HomeTechPower Bank တစ်လုံးကို စနစ်တကျထိန်းသိမ်းနည်း။

Power Bank တစ်လုံးကို စနစ်တကျထိန်းသိမ်းနည်း။

- Advertisement -

Power Bank တွေဟာ လူတိုင်းလိုအပ်ပြီး လူတိုင်းအတွက် အသုံးဝင်တဲ့ပစ္စည်းတစ်ခုလို့ဆိုရင် မမှားပါဘူး။ ကိုယ့်လက်ထဲမှာ ဖုန်းတစ်လုံးရှိနေပြီဆိုတာနဲ့ Power bank ကလည်း လိုအပ်တဲ့ပစ္စည်းစာရင်းထဲမှာ အလိုလို ပါဝင်လာမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဆိုရင်လည်း လျှပ်စစ်မီးတွေ ပြတ်လေ့ရှိတာကြောင့် လူတိုင်းကိုယ်စီ Power Bank ကို ဆောင်ထားသင့်ပါတယ်။

Power Bank တွေဟာ အပြင်ပန်းကြည့်ရင် အကြမ်းခံတယ်၊ ကြိုက်သလိုထားလို့ရတယ်လို့ ထင်ရပေမယ့် တကယ်တော့ အထဲမှာရှိတဲ့ဘက္ထရီဟာ အထိမခံတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဘက္ထရီရဲ့ သိုလှောင်နိုင်စွမ်းဟာ သက်တမ်းကြာလာတာနဲ့အမျှ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်ပေမယ့် ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလို အသုံးပြုနိုင်တဲ့သက်တမ်းကို ဆွဲဆန့်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

- Advertisement -

Power Bank တစ်လုံးကို အပူချိန် ၅ ဒီဂရီအောက်မှာ အားမသွင်းသင့်ပဲ အပူချိန် ၄၀ ဒီဂရီအထက်မှာ အားသွင်းထားနိုင်ရင် ပိုကောင်းပါတယ်။ နောက်ပြီး အားအပြည့်ဝင်ပြီဆိုတာနဲ့ ဆက်မသွင်းတော့ပဲ ကြိုးကို ဖြုတ်ထားသင့်ပါတယ်။ အသုံးပြုတဲ့အားသွင်းခေါင်း Adaptar တွေမှာ အားအပြည့်ဝင်သွားရင် ဆက်မသွင်းပေးတော့တဲ့ Auto Cutout စနစ်ပါဝင်ရင်တော့ ပြဿနာမရှိပါဘူး။ ဖြစ်နိုင်ရင် Power Bank ကို အားအပြည့်မသွင်းပဲ ၈၀% လောက်သာ သွင်းသင့်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေနဲ့ကတော့ အားအပြည့်သွင်းမှ အဆင်ပြေနိုင်မှာပါ။

- Advertisement -

အထားအသိုပိုင်းမှာလည်း Power Bank ကိုလွတ်ကျတာတွေ ၊ ပစ်ချတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ တခြားအရာတစ်ခုခုနဲ့ ပွတ်တိုက်တာတွေ အထူးသဖြင့် သံလိုက်နဲ့ပွတ်တိုက်တာတွေ မလုပ်သင့်ပါဘူး။ ပုံမှန်ချိန်မှာဆိုရင်တော့ ၅ ဒီဂရီနဲ့ ၂၅ ဒီဂရီကြားမှာထားတာ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ပြီး အဝတ်တွေ ၊ အိပ်ယာတွေထဲမှာ Power Bank ကိုပစ်ထားတာမျိုးတွေလည်း မပြုလုပ်သင့်ပါဘူး။

- Advertisement -

Power Bank ဟာ အပူချိန်တက်လာရင် လှောင်ထားသလိုဖြစ်ပြီး အပူလွန်ကဲလာတာကို သတိထားသင့်ပါတယ်။ နောက်ပြီး အိတ်တွေထဲ ထည့်ထားရင်လည်း တခြားသတ္ထုတွေနဲ့ အတူတူထားတာမျိုးကို သတိထားသင့်ပါတယ်။ တချို့သတ္ထုတွေဟာ ဘက္ထရီကို သက်ရောက်မူရှိတာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးရှောင်ရှားရမယ့် တချက်ကတော့ Power Bank ကိုအားသွင်းနေရင်းတန်းလန်း အဲ့ကနေတဆင့် ဖုန်းကို အားမသွင်းသင့်ပါဘူး။ တချိန်တည်းမှာအဝင်ရော ၊ အထွက်ရောဖြစ်နေတာကြောင့် ဘက္ထရီအရမ်းအလုပ်ရှုပ်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။

တကယ်လို့ Power Bank အသစ်တစ်လုံးဝယ်မယ်ဆိုရင် အနိမ့်ဆုံး 10000mAH လောက်ပါတဲ့ Power Bank ကို ရွေးချယ်သင့်ပါတယ်။ Power Bank တွေဟာ သုံးပုံသုံးနည်းနဲ့ အထားအသိုပုံစံ မမှန်ကန်ရင် တာရှည်မခံတဲ့အပြင် မီးဘေးအန္တရာယ်တွေပါ ပေါ်ပေါက်လာနိုင်တာကြောင့် သတိထားသင့်တဲ့ Electric ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

<Unicode Version>

 

 

Power Bank တစ္လုံးကို စနစ္တက်ထိန္းသိမ္းနည္း။

Power Bank ေတြဟာ လူတိုင္းလိုအပ္ၿပီး လူတိုင္းအတြက္ အသုံးဝင္တဲ့ပစၥည္းတစ္ခုလို႔ဆိုရင္ မမွားပါဘူး။ ကိုယ့္လက္ထဲမွာ ဖုန္းတစ္လုံးရွိေနၿပီဆိုတာနဲ႔ Power bank ကလည္း လိုအပ္တဲ့ပစၥည္းစာရင္းထဲမွာ အလိုလို ပါဝင္လာမွာျဖစ္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာဆိုရင္လည္း လွ်ပ္စစ္မီးေတြ ျပတ္ေလ့ရွိတာေၾကာင့္ လူတိုင္းကိုယ္စီ Power Bank ကို ေဆာင္ထားသင့္ပါတယ္။

Power Bank ေတြဟာ အျပင္ပန္းၾကည့္ရင္ အၾကမ္းခံတယ္၊ ႀကိဳက္သလိုထားလို႔ရတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ အထဲမွာရွိတဲ့ဘကၳရီဟာ အထိမခံတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဘကၳရီရဲ႕ သိုေလွာင္ႏိုင္စြမ္းဟာ သက္တမ္းၾကာလာတာနဲ႔အမွ် တျဖည္းျဖည္းေလ်ာ့နည္းလာမွာျဖစ္ေပမယ့္ ကိုယ္ထိန္းသိမ္းရင္ ထိန္းသိမ္းသလို အသုံးျပဳႏိုင္တဲ့သက္တမ္းကို ဆြဲဆန႔္ထားႏိုင္မွာလည္း ျဖစ္ပါတယ္။

Power Bank တစ္လုံးကို အပူခ်ိန္ ၅ ဒီဂရီေအာက္မွာ အားမသြင္းသင့္ပဲ အပူခ်ိန္ ၄၀ ဒီဂရီအထက္မွာ အားသြင္းထားႏိုင္ရင္ ပိုေကာင္းပါတယ္။ ေနာက္ၿပီး အားအျပည့္ဝင္ၿပီဆိုတာနဲ႔ ဆက္မသြင္းေတာ့ပဲ ႀကိဳးကို ျဖဳတ္ထားသင့္ပါတယ္။ အသုံးျပဳတဲ့အားသြင္းေခါင္း Adaptar ေတြမွာ အားအျပည့္ဝင္သြားရင္ ဆက္မသြင္းေပးေတာ့တဲ့ Auto Cutout စနစ္ပါဝင္ရင္ေတာ့ ျပႆနာမရွိပါဘူး။ ျဖစ္ႏိုင္ရင္ Power Bank ကို အားအျပည့္မသြင္းပဲ ၈၀% ေလာက္သာ သြင္းသင့္ပါတယ္။ ဒါေပမယ့္ အခုလက္ရွိအေျခအေနနဲ႔ကေတာ့ အားအျပည့္သြင္းမွ အဆင္ေျပႏိုင္မွာပါ။

အထားအသိုပိုင္းမွာလည္း Power Bank ကိုလြတ္က်တာေတြ ၊ ပစ္ခ်တာေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။ တျခားအရာတစ္ခုခုနဲ႔ ပြတ္တိုက္တာေတြ အထူးသျဖင့္ သံလိုက္နဲ႔ပြတ္တိုက္တာေတြ မလုပ္သင့္ပါဘူး။ ပုံမွန္ခ်ိန္မွာဆိုရင္ေတာ့ ၅ ဒီဂရီနဲ႔ ၂၅ ဒီဂရီၾကားမွာထားတာ အေကာင္းဆုံးျဖစ္ပါတယ္။ ေနာက္ၿပီး အဝတ္ေတြ ၊ အိပ္ယာေတြထဲမွာ Power Bank ကိုပစ္ထားတာမ်ိဳးေတြလည္း မျပဳလုပ္သင့္ပါဘူး။

Power Bank ဟာ အပူခ်ိန္တက္လာရင္ ေလွာင္ထားသလိုျဖစ္ၿပီး အပူလြန္ကဲလာတာကို သတိထားသင့္ပါတယ္။ ေနာက္ၿပီး အိတ္ေတြထဲ ထည့္ထားရင္လည္း တျခားသတၳဳေတြနဲ႔ အတူတူထားတာမ်ိဳးကို သတိထားသင့္ပါတယ္။ တခ်ိဳ႕သတၳဳေတြဟာ ဘကၳရီကို သက္ေရာက္မူ ရွိတာေၾကာင့္ ျဖစ္ပါတယ္။ ေနာက္ဆုံးေရွာင္ရွားရမယ့္ တခ်က္ကေတာ့ Power Bank ကိုအားသြင္းေနရင္းတန္းလန္း အဲ့ကေနတဆင့္ ဖုန္းကို အားမသြင္းသင့္ပါဘူး။ တခ်ိန္တည္းမွာအဝင္ေရာ ၊ အထြက္ေရာျဖစ္ေနတာေၾကာင့္ ဘကၳရီအရမ္းအလုပ္ရႈပ္ၿပီး ဆိုးဆိုးဝါးဝါးထိခိုက္နိုင္တာေၾကာင့္ ျဖစ္ပါတယ္။

တကယ္လို႔ Power Bank အသစ္တစ္လုံးဝယ္မယ္ဆိုရင္ အနိမ့္ဆုံး 10000mAH ေလာက္ပါတဲ့ Power Bank ကို ေ႐ြးခ်ယ္သင့္ပါတယ္။ Power Bank ေတြဟာ သုံးပုံသုံးနည္းနဲ႕ အထားအသိုပုံစံ မမွန္ကန္ရင္ တာရွည္မခံတဲ့အျပင္ မီးေဘးအႏၲရာယ္ေတြပါ ေပၚေပါက္လာႏိုင္တာေၾကာင့္ သတိထားသင့္တဲ့ Electric ပစၥည္းတစ္ခု ျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read