HomeHealth & Beautyနေပူဒဏ်နဲ့ ထိတွေ့မိသူတွေ သိထားသင့်တဲ့ အချက် (၄) ချက်။

နေပူဒဏ်နဲ့ ထိတွေ့မိသူတွေ သိထားသင့်တဲ့ အချက် (၄) ချက်။

- Advertisement -

လက်ရှိအချိန် မြန်မာနိုင်ငံ၌ အပူဒဏ်ကို ခံစားနေရပြီး ပျှမ်းမျှအပူချိန်က ၄၀ ဒီဂရီ နီးပါးလောက် ရှိနေတာကြောင့် ကျန်းမာရေးထိခိုက်တဲ့ အခြေအနေကို ရောက်နိုင်ပါတယ်။ Air-con ခန်းမှာ နေတဲ့သူတွေအတွက် သိပ်မသိသာပေမယ့် အပြင်မှာ သွားလာလှုပ်ရှားနေသူတွေအတွက်ကတော့ ဒီအပူဒဏ်က သိသိသာသာ ခံစားရပါတယ်။ ဒီလိုမျိုးနေပူဒဏ်နဲ့ ထိတွေ့မိသူတွေအတွက် ဆောင်ရန် ၊ ရှောင်ရန်လေးတွေကို Soshwe က စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ သွားလေရာ နေရာတိုင်း ရေဘူးဆောင်သွားပါ။

- Advertisement -

အရမ်းပူပြင်းတဲ့အချိန်မှာ မိမိသွားတဲ့နေရာတိုင်း ရေဘူးဆောင်သွားသင့်ပါတယ်။ ချွေးထွက်များပြီး သတိလစ် မူးဝေနိုင်တာကြောင့် မကြာခဏရေသောက်ပေးဖို့ လိုအပ်ပါတယ်။ အားဖြည့်အချိုရည်နဲ့ ရေဓာတ်ပြန်ဖြည့်ပေးတဲ့ အချိုရည်တွေကိုလည်း သောက်သုံးလို့ရပါတယ်။

- Advertisement -

 

၂။ ပါးလွှာပြီး အေးတဲ့အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ပါ။

နေပူထဲထွက်တဲ့အခါ ချည်ထည်လိုမျိုး အပူစုပ်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အင်္ကျီအပွ ၊ ဘောင်းဘီအပွလိုမျိုး လေဝင်လေထွက်ကောင်းပြီး အပူကို သက်သာစေတဲ့ အဝတ်အစားတွေကို အဓိကထား ဝတ်ဆင်သင့်ပါတယ်။ အပူကို စုပ်ယူတတ်တဲ့ အမဲရောင် အဝတ်အစားတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ နေရောင်ကို အလင်းပြန်စေနိုင်တဲ့ အဖြူရောင်လိုမျိုး ကြည်လင်တဲ့ အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။

 

၃။ Sun Cream လိမ်းပါ။

အပြင်ထွက်ရင် နေရောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Sun Cream ကို မဖြစ်မနေ လိမ်းသွားသင့်သလို ထီးတို့ ၊ ဦးထုပ်တို့လို အကာအကွယ်ပစ္စည်းတွေလည်း ယူဆောင်သွားဖို့ မမေ့ပါနဲ့။

 

၄။ တစ်ရှုး၊ လက်ကိုင်ပဝါတို့ ဆောင်ထားပါ။

အရမ်းပူပြီး ချွေးတွေအများကြီးထွက်တယ်ဆိုရင် မျက်နှာ၊ လည်ပင်းနဲ့ လက်လှမ်းမှီတဲ့နေရာတို့ကို တစ်ရှုးဖြစ်ဖြစ် ၊ လက်ကိုင်ပုဝါနဲ့ဖြစ်ဖြစ် ချွေးသိပ်အောင် သုပ်ပေးသင့်ပါတယ်။ ချွေးစိုကြီးနဲ့ အကြာကြီးနေတဲ့ အခါမျိူးမှာ ချွေးနဲ့အအေးပတ်ပြီး ဖျားနာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

Soshwe ရဲ့ စာဖတ်ပရိသတ်လည်း အထက်မှာဖော်ပြပေးထားတဲ့ ဆောင်ရန် ၊ ရှောင်ရန်လေးတွေကို လိုက်နာပြီး ဒီနှစ်နွေရာသီရဲ့အပူဒဏ်ကို ကောင်းကောင်း အံတုနိုင်မှာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

ေနပူဒဏ္နဲ႔ ထိေတြ႕မိသူေတြ သိထားသင့္တဲ့ အခ်က္ (၄) ခ်က္။

လက္ရွိအခ်ိန္ ျမန္မာနိုင္ငံ၌ အပူဒဏ္ကို ခံစားေနရၿပီး ပၽွမ္းမၽွအပူခ်ိန္က ၄၀ ဒီဂရီ နီးပါးေလာက္ ရွိေနတာေၾကာင့္ က်န္းမာေရးထိခိုက္တဲ့ အေျခအေနကို ေရာက္နိုင္ပါတယ္။ Air-con ခန္းမွာ ေနတဲ့သူေတြအတြက္ သိပ္မသိသာေပမယ့္ အျပင္မွာ သြားလာလႈပ္ရွားေနသူေတြအတြက္ကေတာ့ ဒီအပူဒဏ္က သိသိသာသာ ခံစားရပါတယ္။ ဒီလိုမ်ိဳးေနပူဒဏ္နဲ႔ ထိေတြ႕မိသူေတြအတြက္ ေဆာင္ရန္ ၊ ေရွာင္ရန္ေလးေတြကို Soshwe က စာဖတ္ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။ သြားေလရာ ေနရာတိုင္း ေရဘူးေဆာင္သြားပါ။

အရမ္းပူျပင္းတဲ့အခ်ိန္မွာ မိမိသြားတ့ဲေနရာတိုင္း ေရဘူးေဆာင္သြားသင့္ပါတယ္။ ေခၽြးထြက္မ်ားၿပီး သတိလစ္ မူးေဝနိုင္တာေၾကာင့္ မၾကာခဏေရေသာက္ေပးဖို႔ လိုအပ္ပါတယ္။ အားျဖည့္အခ်ိဳရည္နဲ႕ ေရဓာတ္ျပန္ျဖည့္ေပးတ့ဲ အခ်ိဳရည္ေတြကိုလည္း ေသာက္သုံးလို႔ရပါတယ္။

 

၂။ ပါးလႊာၿပီး ေအးတ့ဲအဝတ္အစားေတြ ေရြးခ်ယ္ဝတ္ဆင္ပါ။

ေနပူထဲထြက္တဲ့အခါ ခ်ည္ထည္လိုမ်ိဳး အပူစုပ္တဲ့ အဝတ္အစားမ်ိဳးကို ေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။ အကၤ်ီအပြ ၊ ေဘာင္းဘီအပြလိုမ်ိဳး ေလဝင္ေလထြက္ေကာင္းၿပီး အပူကို သက္သာေစတ့ဲ အဝတ္အစားေတြကို အဓိကထား ဝတ္ဆင္သင့္ပါတယ္။ အပူကို စုပ္ယူတတ္တဲ့ အမဲေရာင္ အဝတ္အစားေတြကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ ေနေရာင္ကို အလင္းျပန္ေစနိုင္တဲ့ အျဖဴေရာင္လိုမ်ိဳး ၾကည္လင္တဲ့ အေရာင္မ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။

 

၃။ Sun Cream လိမ္းပါ။

အျပင္ထြက္ရင္ ေနေရာင္ဒဏ္၊ ခရမ္းလြန္ေရာင္ျခည္ဒဏ္ကို ကာကြယ္ေပးနိုင္တဲ့ Sun Cream ကို မျဖစ္မေန လိမ္းသြားသင့္သလို ထီးတို႔ ၊ ဦးထုပ္တို႔လို အကာအကြယ္ပစၥည္းေတြလည္း ယူေဆာင္သြားဖို႔ မေမ့ပါနဲ႔။

 

၄။ တစ္ရႈး၊ လက္ကိုင္ပဝါတို႔ ေဆာင္ထားပါ။

အရမ္းပူၿပီး ေခၽြးေတြအမ်ားႀကီးထြက္တယ္ဆိုရင္ မ်က္ႏွာ၊ လည္ပင္းနဲ႔ လက္လွမ္းမွီတဲ့ေနရာတို႕ကို တစ္ရႈးျဖစ္ျဖစ္ ၊ လက္ကိုင္ပုဝါနဲ႔ျဖစ္ျဖစ္ ေခၽြးသိပ္ေအာင္ သုပ္ေပးသင့္ပါတယ္။ ေခၽြးစိုႀကီးနဲ႔ အၾကာႀကီးေနတဲ့ အခါမ်ိဴးမွာ ေခၽြးနဲ႔အေအးပတ္ၿပီး ဖ်ားနာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

 

Soshwe ရဲ႕ စာဖတ္ပရိသတ္လည္း အထက္မွာေဖာ္ျပေပးထားတ့ဲ ေဆာင္ရန္ ၊ ေရွာင္ရန္ေလးေတြကို လိုက္နာၿပီး ဒီႏွစ္ေႏြရာသီရဲ႕အပူဒဏ္ကို ေကာင္းေကာင္း အံတုနိုင္မွာပဲ ျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwehealthandbeauty

#soswheforyourdailylife

# likeandshare

- Advertisement -

Must Read