HomeOtherအမေရိကန်နိုင်ငံမှ လေဘာတီရုပ်တုအကြောင်း သိကောင်းစရာ။

အမေရိကန်နိုင်ငံမှ လေဘာတီရုပ်တုအကြောင်း သိကောင်းစရာ။

- Advertisement -

လေဘာတီရုပ်တုကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ လေဘာတီကျွန်းပေါ်မှာ တည်ဆောက်ထားပြီး ကြေးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြင်သစ်ပြည်သူတွေမှ အမေရိကန်ပြည်သူတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ပြင်သစ်ပန်းပုပညာရှင် Auguste Bartholdi က ဒီဇိုင်းရေးဆွဲကာ Gustave Eiffel ကတည်ဆောက်ခဲ့ပါတယ်။

- Advertisement -

လေဘာတီရုပ်တုဟာ ရောမနတ်ဘုရားမ Libertas ကို ကိုယ်စားပြုတယ်လို့ သိရှိရပါတယ်။ ရုပ်ထုရဲ့ ညာဘက်လက်မှာ မီးတိုင်ကို ကိုင်ဆောင်ထားကာ ဘယ်ဘက်လက်မှာတော့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြေညာတဲ့နေ့စွဲဖြစ်တဲ့ ဇူလိုင်လ ၄ ရက်၊ ၁၇၇၆ ကို ရောမအက္ခရာနဲ့ “JULY IV MDCCLXXVI” လို့ ထွင်းထုထားပါတယ်။

- Advertisement -

- Advertisement -

ရုပ်ထုရဲ့ခြေထောက်မှာတော့ ချိန်းကြိုးအပျက်ကို တွေ့ရှိရမှာဖြစ်ပြီး ဒီရုပ်တုဟာ အမေရိကန်နိုင်ငံရဲ့ လွတ်မြောက်ရေးသင်္ကေတ ဖြစ်လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ လေဘာတီရုပ်တုဟာ ယူနက်စကိုမှ ပေးအပ်တဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ယူနက်စကိုရဲ့ လေဘာတီရုပ်တုကို ဖော်ပြချက်မှာ “လေဘာတီရုပ်တုဟာ လက်ရာမြောက် ရုပ်တုဖြစ်ပြီး လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျေးကျွန်စနစ်ဖျက်သိမ်းခြင်း၊ ဒီမိုကရေစီနဲ့ အခွင့်အလမ်းတွေကို ဖော်ညွှန်းပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

<Unicode Version>

 

အေမရိကန္ႏိုင္ငံမွ ေလဘာတီ႐ုပ္တုအေၾကာင္း သိေကာင္းစရာ။

ေလဘာတီ႐ုပ္တုကို အေမရိကန္နိုင္ငံ၊ နယူးေယာက္ၿမိဳ႕၊ ေလဘာတီကၽြန္းေပၚမွာ တည္ေဆာက္ထားၿပီး ေၾကးနဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ျပင္သစ္ျပည္သူေတြမွ အေမရိကန္ျပည္သူေတြကို လက္ေဆာင္ေပးတဲ့အေနနဲ႔ တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။ ျပင္သစ္ ပန္းပုပညာရွင္ Auguste Bartholdi က ဒီဇိုင္းေရးဆြဲကာ Gustave Eiffel ကတည္ေဆာက္ခဲ့ပါတယ္။

ေလဘာတီ႐ုပ္တုဟာ ေရာမနတ္ဘုရားမ Libertas ကို ကိုယ္စားျပဳတယ္လို႕ သိရွိရပါတယ္။ ရုပ္ထုရဲ႕ ညာဘက္လက္မွာ မီးတိုင္ကို ကိုင္ေဆာင္ထားကာ ဘယ္ဘက္လက္မွာေတာ့ အေမရိကန္နိုင္ငံ လြတ္လပ္ေရးေၾကညာတဲ့ေန႔စြဲျဖစ္တဲ့ ဇူလိုင္လ ၄ ရက္၊ ၁၇၇၆ ကို ေရာမအကၡရာနဲ႔ “JULY IV MDCCLXXVI” လို႕ ထြင္းထုထားပါတယ္။

ရုပ္ထုရဲ႕ေျခေထာက္မွာေတာ့ ခ်ိန္းႀကိဳးအပ်က္ကို ေတြ႕ရွိရမွာျဖစ္ၿပီး ဒီ႐ုပ္တုဟာ အေမရိကန္နိုင္ငံရဲ႕ လြတ္ေျမာက္ေရးသေကၤတ ျဖစ္လာခဲ့ပါတယ္။ ၁၉၈၄ ခုႏွစ္မွာေတာ့ ေလဘာတီ႐ုပ္တုဟာ ယူနက္စကိုမွ ေပးအပ္တ့ဲ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းဝင္ တစ္ခုအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရပါတယ္။

ယူနက္စကိုရဲ႕ ေလဘာတီ႐ုပ္တုကို ေဖာ္ျပခ်က္မွာ “ေလဘာတီ႐ုပ္တုဟာ လက္ရာေျမာက္ ႐ုပ္တုျဖစ္ၿပီး လြတ္လပ္ျခင္း၊ ၿငိမ္းခ်မ္းျခင္း၊ ေက်းကၽြန္စနစ္ဖ်က္သိမ္းျခင္း၊ ဒီမိုကေရစီနဲ႔ အခြင့္အလမ္းေတြကို ေဖာ္ညႊန္းပါတယ္” လို႕ ေရးသားေဖာ္ျပထားပါတယ္။

<Zawgyi Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read