HomeTechကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ နည်းပညာသူဌေးအကြောင်း။

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ နည်းပညာသူဌေးအကြောင်း။

- Advertisement -

၂၀၂၂ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်ခဲ့တဲ့ အော်စတင် ကင်းစ်လေ ရပ်ဆဲလ်ဆိုတဲ့ လူငယ်လေးဟာ ဒိတ်ဒိတ်ကြဲ နည်းပညာသမားတွေ အမြောက်အမြား မွေးထုတ်ပေးခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းကနေ ကျောင်းမပြီးဘဲ ထွက်လာကာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။

ရပ်ဆဲလ်ကို ၁၉၉၅ မတ်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ၊ Newport Beach မှာ ရှိတဲ့ Luminar Technologies Inc ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ အော်စတင် ငယ်ငယ်တုန်းက လေဆာနဲ့ အလင်းရဲ့ဂုဏ်သတ္တိ လုပ်ဆောင်ချက်တွေအကြောင်း လေ့လာတဲ့ Optics ဘာသာရပ်တွေမှာ စိတ်ဝင်စားခဲ့သူ ဖြစ်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ မောင်းသူမဲ့ကားတွေအတွက် Lidar (အလင်းထောက်လှမ်းမှုနဲ့ အကွာအဝေးတိုင်းတဲ့ အာရုံခံနည်းပညာ) ထုတ်ကုန်တွေ စတင်ဖန်တီးခဲ့ပါတယ်။

- Advertisement -

- Advertisement -

သူ့ဝါသနာဟာ သူ့ကို ချမ်းသာကြွယ်ဝတဲ့ ဘီလျံနာနည်းပညာသူဌေးကြီးအဖြစ်ကို ရောက်စေခဲ့တယ်လို့ ဆိုရမှာပါ။ အော်စတင်တစ်ယောက် ကလေးဘဝတုန်းက သူ့မိဘတွေအနေနဲ့ သူ့ကို ဖုန်းပေးမကိုင်ခဲ့တာတောင် အိမ်ပြန်ချိန် ကျောင်းဘတ်စ်ကားပေါ်မှာ WiFi သုံးပြီး program ရေးလို့ရတဲ့ device နဲ့ portable game စနစ်ကို ရေးသားခဲ့ပါတယ်။ အသက် ၁၅ နှစ်တည်းနဲ့ စာသင်ခန်းထဲမှာ မှတ်စုထုတ်ဖို့ ပုံရိပ်ယောင် Holographic ကီးဘုတ်တစ်ခု တည်ဆောက်ခဲ့ပြီး အသက် ၁၇ နှစ်မှာ အဲ့ဒီနည်းပညာအတွက် မူပိုင်ခွင့်တင်နိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင်လည်း ဖြစ်ပါတယ်။

- Advertisement -

ဆက်လက်ပြီး သူ့ကိုဘီလျံနာတစ်ယောက် ဖြစ်လာစေခဲ့တဲ့ Luminar Technologies Inc ကို ၂၀၁၂ မှာ တည်ထောင်ခဲ့ပါတယ်။ အထက်မှာရေးသားဖော်ပြခဲ့တဲ့အတိုင်း မောင်းသူမဲ့ကားတွေအတွက် အာရုံခံစနစ်တွေနဲ့ ယာဉ်လမ်းပြ Lidar နည်းပညာတွေ ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရောက်တော့ ကိုယ်ပိုင်ကုမ္ပဏီကို အာရုံစိုက်ဖို့အတွက် စတန်းဖို့ဒ်တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ် သင်ကြားနေရင်းတန်းလန်းနဲ့ ဘွဲ့မယူဘဲ ကျောင်းထွက်ခဲ့ပါတယ်။

အော်စတင်,တစ်ယောက် ကျောင်းထွက်ရတဲ့ အကြောင်းပြချက်ကလည်း ရိုးရှင်းပါတယ်။ “ကျောင်းပညာရေးက အခုလိုဖြစ်လာဖို့ မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာ ကျွန်တော်အမြဲသိတယ်။ ဘာလို့လဲဆိုရင် လောကကြီးကို အကြီးကြီး ပြောင်းလဲချင်ရင် သုတေသနဓါတ်ခွဲခန်းထဲမှာပဲ ပိတ်မိနေလို့ မဖြစ်ဘူး။ ဈေးကွက်ဝင်အောင် လုပ်ရတယ်။ ကိုယ့်အားကိုယ်ကိုးရတယ်” ဆိုပြီး သူ့ခံယူချက်ကို ပြောကြားခဲ့ပါတယ်။

Luminar Technologies ကို ၂၀၂၀ ၊ ဒီဇင်ဘာ ၃ ရက်မှာ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့ပြီး ရှယ်ယာတွေ ထုတ်ရောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Luminar Technologies ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၈.၁ ဘီလျံ တန်ဖိုးရှိခဲ့ပြီး ရှယ်ယာ ၃၅% ပိုင်ဆိုင်တဲ့ အော်စတင်ဟာ ဒေါ်လာ ၂.၄ ဘီလျံလောက် ပိုင်ဆိုင်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာ ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂.၇ ဘီလျံအထိ ရှိလာပြီဖြစ်ပါတယ်။

Luminar ရဲ့ နည်းပညာဟာ ပြိုင်ဘက်ထုတ်ကုန်တွေထက် ၁၀ ဆဝေးဝေး ထောက်လှမ်းနိုင်ပြီး ရုပ်ထွက် အဆ ၅၀ ပိုကောင်းတယ်လို့ ဆိုပါတယ်။ လောလောဆယ် ကမ္ဘာကျော် Volvo Car ကုမ္ပဏီရဲ့ ဌာနတစ်ခုနဲ့ ပူးပေါင်းပြီး ၂၀၂၂ ကစလို့ Volvo ကားတွေကို အမြန်လမ်းပေါ်မှာ လက်ထိန်းမလိုဘဲ Hands-Free မောင်းနှင်နိုင်ဖို့အတွက် Luminar နည်းပညာကို စတင်အသုံးပြုနိုင်အောင် လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

<Unicode Version>

 

ကမာၻ႕အသက္အငယ္ဆုံး ဘီလ်ံနာ နည္းပညာသူေဌးအေၾကာင္း။

 

၂၀၂၂ ခုႏွစ္ ၊ မတ္လ ၂၃ ရက္ေန႕မွာ အသက္ ၂၇ ႏွစ္ျပည့္ခ့ဲတ့ဲ ေအာ္စတင္ ကင္းစ္ေလ ရပ္ဆဲလ္ဆိုတ့ဲ လူငယ္ေလးဟာ ဒိတ္ဒိတ္ႀကဲ နည္းပညာသမားေတြ အေျမာက္အျမား ေမြးထုတ္ေပးခဲ့တဲ့ စတန္းဖို႔ဒ္တကၠသိုလ္ေက်ာင္းကေန ေက်ာင္းမၿပီးဘဲ ထြက္လာကာ ကိုယ့္ဒူးကိုယ္ခၽြန္ၿပီး ကမၻာ့အသက္အငယ္ဆုံး ဘီလ်ံနာတစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားခ့ဲပါတယ္။

ရပ္ဆဲလ္ကို ၁၉၉၅ မတ္လ ၁၃ ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုခ်ိန္မွာေတာ့ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Newport Beach မွာ ရွိတဲ့ Luminar Technologies Inc ရဲ႕ တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ လုပ္ကိုင္လ်က္ရွိပါတယ္။ ေအာ္စတင္ ငယ္ငယ္တုန္းက ေလဆာနဲ႔ အလင္းရဲ႕ဂုဏ္သတၱိ လုပ္ေဆာင္ခ်က္ေတြအေၾကာင္း ေလ့လာတဲ့ Optics ဘာသာရပ္ေတြမွာ စိတ္ဝင္စားခဲ့သူ ျဖစ္ခဲ့ပါတယ္။ အရြယ္ေရာက္လာတ့ဲအခါမွာေတာ့ ေမာင္းသူမဲ့ကားေတြအတြက္ Lidar (အလင္းေထာက္လွမ္းမႈနဲ႔ အကြာအေဝးတိုင္းတဲ့ အာ႐ုံခံနည္းပညာ) ထုတ္ကုန္ေတြ စတင္ဖန္တီးခ့ဲပါတယ္။

သူ႕ဝါသနာဟာ သူ႕ကို ခ်မ္းသာႂကြယ္ဝတဲ့ ဘီလ်ံနာနည္းပညာသူေဌးႀကီးအျဖစ္ကို ေရာက္ေစခဲ့တယ္လို႔ ဆိုရမွာပါ။ ေအာ္စတင္တစ္ေယာက္ ကေလးဘဝတုန္းက သူ႕မိဘေတြအေနနဲ႕ သူ႕ကို ဖုန္းေပးမကိုင္ခဲ့တာေတာင္ အိမ္ျပန္ခ်ိန္ ေက်ာင္းဘတ္စ္ကားေပၚမွာ WiFi သုံးၿပီး program ေရးလို႔ရတဲ့ device နဲ႔ portable game စနစ္ကို ေရးသားခ့ဲပါတယ္။ အသက္ ၁၅ ႏွစ္တည္းနဲ႔ စာသင္ခန္းထဲမွာ မွတ္စုထုတ္ဖို႔ ပုံရိပ္ေယာင္ Holographic ကီးဘုတ္တစ္ခု တည္ေဆာက္ခဲ့ၿပီး အသက္ ၁၇ ႏွစ္မွာ အဲ့ဒီနည္းပညာအတြက္ မူပိုင္ခြင့္ တင္နိုင္ခဲ့တဲ့ ဉာဏ္ႀကီးရွင္လည္း ျဖစ္ပါတယ္။

ဆက္လက္ၿပီး သူ႔ကိုဘီလ်ံနာတစ္ေယာက္ ျဖစ္လာေစခဲ့တဲ့ Luminar Technologies Inc ကို ၂၀၁၂ မွာ တည္ေထာင္ခဲ့ပါတယ္။ အထက္မွာေရးသားေဖာ္ျပခ့ဲတ့ဲအတိုင္း ေမာင္းသူမဲ့ကားေတြအတြက္ အာ႐ုံခံစနစ္ေတြနဲ႔ ယာဥ္လမ္းျပ Lidar နည္းပညာေတြ ထုတ္လုပ္ဖန္တီးခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္ေရာက္ေတာ့ ကိုယ္ပိုင္ကုမၸဏီကို အာ႐ုံစိုက္ဖို႔အတြက္ စတန္းဖို႔ဒ္တကၠသိုလ္မွာ ႐ူပေဗဒဘာသာရပ္ သင္ၾကားေနရင္းတန္းလန္းနဲ႔ ဘြဲြ႕မယူဘဲ ေက်ာင္းထြက္ခဲ့ပါတယ္။

ေအာ္စတင္,တစ္ေယာက္ ေက်ာင္းထြက္ရတဲ့ အေၾကာင္းျပခ်က္ကလည္း ရိုးရွင္းပါတယ္။ “ေက်ာင္းပညာေရးက အခုလိုျဖစ္လာဖို႔ မွန္ကန္တဲ့လမ္းေၾကာင္းမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္အျမဲသိတယ္။ ဘာလို႔လဲဆိုရင္ ေလာကႀကီးကို အႀကီးႀကီး ေျပာင္းလဲခ်င္ရင္ သုေတသနဓါတ္ခြဲခန္းထဲမွာပဲ ပိတ္မိေနလို႔ မျဖစ္ဘူး။ ေဈးကြက္ဝင္ေအာင္ လုပ္ရတယ္။ ကိုယ့္အားကိုယ္ ကိုးရတယ္” ဆိုၿပီး သူ႕ခံယူခ်က္ကို ေျပာၾကားခ့ဲပါတယ္။

Luminar Technologies ကို ၂၀၂၀ ၊ ဒီဇင္ဘာ ၃ ရက္မွာ အမ်ားပိုင္ကုမၸဏီအျဖစ္ေျပာင္းလဲခ့ဲၿပီး ရွယ္ယာေတြ ထုတ္ေရာင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Luminar Technologies ဟာ ေဈးကြက္တန္ဖိုး ေဒၚလာ ၈.၁ ဘီလ်ံ တန္ဖိုးရွိခဲ့ၿပီး ရွယ္ယာ ၃၅% ပိုင္ဆိုင္တဲ့ ေအာ္စတင္ဟာ ေဒၚလာ ၂.၄ ဘီလ်ံေလာက္ ပိုင္ဆိုင္ခဲ့ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္နဲ႔ ကမာၻ႔အသက္အငယ္ဆုံးဘီလ်ံနာ ျဖစ္လာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူ႔ရဲ႕ အသားတင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၂.၇ ဘီလ်ံအထိ ရွိလာၿပီျဖစ္ပါတယ္။

Luminar ရဲ႕ နည္းပညာဟာ ၿပိဳင္ဘက္ထုတ္ကုန္ေတြထက္ ၁၀ ဆေဝးေဝး ေထာက္လွမ္းနိုင္ၿပီး ႐ုပ္ထြက္ အဆ ၅၀ ပိုေကာင္းတယ္လို႔ ဆိုပါတယ္။ ေလာေလာဆယ္ ကမၻာေက်ာ္ Volvo Car ကုမၸဏီရဲ့ ဌာနတစ္ခုနဲ႔ ပူးေပါင္းၿပီး ၂၀၂၂ ကစလို႔ Volvo ကားေတြကို အျမန္လမ္းေပၚမွာ လက္ထိန္းမလိုဘဲ Hands-Free ေမာင္းႏွင္နိုင္ဖို႔အတြက္ Luminar နည္းပညာကို စတင္အသုံးျပဳနိုင္ေအာင္ လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႕ သိရွိရပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read