီး အသက် ၂၂ နှစ်ကနေ ၃၈ နှစ် လောက်အထိ အပြေးအားကစားပဲ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် အနှစ် ၂၀ လောက် မပြေးနိုင်ခဲ့ပါဘူး၊ အသက် ၅၈ နှစ်မှာ ပြန်ပြေးခဲ့ပြီး ကြားထဲမှာ ကျန်းမာရေးအခြေအနေအရ အချိန်အတော်ကြာ အနားယူခဲ့ရပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Walker အနေနဲ့လည်း ပြိုင်ပွဲမတိုင်မီ “ကောင်းမွန်တဲ့ပုံစံ” ရှိနေတာကို သတိထားမိကြောင်းကို “ကောင်းပါတယ်၊ တစ်ဝက်လောက်တော့ မဆိုးပါဘူး၊ ဒီစံချိန်ကို ချိုးဖျက်လိုက်ရလို့လည်း ဝမ်းသာပါတယ်” လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။ “ကျွန်တော်က တစ်မိနစ်နောက်ကျသွားပြီ ထင်တာ၊ ဒါပေမယ့် တော်တော်ကံကောင်းသွားတယ်၊ ဒီလောက်နဲ့ စံချိန်တင်မယ်လို့ မထင်ထားဘူး၊ တစ်မိနစ်အသာနဲ့ စံချိန်တင်သွားခဲ့တော့ ကျွန်တော်တော်တော် အံ့ဩသွားတယ်။” ဆိုပြီး မျှဝေပြောကြားခဲ့ပါတယ်။

- Advertisement -

Hawick မှ အပြေးသမားဖြစ်တဲ့ Walker ဟာ ယခုအချိန်အထိ သူ့အတွက် အချိန်အခါကောင်းတွေ ပိုင်ဆိုင်နေပြီး ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတွင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများတွင် အောင်မြင်မှုသရဖူဆောင်းနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိလေ့ကျင့်ရေးစနစ်အနေနဲ့ တစ်ပတ်ကို မိုင် ၇၀ လောက် ပြေးနေတယ်လို့ သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

 

ကမၻာ့စံခ်ိန္ကို ခ်ိဳးဖ်က္နိုင္ခဲ့တဲ့ အသက္ ၆၅ ႏွစ္အရြယ္ အဘိုးအို။

 

Borders မွ အသက္ ၆၅ ႏွစ္အရြယ္ အေျပးသမားႀကီးတစ္ဦးဟာ သူ႕ရဲ႕အသက္အရြယ္အတြက္ ကမၻာ့စံခ်ိန္ကို ေအာင္နိုင္ခဲ့ပါတယ္။ Hawick မွာေနထိုင္တ့ဲ Alastair Walker ဟာ ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က Grangemouth ရွိ British Masters Championships တြင္ 10km အေျပးၿပိဳင္ပြဲကို 34m 32s နဲ႔ ပန္းဝင္ခဲ့ပါတယ္။ ၆၅ ႏွစ္ႏွင့္အထက္ အသက္အုပ္စုအတြက္ ယခင္က တင္ရွိထားတ့ဲ ကမၻာ့စံခ်ိန္ကို တစ္မိနစ္ေလးနဲ႔သာၿပီး ခ်ိဳးဖ်က္နိုင္ခဲ့တာေၾကာင့္ အံ့ဩမိေၾကာင္း Walker မွ ေျပာၾကားခ့ဲပါတယ္။ လာမယ့္ေႏြရာသီ ဖင္လန္နိုင္ငံမွာ က်င္းပျပဳလုပ္မယ့္ ကမၻာ့ခ်န္ပီယံၿပိဳင္ပြဲမွာလည္း သူ႕အေနနဲ႕ ေရႊတံဆိပ္ဆုအခ်ိဳ႕ကို ရယူႏိုင္ရန္အတြက္ ႀကိဳးစားလ်က္ရွိပါတယ္။ က်န္းမာေရးအရ အခ်ိန္အၾကာႀကီးအနားယူၿပီးေနာက္ သူ႕ရဲ႕အသက္ ၅၀ ေႏွာင္းပိုင္းေလာက္မွာမွ အခုလိုျပန္ေျပးနိုင္ခဲ့တယ္လို႔ မစၥတာ Walker က ဖြင့္ဟေျပာၾကားခ့ဲပါတယ္။

“ကၽြန္ေတာ္က Hawick ကဆိုေတာ့ Hawick က တျခားသူေတြလိုပဲ၊ ကၽြန္ေတာ္ အစပိုင္းမွာ အေမရိကန္ ေဘာလုံး ကစားပါတယ္။ ကၽြန္ေတာ္ အဲဒါကို စြန႔္လႊတ္ၿပီး အသက္ ၂၂ ႏွစ္ကေန ၃၈ ႏွစ္ ေလာက္အထိ အေျပးအားကစားပဲ ျပဳလုပ္ခဲ့ပါတယ္။ ကၽြန္ေတာ္ အႏွစ္ ၂၀ ေလာက္ မေျပးႏိုင္ခဲ့ပါဘူး၊ အသက္ ၅၈ ႏွစ္မွာ ျပန္ေျပးခဲ့ၿပီး ၾကားထဲမွာ က်န္းမာေရးအေျခအေနအရ အခ်ိန္အေတာ္ၾကာ အနားယူခဲ့ရပါတယ္” ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။

- Advertisement -

Walker အေနနဲ႕လည္း ၿပိဳင္ပြဲမတိုင္မီ “ေကာင္းမြန္တဲ့ပုံစံ” ရွိေနတာကို သတိထားမိေၾကာင္းကို “ေကာင္းပါတယ္၊ တစ္ဝက္ေလာက္ေတာ့ မဆိုးပါဘူး၊ ဒီစံခ်ိန္ကို ခ်ိဳးဖ်က္လိုက္ရလို႔လည္း ဝမ္းသာပါတယ္” လို႔ သူက ထပ္ေလာင္းေျပာခဲ့ပါတယ္။ “ကၽြန္ေတာ္က တစ္မိနစ္ေနာက္က်သြားၿပီ ထင္တာ၊ ဒါေပမယ့္ ေတာ္ေတာ္ကံေကာင္းသြားတယ္၊ ဒီေလာက္နဲ႔ စံခ်ိန္တင္မယ္လို႔ မထင္ထားဘူး၊ တစ္မိနစ္အသာနဲ႔ စံခ်ိန္တင္သြားခဲ့ေတာ့ ကၽြန္ေတာ္ေတာ္ေတာ္ အံ့ဩသြားတယ္။” ဆိုၿပီး မွ်ေဝေျပာၾကားခ့ဲပါတယ္။

Hawick မွ အေျပးသမားျဖစ္တ့ဲ Walker ဟာ ယခုအခ်ိန္အထိ သူ႕အတြက္ အခ်ိန္အခါေကာင္းေတြ ပိုင္ဆိုင္ေနၿပီး ဇြန္လေႏွာင္းပိုင္းႏွင့္ ဇူလိုင္လအေစာပိုင္းတြင္ ကမၻာ့ခ်န္ပီယံၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈသရဖူေဆာင္းနိုင္ရန္ ေမၽွာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူ႕ရဲ႕ လက္ရွိေလ့က်င့္ေရးစနစ္အေနနဲ႕ တစ္ပတ္ကို မိုင္ ၇၀ ေလာက္ ေျပးေနတယ္လို႕ သိရွိရပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × two =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...